အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသော UEC နှင့် တွေ့ဆုံဆွေးနွေးပွဲ ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတချို့ တက်ရောက်မည်

အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသော UEC နှင့် တွေ့ဆုံဆွေးနွေးပွဲ ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတချို့ တက်ရောက်မည်
by -
ခေါင်ညွယ် (KNG)

အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသော UEC နှင့် တွေ့ဆုံရန်စီစဉ်ထားကြောင်း ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများထံမှ သိရသည်။

ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသာပါတီတစ်ခုဖြစ်သည့် လီဆူအမျိုးသားတိုးတက်ဖွံ့ဖြိုးရေးပါတီ UEC နှင့် တွေ့ဆုံဆွေးနွေးပွဲအား အပြုသဘောဆောင်သည့်အနေဖြင့် တက်ရောက်မည်ဖြစ်ကြောင်း ပါတီဥက္ကဌ ဦးရွှေမင်းကပြောသည်။

“အစည်းအဝေးကျတော့ ဖိတ်စာတွေကတော့ လူမူကွန်ယက်စာမျက်နှာတွေမှာတော့ တက်နေပြီ။ ကျွန်တော်တို့ကတော့ ဖိတ်စာကတော့ ရွေးကောက်ပွဲကော်မရှင်မှာ လာယူပါဆိုတာကို သွားမယူရသေးဘူး။ ခုတွေ့ရတဲ့အနေအထားအရ ဘာကိုဆွေးနွေးမယ်ဆိုတာမျိုး ပြောထားတာမရှိတော့ ကျွန်တော်တို့အနေနဲ့လည်း ဘာမှပြင်ဆင်ထားတာမရှိဘူး။ ဒီအစည်းအဝေးကို တက်ရောက်ပေးပါဆိုတော့ တက်ရောက်မယ်။ အစည်းအဝေးမှာ ဘာတွေပြောမလဲဆိုတာကို နားထောင်ပြီးပြန်လာရုံပါဘဲ” ဆိုပြီး လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးရွှေမင်းကပြောသည်။

ကချင်ပြည်နယ် အခြေစိုက်ပါတီတစ်ခုဖြစ်သည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) သည်လည်အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသည့် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမည့်အစည်းအဝေးသို့ တက်ရောက်ရန်စီစဉ်ထားကြောင်း ယင်းပါတီမှ ဒု-ဥက္ကဌ ဦးအောင်ခမ်းကပြောသည်။

ယခုကဲ့သို့ တက်ရောက်ရန်အတွက် ပါတီတွင်း ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေးတက်ရောက်ရန် ပါတီတွင်း လက်မခံသူများရှိသော်လည်း CEC အဖွဲ့ဝင်များ၏ အများသဘောတူဆုံးဖြတ်ချက်ဖြင့် ဆုံးဖြတ်လိုက်ရခြင်းဖြစ်ကြောင်း ဒု-ဥက္ကဌ ဦးအောင်ခမ်းကပြောသည်။

"စစ်တပ်ဘက်ကလည်း ခုချိန်ထိ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းလုပ်ဆောင်နေတယ်ဆိုတဲ့အနေထားမျိုး ပြောနေတယ်။ တစ်ဖက်ကလည်း ကျွန်တော်တို့နိုင်ငံရေးပါတီဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီဖြစ်တဲ့အတွက် နိုင်ငံရေးကိုနိုင်ငံရေးအရ ညှိနိူင်းအဖြေရှာဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းလုပ်ဆောင်နေပါတယ်ဆိုတဲ့ထဲမှာ NLD ပါတီ အစိုးရဘဲဖြစ်ဖြစ် စစ်တပ်ကဖွဲ့စည်းထားတဲ့အစိုးရဖြစ်ဖြစ် ဘယ်အစိုးရဘဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့က နိုင်ငံရေး၊ တိုင်းရင်းသားအရေးကို တွေ့ဆုံဆွေးနွေးအဖြေရှာရမယ်” ဟု ပါတီဒုဥက္ကဌ ဦးအောင်ခမ်းကပြောသည်။

အဆိုပါ အစည်းအဝေးသို့တက်ရောက်ရာတွင် ပါတီမှဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသည့် ဥက္ကဌများ၊ အတွင်းရေးမှူးအဖွဲ့များ တက်ရောက်မည်မဟုတ်ဘဲ CEC အဖွဲ့ဝင်မှ တစ်ဦးတက်ရောက်ရန်လျာထားကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် လီဆူးအမျိုးသားဖွံ့ဖြိုးတို့တက်ရေးပါတီက ပြည်နယ်လွှတ်တော်တွင်တစ်နေရာနှင့် တိုင်းရင်းသားရေးရာတွင် တစ်နေရာ စုစုပေါင်း နှစ်နေရာအနိုင်ရရှိခဲ့ပြီး ကချင်ပြည်နယ်ပြည်သူ့ပါတီက ပြည်သူ့လွှတ်တော်တွင် တစ်နေရာနှင့် ပြည်နယ်လွှတ်တော်တွင် သုံးနေရာ စုစုပေါင်း လေးနေရောအနိုင်ရရှိခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...