ချီဖွေတွင် ပြည်သူများ ဆန္ဒပြမည်ဆိုပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက်ယူရမည်ဆိုမည်ဟု ဆို

ချီဖွေတွင် ပြည်သူများ ဆန္ဒပြမည်ဆိုပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက်ယူရမည်ဆိုမည်ဟု ဆို
by -
မွန်းမွန်းပန် (MNJ)

ပြည်သူများ ဆက်လက် ဆန္ဒထုတ်ဖော်မည်ဆိုပါက (၄၈) နာရီအတွင်း ခွင့်ပြုမိန့်နှင့် ကြွေးကြော်မည့်စာတမ်းများကို လျှောက်ထားရမည်ဖြစ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ်အုပ်ချုပ်ရေးမှူးဆိုသူနှင့် ရဲမှူးဟုဆိုသူက ပြောဆိုကြောင်း သိရသည်။ 

 

၎င်းတို့ကချီဖွေမြို့နယ်ရှိ ဘာသာရေးသင်းအုပ်ဆရာများ၊ အုပ်ချုပ်ရေးမှူးများနှင့် ရိုးရာယဉ်ကျေးမှုကော်မတီဥက္ကဌများကို ဖေဖော်ဝါရီ နံနက် ၈ နာရီခွဲတွင် အထွေထွေအုပ်ချုပ်ရေးမှုးရုံးသို့ခေါ်ယူကာ ပြောဆိုခဲ့ခြင်းဖြစ် ကြောင်း ဒေသခံများကပြောသည်။ 

 

“သူတို့က ပစ်မိန့်နဲ့ ဖမ်းဆီမိန့်ရှိတဲ့အတွက် ဆန္ဒပြတာဆက်မလုပ်ဖို့ ပြည်သူလူထုကိုနားချပေးဖို့ လူကြီးတွေကို ပြောခဲ့တာလို့သိရပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။ 

 

ပြည်သူလူထုအနေဖြင့် သက်ဆိုင်ရာက တောင်းဆိုမှုများကို လိုက်လျောမည်မဟုတ်ကြောင်းနှင့် တစ်နိုင်ငံလုံးရှိ ပြည်သူလူထု၏ လုပ်ဆောင်ချက်များအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

“သူတို့က ချီဖွေပြည်သူတွေက တောင်ပေါ်သားဆိုပြီး အထင်သေးတဲ့သဘော သက်ရောက်ပါတယ်။ တစ်နိုင်ငံလုံးက ဆန္ဒပြပြည်သူတွေလည်း ခွင့်တောင်းတယ်ဆိုရင်တော့လုပ်မယ်။” ဟု ၎င်းက ဆက်လက်ပြောသည်။ 

 

ယင်းမြို့ရှိ ပြည်သူလူထုအနေဖြင့် ဆန္ဒပြခြင်းကို ဖေဖော်ဝါရီ ၁၁ ရက်မှစ၍ ယနေ့အထိ နေ့စဉ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...