ကိုဗစ်ပိုးရှိမရှိစစ်ဆေးရန်နှင့် ကာကွယ်ဆေးထိုးရန် တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအ‌ဝေးတက်ရောက်မည့် ကိုယ်စားလှယ်များကို သုံးရက်ကြိုတင်ချိန်းဆိုထား

ကိုဗစ်ပိုးရှိမရှိစစ်ဆေးရန်နှင့် ကာကွယ်ဆေးထိုးရန် တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအ‌ဝေးတက်ရောက်မည့် ကိုယ်စားလှယ်များကို သုံးရက်ကြိုတင်ချိန်းဆိုထား

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအ‌ဝေးကို ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပမည်ဖြစ်ရာ လွှတ်တော်တက်ရောက်မည့် ရွေးကောက်ခံကိုယ်စားလှယ်များကို ကိုဗစ်ပိုရှိ/မရှိစစ်ဆေးရန်နှင့် ကာကွယ်ဆေးထိုးရန် သုံးရက်ကြိုတင်ချိန်းဆိုထားကြောင်း သိရသည်။

“ကျွန်တော်တို့ကို လွှတ်တော်က ၉ ရက်နေ့တက်ရမှာ။ ဒါပေမဲ့ ၅ ရက်နေ့အရောက်ခေါ်ထားတယ်။ ဟိုကျမှ ဆေးထိုးရမယ်။ ၅ ရက်နေ့အရောက်သွားပြီးတော့ ၆ ရက်၊ ၇ ရက်၊ ၈ ရက်တွေမှာ ဆေးတွေဘာတွေစစ်မယ်။ ကာကွယ်ဆေးထိုးမယ်ပေါ့နော်“ ဟု တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတက်ရောက်ရမည့် ကိုယ်စားလှယ် ဦးကျော်ဌေးလွင်ကပြောသည်။

အဆိုပါ ကြိုတင်ခေါယူပြီး စစ်ဆေးရာတွင် ကိုယ်စားလှယ်တစ်ဦးထံမှ ကိုဗစ်ပိုးတွေ့ရှိပါက ကွာရတင်း၀င်ရမည်ဖြစ်ပြီး လွတ်တော်အစည်းအဝေးကို ခွင့်ယူရမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ လွတ်တော်အစည်းအဝေးတွင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းဒေသကြီးကိုယ်စားလှယ်လောင်းများ ကျမ်းသစ္စာကျန်ဆိုခြင်းနှ့ စစ်ကိုင်းတိုင်းဒေသကြီး လွတ်တော်ဥက္ကဌ၊ ဒု-ဥက္ကဌများ အသစ်ရွေးချယ်တင်မြှောက်ခြင်းလုပ်ငန်းများကို လုပ်ဆောင်သွားကြမည်ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကို မြို့နယ် ၃၇ မှ ရွေးကောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် ၇၄ ဦး၊ ရှမ်းတိုင်းရင်းသားရေးရာ၀န်ကြီး တစ်ဦး၊ ချင်းတိုင်းရင်းသားရေးရ၀န်ကြီး တစ်ဦးတို့ တက်ရောက်ရမည်ဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...