လူထုဆန္ဒပြပွဲ လက်နက်ကိုင်များဝင်ပါလျှင် စစ်အာဏာရှင် လှည့်ကွက်ထဲရောက်မည်ကို RCSS စိုးရိမ်

လူထုဆန္ဒပြပွဲ လက်နက်ကိုင်များဝင်ပါလျှင် စစ်အာဏာရှင် လှည့်ကွက်ထဲရောက်မည်ကို RCSS စိုးရိမ်
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ပြည်သူများငြိမ်းချမ်းစွာဆန္ဒပြလျက်ရှိသည့်အပေါ် လက်နက်ကိုင်အဖွဲ့များဝင်ပါလျှင် အာဏာရှင်၏လှည့်ကွက်ထဲ ရောက်နိုင်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)မှ ဗိုလ်မှူး ခမ်းစံ ကပြောသည်။

 

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ စစ်တပ်မှ နိုင်ငံတော်၏ အာဏကိုသိမ်းယူလိုက်ပြီးနောက် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြပွဲများ မြန်မာပြည်တဝှမ်းလုံးတွင် ပြုလုပ်လျက်ရှိသည်။

 

RCSS ပြောခွင့်ရ ဗိုလ်မှူး ခမ်းစံ က - “ခုလက်ရှိ ပြည်သူတွေ ဆန္ဒပြနေတာက ဘာလက်နက်မှ မရှိဘူး။ ဒါကို ကမ္ဘာတွေက စောင့်ကြည်နေ တယ်။ ဒီလို အခြေနေမှာ ကျွန်တော်တို့ လက်နက်ကိုင် ဝင်ရောက်စွက်ဖက်ရင် စစ်တပ်ရဲ့ လှည့်ကွက်ထဲ ဝင်သွားမှာ စိုးရိမ်ရလို့ပါ။ ဒါတွေကို ပြည်သူတွေ နားလည်စေချင်ပါတယ်” ဟု ဗိုလ်မှူး ခမ်းစံ ကပြောပါတယ်။

 

သို့သော် စစ်အာဏာရှင်ဆန့်ကျင်သည့် လက်နက်မဲ့ပြည်သူ များကို စစ်ကောင်စီ က အကြမ်းဖက်ဖြိုခွဲခြင်း၊ သေနတ်ပစ်ခတ်ခြင်းတို့ပြုလုပ်ကာ သေဆုံးမှုများလည်း ရှိလာသည်။

 

စစ်တပ်အာဏာသိမ်းခြင်းနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ် ချကြောင်း နှင့် ပြည်သူဘက်မှ အကူအညီလိုအပ်လျှင် တောင်းဆိုနိုင်ကြောင်း RCSS/SSAက တရားဝင် ထုတ်ပြန်ထားသည်။

 

RCSS/SSA အဖွဲ့သည် အရပ်သားအစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် လက်မှတ်ရေးထိုး ထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

 

“ပြည်သူတွေ ကာကွယ်ဖို့အတွက် ကျွန်တော်တို့ဘက်လည်း တရားဝင်ပြောထားတာရှိတယ်။ ဒါပေမယ့် ဆန္ဒပြတဲ့နေရာမှာ ကျွန်တော်တို့ လိုက်ပြီး အကာအကွယ်ပေးရင် သူတို့ရဲ့ လှည့်ကွက်ထဲ ဝင်သွားနိုင်တဲ့ အခြေအ နေဖြစ်နေတယ်။ လက်နက်ကိုင်တွေ ဝင်ရှုပ်လို့ တပ်မတော်ဝင်ဖြေရှင်းရတယ်ဆိုပြီး ဖြစ်လာမယ်။ ဒါဆိုရင် ပြည်သူတွေပါ ထိခိုက်ကုန်မယ်။ သတိထားနေရတယ်။ အခြေအနေက ”ဟု RCSS/SSA ၏ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ ကသျှမ်းသံတော်ဆင့်ကိုပြောသည်။

 

ကရင်ပြည်နယ် မြဝတီမြို့ တွင် ဒေသခံများ စစ်အာဏာဆန့်ကျင်ဆန္ဒပြအချိန်တွင် ရဲတပ်ဖွဲ့ နှင့် တပ်မတော်က အဟန့်အတားများပြုလုပ်မှုကြောင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် KNUက လုံခြုံရေး လိုက်ပါ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 

လက်ရှိ တပ်မတော်မှ နိုင်ငံတော်၏ အာဏာကို အတင်းအဓမ္မသိမ်းယူလိုက်မှုကြောင့် NCA လက်မှတ်ရေးထိုး ထားသည့်တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့ကလည်း စစ်ကောင်စီ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရပ်ဆိုင်း ထားမည်ဖြစ်ကြောင်း ကြေညာချက်ထုတပြန်ထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...