နိုင်ငံရေးအခြေအကြောင့် မီဇိုရမ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သူရှိလျှင် အတတ်နိုင်ဆုံးကူညီမည်ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ကတိပြု

နိုင်ငံရေးအခြေအကြောင့် မီဇိုရမ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သူရှိလျှင် အတတ်နိုင်ဆုံးကူညီမည်ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ကတိပြု

မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် နယ်စပ်မှတဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်သည့် မြန်မာနိုင်ငံသားမျာရှိပါက အတတ်နိုင်ဆုံး လက်ခံကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ပြောသည်။ 

 

အဆိုပါကိစ္စကို မီဇိုရမ်ပြည်နယ်တွင် ဖေဖော်ဝါရီ ၂၃ ရက်မှ စတင်ကျင်းပသည့် ရှစ်ကြိမ်မြောက် Assembly Budget Session လွတ်တော်အစည်းအဝေးတွင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

“မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် မြန်မာပြည်သားများဟာ အနယ်နယ်အရပ်ရပ်ကို ထွက်ပြေးတိမ်းရှောင်နေမှာကို ကျနော်တို့ အထူးစိုးရိမ်တယ်။ အကယ်၍ မြန်မာပြည်သားများအနေနဲ့ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာသူများရှိရင်တော့ မီဇိုရမ်အစိုးရအနေနဲက နွေးထွေးစွာလက်ခံမယ် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမယ်” ဟု ၎င်းကပြောသည်။  

 

အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် ပြည်သူ့အစိုးရကို တပ်မတော်က အဓမ္မအာဏာသိမ်းယူခဲ့သည့်အပေါ် ကျွန်ုပ်တို့ အထူးဝမ်းနည်းကြောင်း၊ မီဇိုရမ်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် စစ်မှန်သောဒီမိုကရေစီ ပြန်လည်ရရှိနိုင်ရေးအတွက် အထူးလိုလားကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ယခုလို ဆက်ပြောပါသည်။ 

 

“မြန်မာနိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် မီဇိုရမ်ကို ထွက်ပြေးတိမ်းရှောင်လာသူများရှိပါက မီဇိုရမ်အစိုးရအနေနဲ့က တတ်နိုင်တဲ့ဖက်ကနေ ကူညီဆောင်ရွက်သွားဖို့ အဆင်သင့်ရှိနေပြီဖြစ်တယ်။ ဒါ့အပြင် အိန္ဒိယဗဟိုအစိုးရကိုလည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားဖို့ မီဇိုရမ်အစိုးရအနေဖြင့် တိုက်တွန်းတောင်းဆိုသွားမယ်” လို့ ပြောသည်။  

 

မြန်မာနိုင်ငံကို စစ်တပ်မှအာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ ရက်ကစပြီး မီဇိုရမ်ပြည်နယ်အတွင်း မြန်မာပြည်သားများ လာရောက်ခိုလုံမှုများရှိလာနိုင်သည်ဟုဆိုကာ မီဇိုရမ်အစိုးရအနေဖြင့် လက်ခံပြီး အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားဖို့ မီဇိုရမ်ပြည်နယ် အင်အားကြီးမားသော ဒေသခံ NGO အသီးသီးများဖြစ်ကြသည့် Central Young Mizo Association, Mizo Zirlai Pawl, ZoRo, MHIP, MUP နှင့် မီဇိုရမ်ရောက် မြန်မာနိုင်ငံသား စုပေါင်းဖွဲ့စည်းထားသော NGO United for Democratic Myanmar အဖွဲ့တို့ကလည်း မီဇိုရမ်အစိုးရကို တောင်းဆိုခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...