ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန် မြို့နယ် ၊ ကွန်ဟိန်း ၊ ကာလိ ၊ နမ့်စန် ၊ ခိုလမ်နှင့် ဆီဆိုင် စသည့်မြို့နယ်များမှ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ ပွဲတွင် ပါဝင် သူနှင့် CDM ပါဝင်သည့် ဝန်ထမ်းအချို့ကို ဖေဖော်ဝါရီ (၁၁) ရက် နေ့ခင်းပိုင်းနှင့် ည ပိုင်းအချိန်တို့၌ ဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။
“ မနေ့ညက ဖမ်းဖို့လုပ်တာ နှစ်ယောက်ပေါ့။ တစ်ယောက်ကို တော့ ကျွန်တော်တို့ ဆွဲထားလိုက်နိုင်ပေမဲ့ ဆေးမှတ်တမ်းထိန်း ဦးပြည့်ဖြိုးအောင် ကပါသွား တယ် ။ ဘာအမှုလဲ တတိတိကျကျ မပြောဘူး။ သဘာ၀ဘေးလိုလို ငြိမ်းစုစီလိုလို နဲ့ ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေဖြစ်လို့ အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ် ” ဟု မိုင်းပန်မြို့နယ် ဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောသည် ။
အဆိုပါ မိုင်းပန်မြို့နယ်ဆေးရုံမှ အဖမ်းခံရသည့် ဆေးမှတ်တမ်းထိန်းဝန်ထမ်း ဦးပြည့်ဖြိုးအောင် သည် CDM လှုပ်ရှားမှုနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ ပွဲတွင် ပါဝင်ခဲ့ ကြောင်းသိရသည် ။
အလားတူပင် ကွန်ဟိန်း ၊ ကာလိမှ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ ပွဲတွင် ပါဝင်ခဲ့ သည့် စိုင်းချစ်ငွေ ၊ စိုင်းလိန်ခမ်း၊ ကိုမိုးဇော် နမ့်စန်မြို့ မေတ္တာရှင်လူမှုရေး အသင်းဥက္ကဌ ဦးဝင်းလှိုင် နှင့် NLD ပါတီ မှ ဦးကိုထွေး ၊ ခိုလမ်မြို့နယ်မှ ၃ ဦး နှင့် ဆီဆိုင်မြို့နယ် အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင် တို့ အသီးသီး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကြောင်း သိရသည် ။
ဖမ်းဆီးထိန်းသိမ်းခံရသော သူများအား သဘာ၀ဘေးအန္တရယ်ဆိုင်ရာပုဒ်မ နှင့် ငြိမ်းစု စီ ပုဒ်မ များဖြင့် အမှုဖွင့် ထားသော်လည်း တစ်ချို့မှာ မည်သည့် ပုဒ်မနှင့် အဖမ်းဆီးထားရသည်ကို မသိရပေ။