ဒေါက်တာဆာဆာကို CRPH ၏ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်

ဒေါက်တာဆာဆာကို CRPH ၏ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်

ကုလသမဂ္ဂဆိုင်ရာလုပ်ငန်းတာဝန်များကို ကော်မတီကိုယ်စားဆောင်ရွက်ရန်အတွက် ကုလသမဂ္ဂဆိုင်ရာအထူး သံတမန်အဖြစ် ဒေါက်တာဆာဆာအား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH)က ဖေဖော်ဝါရီ ၂၂ရက်က သတင်းထုတ်ပြန်ခဲ့သည်။

 

ဒေါက်တာ ဆာဆာသည် ချင်းပြည်နယ် ဖွံ့ဖြိုးရေးရေးကိုအခြေတည်၍ မြန်မာနိုင်ငံတို့တက်ရေး လုပ်ဆောင် နေသူဖြစ်သဖြင့် လူသိများသတစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးတွင် NLD ပါတီ(ချင်ပြည်နယ်) အောင်နိုင်ရေးတွင်ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

ထို့ပြင် CRPH အနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ၊ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း ဆက်သွယ်ဆောင်ရွက်ရန်အတွက် လည်းကောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ နိုင်ငံတကာဆက်ဆံရေးရုံးကို အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်မှ စ၍ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

 

ယခုအခါ CRPH၏ နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ်အဖြစ် ဦးထင်လင်းအောင်ကို ခန့်အပ်တာဝန်ပေး ထားပြီးနိုင်ငံတကာ ရေး ရာကိစ္စများ ဆောင်ရွက်နိုင်ရန်အတွက် သင့်လျော်သောပုဂ္ဂိုလ်များကို ဆက်လက် တာဝန်ပေးအပ်သွားမည်ဖြစ် ကြောင်း CRPHက သတင်းထုတ်ပြန်ထားသည်။

 

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH)ကို ၂၀၂၀ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စား လှယ်များဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပြီး စစ်အာဏာသိမ်းကောင်စီအားတရားမဝင်ကောင်စီအဖြစ်ကြေ ညာထားကာ မြန်မာနိုင်ငံရှိ ပြည်သူများ၏ ထောက်ခံမှု ရရှိထားသည့် ကော်မတီဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...