ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ခုပေါင်းစည်း၍ ပြည်သူနှင့် အတူရပ်တည်ရန် ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ တက္ကသိုလ်ကျောင်းသားများတောင်းဆို

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ခုပေါင်းစည်း၍ ပြည်သူနှင့် အတူရပ်တည်ရန် ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ တက္ကသိုလ်ကျောင်းသားများတောင်းဆို
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်အင်အားစု နှစ်ခုအနေဖြင့် တစ်စုတစ်စည်းတည်းပေါင်း၍ ပြည် သူများနှင့်အတူ ရပ်တည်ပေးရန် ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ တက္ကသိုလ် ကျောင်းသားများက သဘော ထားထာတ်ပြန်ချက်ထုတ်၍ တောင်းဆိုလိုက်သည်။

ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီတက္ကသိုလ် ကျောင်းသားများအနေဖြင့်  ရှမ်းတော်လှန်ရေးတပ်အင်အားစု နှစ်ခု ပူးပေါင်းရန်အပါအဝင် အချက်ခြောက်ချက်ကို တောင်းဆိုသည့်ထုတ်ပြန်ချက်ကို ပြီးခဲ့သည့်် ရက်ပိုင်းက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ပထမတစ်ချက်အနေဖြင့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်အင် အားစုနှစ်ခုအား စည်းစည်းလုံးလုံးဖြင့် တစ်စုတစ်စည်းတည်းဖြစ်ရန်လိုလိုလားမျှော်လင့်ကြောင်း၊ ဒုတိယအနေဖြင့် ရဟန်း၊သံဃာ၊ ပြည်သူလူထုရှေ့တွင် လက်နက်ကိုင် ခေါင်းဆောင်နှစ်ဦး လုပ်ဆောင် မည့် အမျိုးသားရေးများအကြောင်းနှင့် အချင်းချင်းကြားဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ပွင့်လင်းစွာညှိနှိုင်းဆွေး နွေးဆောင်ရွက်ရန်၊ တတိယအချက်အနေဖြင့် ပြည်သူ၊ ကျောင်းသားလူငယ်များနှင့်အတူ ရပ်တည်ပြီးရည်မှန်းရာ ကို အတူတကွလျှောက်လှမ်းရန် ဟူ၍ တေင်းဆိုထားသည်။

ဆက်လက်၍ စတုတ္ထအချက်အနေဖြင့် နိုင်ငံရေးအခြေအနေအရ ရရှိနိုင်သောအခွင့်အရေးကို ရှုမြင်ပြီး အင်အားစု နှစ်ခုမှ တစ်စုတစ်စည်းတည်းပေါင်းပြီး မိဘ ပြသူများနှင့်အတူ ရပ်တည်ပေးရန်နှင့် ဘုံရန်သူအစစ်အမှန်ကို သိမြင် ရန်၊ ပဉ္စမအချက်အနေဖြင့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ် အင်အားစု နှစ်ခု တစ်စုတစ်စည်း တည်းပေါင်းစည်းရေးနှင့် လူမျိုးဘာသာရေး၊ အမျိုးသားရေး တို့အတွက် မိမိတို့ တက္ကသိုလ်ကျောင်းသားလူငယ် များ အနေဖြင့် မိမိတို့တတ်ထားသည့် ပညာ ဗဟုသုတများဖြင့် တတ်အားသမျှကူညီဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် ဆဌမအချက်အနေဖြင့် ရှမ်းပြည်နယ်အရပ်ရပ်ရှိ စစ်ဘေးရှောင်ပြည်သူများကို မိမိတို့တက္ကသိုလ် ကျောင်းသားလူငယ်များအနေဖြင့် တတ်အားသမျှပါဝင်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟူ၍ အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 ရှမ်းတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဖြစ်သော ရှမ်းပြည် တိုးတက်ရေးပါတီ၊   ရှမ်းပြည် တပ်မတော် (SSPP/SSA) ရှမ်း  ပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA)နှစ်ဖွဲ့ တို့သည် သမ္မတဦးသိန်းစိန်လက်ထက်တွင် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထား သည့်အဖွဲ့များဖြစ်ကြောင်းသိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...