ရန်ကုန်တွင် ချင်းတိုင်းရင်းသားများဦးဆောင်သည့် သပိတ်စစ်ကြောင်း ချီတက်

ရန်ကုန်တွင် ချင်းတိုင်းရင်းသားများဦးဆောင်သည့် သပိတ်စစ်ကြောင်း ချီတက်

ရန်ကုန်မြို့တွင် တပ်မတော်အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြမှု အရှိန်အဟုတ်မြင့်တက်လျက်ရှိရာ ယမန်နေ့ ဖေဖော်ဝါရီ ၉ ရက်တွင် အင်အား ၃၀၀၀ ဝန်းကျင်ပါဝင်သည့် ချင်းတိုင်းရင်းသားများဦးဆောင်သော သပိတ်စစ်ကြောင်းတစ်ကြောင်းထွက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

 

“လူဦးရေက ၃၀၀၀ လောက်ရှိမယ်ဗျ။ ချင်းက ဦးဆောင်တယ်။ ကရင်ကလည်း လာဝိုင်းတယ်။ ရှမ်းကလည်း လာဝိုင်းတယ်။ နာဂ အစရှိသဖြင့် တိုင်းရင်းသားအလံတွေနဲ့ ထွက်ကြတယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆလိုင်းပါးလျန်က ပြောသည်။

 

ချင်းတိုင်းရင်းသားများ ဦးဆောင်မှုဖြင့် ဆန္ဒဖော်ထုတ်မှုအား နိုဗိုတယ်ဟိုတယ်ရှေ့မှ နံနက် ၁၁ နာရီတွင် စတင်ထွက်ခွာခဲ့ပြီး ပြည်လမ်းမှတစ်ဆင့် အမေရိကန်သံရုံးရှေ့သို့ သွားရောက်ခဲ့ကာ အိတ်ဖွင့်ပေးစာပေးအပ်ရာတွင် ဒု-သံအမတ်က လက်ခံခဲ့ကြောင်းသိရသည်။

 

ဆန္ဒထုတ်ဖော်ရာတွင် စစ်အာဏာရှင်... အလိုမရှိ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒ... ဖျက်သိမ်းရေး၊ ဖမ်းစီးခံနိုင်ငံရေးအကျဉ်းသားအားလုံး... လွှတ်ပေးရေး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်... ပေါ်ပေါက်လာရေး၊ တရားမျှတမှုရရှိရေး စသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...