ကချင်တွင် ပြန်ကြားရေးဌာနမှ ခရိုင်ဦးစီးရာရှိအပါအဝင် ဝန်ထမ်းခြောက်ဦး CDM လုပ်ဆောင်

ကချင်တွင် ပြန်ကြားရေးဌာနမှ ခရိုင်ဦးစီးရာရှိအပါအဝင် ဝန်ထမ်းခြောက်ဦး CDM လုပ်ဆောင်
by -
မွန်းမွန်းပန် (MNJ)

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ကချင်ပြည်နယ်က ဝန်ထမ်းခြောက်ဦး Civil Disobedience Movement (CDM) ကို ဖေဖော်ဝါရီ ၉ ရက်မှစတင်၍ လုပ်ဆောင်နေကြောင်း ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးထံသို့ ဖေဖော်ဝါရီ ၂၄ ရက်က တင်ပြထားကြောင်း သိရသည်။

 

တင်ပြစာတွင် ဝန်ထမ်းခြောက်ဦးလုံးသည် အလုပ်တာဝန်ထမ်းဆောင်ကာလတစ်လျှောက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ တာဝန်ဝတ္တရား ပျက်ကွက်မှုမရှိ ထမ်းဆောင်ခဲ့ကြောင်း ဖော်ပြပါရှိသည်။ 

 

လက်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုစိတ်မရှိသည့်အတွက် မိုးညှင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နှောင်း၊ ဖားကန့်မြို့နယ်ရုံးမှ ဓာတ်ပုံကျွမ်းကျင်နှစ်ဦးဖြစ်သော တာလင်းမောင်၊ ဦးထင်ကျော်ဦး၊ တနိုင်းမြို့နယ်ရုံမှ ဓါတ်ပုံကျွမ်းကျင် ဦးခွန်လင်းဦး၊ မချမ်းဘောမြို့နယ်ရုံးမှ စာ/ထောက် ဒေါ်ချန်းဒူဆားရ်နှင့် မချမ်းဘောမြို့နယ်ရုံးမှ အငယ်တန်းစာရေး  ဦးဖုန်ထိန်ဂျုံရှင်းတို့ဖြစ်ပြီး ၎င်းတို့တို့သဘောဆန္ဒအရ ပြည်သူနှင့်အတူ တစ်သားထဲရပ်တည်သွားမည်ဖြစ်ကာ ပြည်သူက ရွေးချယ်တင်မြှောက်ထားသည့် အရပ်သားအစိုးရထံ အာဏာသိမ်းစစ်ကောင်စီမှ အာဏာလွှဲပြောင်းခြင်း မပြုလုပ်သည့်ကာလပတ်လုံး လုပ်ငန်းတာဝန်များ ထမ်းဆောင်မည်မဟုတ်ကြောင်း ယင်းတင်ပြချက်တွင် ထည့်သွင်းဖော်ပြထားသည်။ 

 

ကချင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်‌ကောင်စီအား ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းများချီတက်ရာတွင် ပြည်နယ်အတွင်းရှိ အစိုးရရုံးဝန်ထမ်းများမှလည်း CDM လှုပ်ရှားမှု့တွင်ပါဝင်ကာ ပြည်သူများနှင့် တစ်သားထဲရှိကြောင်း စစ်အာဏာရှင်စနစ် ပျက်သုဥ်းရေးအတွက် 'ရုံးမတက်နဲ့... ရုန်းထွက်၊ ရုန်းထွက်' စသည့် ပိုစတာဗွီနိုင်းများကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်လျက်ရှိသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...