ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်း

ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်း

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် အုပ်ချုပ်ရေးရေးအဖွဲ့ကို လူပုဂ္ဂိုလ် ၂၁ ဦးဖြင့် မတ် ၃ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

အဆိုပါ အုပ်ချုပ်ရေးအဖွဲ့တွင် လွှတ်တော်ကိုယ်စားလှယ်များ လေးဦး၊ ရပ်မိရပ်ဖ လေးဦး၊ CDM ကိုယ်စားပြုသူ သုံးဦး၊ ဥပဒေပညာရှင် တစ်ဦး၊ တက်ကြွလှုပ်ရှားသူ သုံးဦးနှင့် လူငယ်ကိုယ်ားပြုခြောက်ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုပြင် ဟုမ္မလင်းမြို့နယ် ဟဲခမ်းအုပ်စု သဖန်းကုန်းကျေးရွာသည် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း မတ်လ ၃ ရက်နေ့ ညနေပိုင်းကကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကြားကာလပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်ထုတ်ပြန်ချက်အရ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ဆောင်ရွက်ရန်နှင့် ရပ်ရွာအေးချမ်းသာယာရေးအား နှောက်ယှက်ဖျက်ဆီးသူများကို ကာကွယ်ရန်အတွက် ကြားကာလကျေးရွာအုပ်စု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အား ဖွဲ့စည်းခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ် မတ်၂ ရက်က ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ထုတ်ပြန်ချက်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းရန်ဆိုသော အကြောင်းအရာကို ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...