မြစ်ကြီးနားတွင် ဖမ်းဆီးခံခဲ့ရသူများ ပြန်လွတ်မြောက်ရေး PCG ကြားဝင်ညှိနှိုင်းနေ

မြစ်ကြီးနားတွင် ဖမ်းဆီးခံခဲ့ရသူများ ပြန်လွတ်မြောက်ရေး PCG ကြားဝင်ညှိနှိုင်းနေ
by -
မွန်းမွန်းပန် (MNJ)

ယနေ့ ဖမ်းဆီးခံရသည့် ပြည်သူအချို့နှင့် ဆရာမတို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (PCG) က ကြားဝင်ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့ဘက်ကနေ ပြည်သူတွေကို ညနေ (၃) နာရီမှာ ပြန်လွှတ်ပေးဖို့တော့ ပြောထားတယ်။ ဘယ်လိုဖြစ်လာမလဲတော့မသိဘူး။ ညှိနှိုင်းနေဆဲဖြစ်တယ်" ဟု PCG မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

မြစ်ကြီးနား မြို့မဈေးတွင် ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) မနက် ၁၀ နာရီခန့်က ရဲနှင့် စစ်သားများက ဆန္ဒပြလူအုပ်များအား အင်အားသုံး ဖြိုခွဲကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ရဲနှင့် စစ်သားများသည် လမ်းကိုပိတ်ဆို့ကာ ဆန္ဒပြပြည်သူများအား ရိုက်နှက်၍ ဓာတ်ပုံရိုက်ကူးသူများအား လေးခွဖြင့်ပစ်ခတ်ကာ ဖြိုခွဲခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောပြချက်အရ သိရသည်။

 

"ဒီမနက်က ဆန္ဒပြတဲ့သူတွေက ဝုန်းဝုန်းဝုန်းနဲ့ လမ်းကြားတွေ၊ ဆိုင်တွေ၊ အိမ်တွေထဲ ၀င်ပြေးကြ။ ရဲတွေကလည်း တုတ်တွေနဲ့ရိုက် လေးခွတွေနဲ့ပစ် ကြောက်စရာကြီး" ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

 

ယနေ့ဖမ်းဆီးခံရသူ လူဦးရေ အတိအကျမသိသေးသော်လည်း မျက်မြင်တွေ့ရှိသူများ၏အဆိုအရ မြစ်ကြီးနား မြို့မဈေးတွင် ဖမ်းဆီးခံရသူ ၁၁ ဦး၊ ပညာရေးကောလိပ်ရှေ့တွင် ဆရာမနှစ်ဦးနှင့် သူနာပြုတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...