၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်သည့် တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မုံရွာမြို့ရှိ အဆောက်အဦတစ်ခုတွင် ဖေဖော်ဝါရီ ၇ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
“တတိယအကြိမ် ပုံမှအစည်းအဝေး တက်ရောက်မှုအခြေအနေကတော့ တက်ရေက်သူဦးရေ ၃၄ ဦး၊ အဝေးမှ ဖုန်းနဲ့တက်ရောက်သူ ၃၃ ဦး ထိန်းသိမ်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသည့် အစိုးရအဖွဲ့က ခုနစ်ဦးတက်ရောက်ပြီး မြို့နယ်အားဖြင့် ၂၁ မြို့နယ် တက်ရောက်ခဲ့ပါတယ်”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးကပြောသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားပြုကော်မတီကို ရွေးကောက်ခံကိုယ်စားလှယ် ၂၅ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်ကတော့ online ကနေ တက်ရောက်ခဲ့ပါတယ်။ ကိုယ်စားလှယ် ကတိသစ္စာကျမ်းကြိမ်တာတွေတော့ ပြုလုပ်ပြီးပါပြီ” ဟု စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ခံ ရှမ်းတိုင်းရင်းသာလူမျိုးကိုယ်စားလှယ် ဦးကျော်ဌေးလွင်ကပြောသည်။
တပ်မတော်က အာဏာသိမ်းမှုကို ဖေဖော်ဝါရီတစ်ရက်တွင် ပြုလုပ်ခဲ့သော်လည်း စစ်ကိုင်းတိုင်းဒေသကြီးမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူရွေးချယ်ထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သဖြင့် လွှတ်တော်အစည်းအဝေးကို ပုံမှန်အတိုင်း ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။