ထိုင်းအာဏာပိုင်များ၏ တားမြစ်မှုခံခဲ့ရသည့် ချင်းမိုင်ဆန္ဒပြပွဲ

ထိုင်းအာဏာပိုင်များ၏ တားမြစ်မှုခံခဲ့ရသည့် ချင်းမိုင်ဆန္ဒပြပွဲ

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဆန္ဒပြပွဲကို ခွင့်ပြုချက်မတင်ဟုဆိုကာ ထိုင်းအာဏာပိုင်များက ပိတ်ပင်ခဲ့တာကြောင့် အချိန်တိုအတွင်းတွင် ရပ်ဆိုင်းခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းခြင်းအပေါ် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဆန့်ကျင်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီတွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး တာမြစ်ခံခဲ့ရခြင်းဖြစ်သည်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းလိုက်တဲ့အတွက် ကျွန်တော်တို့ပြည်သူတွေရဲ့ရင်ထဲမှာ အောင့်တသက်သက်နဲ့ ဖြစ်နေတယ်။ ကျွန်တော်တို့ ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာပြည်သူ/ပြည်သားတွေ သူတို့ရဲ့ဆန္ဒ ဖော်ထုတ်ချင်တယ်ဆိုတဲ့ အသံတွေ ကြားတဲ့အတွက်လည်း ကျွန်တော်တို့ကလည်း ဒီမှာလာပြီးတော့ ပူးပေါင်းခြင်းဖြစ်တာပေါ့နော်” ဟု ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်တဲ့ ကိုဂျော်နီက ပြောသည်။

ထို့ပြင် ၎င်းတို့အနေဖြင့် ထိုင်းရှိ ကောင်စစ်ဝန်ချုပ်နှင့် ကောင်စစ်ဝန်, ဝန်ထမ်းများအားလုံး CDM တွင် ပါဝင်လာရေးအတွက် ဖိတ်ခေါ်ချင်သဖြင့် ထိုသို့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီမှာလာရတဲ့ ရည်ရွယ်ချက်ကလည်း ကောင်စစ်ဝန်ချုပ်နဲ့ ကောင်စစ်ဝန် ဝန်ထမ်းတွေအားလုံးကို ကျွန်တော်တို့ CDM ကို ဖိတ်ခေါ်ချင်တယ်” ဟု ၎င်က ပြောသည်။

CDM ဆိုသည်မှာ လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှုကို ခေါ်ဆိုခြင်းဖြစ်ပြီး ဝန်ထမ်းများ အလုပ်မဆင်းပဲ သပိတ်မှောက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွဲခြင်းမပြုရန်လည်း တောင်းဆိုသည်ဟု ဆန္ဒပြပွဲတွင်ပါဝင်သည့် ကိုမျိုးမျိုးက ပြောသည်။

“မြန်မာပြည်မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေအားလုံးကလည်း “ပြည်သူကို ပြည်သူလိုမြင်ပါလို့ ကျွန်တော်ပြောချင်ပါတယ်” ဟု ကိုမျိုးမျိုးက ပြောသည်။ “ပြီးတော့ အာဏာသိမ်းတဲ့ကိစ္စကိုလည်း ကျွန်တော်တို့ လူထုတွေအားလုံးက မလိုလားဘူးဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဆန္ဒပြပွဲတွင်ပါဝင်သည့် ကိုယောဟန်ကတော့ ဖမ်းဆီးခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ယနေ့ပြုလုပ်သည့် ဆန္ဒပြပွဲတွင် လူ ၆၀ ခန့် ပူးပေါင်းပါဝင်လာပြီးနောက် လူများ ပူးပေါင်းမပါဝင်နိုင်မီ ထိုင်းရဲများက တားမြစ်ခဲ့သည့်အတွက် ရပ်ဆိုင်းခဲ့ရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...