တောင်ကြီးမြို့နေရာတစ်ချို့တွင် ဗုံးထောင်ထားဆိုသော သတင်းထွက်ပေါ် 

တောင်ကြီးမြို့နေရာတစ်ချို့တွင် ဗုံးထောင်ထားဆိုသော သတင်းထွက်ပေါ် 
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ဟိုတယ်လေးလုံးနှင့် ကိုဆန်းငွေဆိုင်ကယ်ဆိုင်တို့တွင် ဗုံးထောင်ထားကြောင်း သတင်းထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တောင်ကြီးမြို့တွင် ဖေဖော်ဝါရီ (၂၇) မနက် ၉  နာရီအချိန်တွင် အမည်မသိသူတစ်ဦးက ဖုန်းဆက်၍ ထိုနေရာများတွင် ဗုံးထောင်ထားကြောင်း သတင်းပေးပို့ခဲ့သည်ဟုဆိုကာ ရဲတပ်ဖွဲ့က ရှာဖွေမှုများ ပြုလုပ်နေရသည်ဟု ဆိုသည်။

“တောင်ကြီးမှာ ရုတ်ရုတ်သဲသဲဖြစ်တဲ့ အချိန်တိုင်း ဒီလိုဗုံးထောင်တဲ့သတင်းက အမြဲကြားနေကြတာ။ ဒီမြို့က လူတွေအသိပဲ။ ခုလည်း သူတို့ဘာရည်ရွယ်ချက်နဲ့လုပ်လဲဆိုတာ သူတို့အသိဆုံးပေါ့။ လူတွေ လမ်းပေါ်မထွက်ရဲအောင်လုပ်တဲ့ ဒီဆိုက်ဝါးတွေကို ပြည်သူတွေ အယုံအကြည်မရှိပါဘူး” ဟု တောင်ကြီးမြို့ သစ်တောရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ဗုံးထောင်ထားကြောင်း ရဲတပ်ဖွဲ့ကသတင်းရသည့် ဟိုတယ်လေးလုံးမှာ UTC၊ ဂရေ့၊ ချယ်ရီကွင်း၊ ရတနာနန်းတော်ဟိုတယ်များဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များမှ အဆိုပါ ဟိုတယ်လေးလုံးအား ဗုံးရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးအနေနှင့် တောင်ကြီးမြို့ခံပြည်သူများမှ နေ့စဉ်နှင့်အမျှ လမ်းပေါ်ထွက်ကာ ဆန္ဒပြတောင်းဆိုမှုများပြုလုပ်လျက်ရှိပြီး ၈၈ မျိုးစက်အဖွဲ့ဝင်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား ရဲတပ်ဖွဲ့မှ အကြောင်းမဲ့ ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...