မိုးညှင်းတွင် ဆန္ဒပြသူများနှင့် ရဲများအကြား တင်းမာမှုဖြစ်ပွား

မိုးညှင်းတွင် ဆန္ဒပြသူများနှင့် ရဲများအကြား တင်းမာမှုဖြစ်ပွား

မိုးညှင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ငြိမ်းချမ်းစွာ သီချင်းများသီဆိုရင်း ထိုင်သပိတ်ပြုလုပ်နေသော ပြည်သူများနှင့် ရဲများအကြား နှစ်ဖက်တင်းမာမှုဖြစ်ပွားခဲ့သည်။  

အဆိုပါရုံးရှေ့တွင် ယနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) နံနက်၌ ပြည်သူများက ထိုင်သပိတ်ပြုလုပ်နေစဉ် မကြာမီ ရဲများရောက်ရှိလာကာ တင်းမာမှုဖြစ်ပွားခဲ့သဖြင့် မိုးညှင်းမြို့တွင်း စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်နေသောလူထုက ပြန်လည်ဝန်းရံခဲ့ကြကြောင်းသိရသည်။

ထို့နောက် နံနက် ၁ဝ နာရီခွဲခန့်တွင် လုံခြုံရေးအင်အား ထပ်မံဖြည့်တင်းခဲ့ပြီးနောက် မိနစ်ပိုင်းအကြာတွင် ဆန္ဒထုတ်ဖော်သူများက ပြန်လည်လူစုခွဲခဲ့ကြခြင်းဖြစ်သည်။

 

မိုးညှင်းမြို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြသည့် ပြည်သူများနှင့် လုံခြုံရေးများနှင့် တိုက်ရိုက်ထိတွေ့မှုအနေဖြင့် ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်သူများသည် CDM တွင် မပါဝင်သေးသည့် အုပ်ချုပ်ရေးဝန်ထမ်းများကို ပါဝင်လာစေရန်ထိုရုံးရှေ့တွင် ဆန္ဒထုတ် ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် စစ်အာဏာသိမ်းမှုကို ဆန်ကျင်ကြောင်း ဆန္ဒထုတ်ဖော်နေသည်မှာ ကိုးရက်ရှိလာပြီဖြစ်ပြီး ဒေသခံ တိုင်းရင်းသား ပြည်သူများ၊ အစိုးရ၀န်ထမ်းအများအပြားနှင့် ပုဂ္ဂလိက၀န်ထမ်းများကလဲ CDM တွင် ပါ၀င်လျက်ရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...