ကရင်ရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုး ထိမ်းသိမ်းခံထားရပြီး မိသားစုနှင့်အဆက်အသွယ်ပျက်

ကရင်ရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုး ထိမ်းသိမ်းခံထားရပြီး မိသားစုနှင့်အဆက်အသွယ်ပျက်
by -
စောထွန်းလင်း (KIC)

ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်သားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုးသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ အဖမ်းခံထားရပြီး ယနေ့ညနေ ၆ နာရီအထိ မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေသည်ဟု ၎င်း၏မိသားစုထံမှ သိရသည်။

ကရင်ရေးရာဝန်ကြီးနော်ပန်းသဥ္ဇာမျိုးကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၆ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနေထိုင်သည့် ပန်းဝါလမ်းရှိနေအိမ်၌ တပ်တာဝန်ရှိသူများက လာရောက်ခေါ်ဆောင်ကာ ထိမ်းသိမ်းထားခြင်းဖြစ်သည်။ 

“မနက် ၆ နာရီလောက်က ပန်းဝါလမ်းက အိမ်မှာလာခေါ်သွားတာ။ အခုချိန်ထိတော့ အဆက်အသွယ်မရသေးဘူး” ဟု ဝန်ကြီးနှင့်အတူနေထိုင်သူ တစ်ဦးက အတည်ပြုပြောသည်။

ဝန်ကြီး နော်ပန်းသဥ္ဇာမျိုးသည် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူထားသူဖြစ်ကာ ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမရှိဘဲ အစိုးရသက်တမ်းကုန်ဆုံးလျင် ဝန်ကြီးအဖြစ်မှ အနားယူသွားမည့်သူလည်းဖြစ်ကာ မကြာသေးမီက ရန်ကုန်တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီများက နှုတ်ဆက်ပွဲ အသီးသီးပြုလုပ်ပေးခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...