တိုင်းရင်းသားရေးရာဝန်ကြီးဌာနက တိုင်းရင်းသားများ၏ဆန္ဒထက် အစိုးရပေါ်လစီကို အကောင်အထည်ဖော်သောအဆင့်သာရှိဟု SNLD ဒု-ဥက္ကဋ္ဌ- ၁ စိုင်းညွန့်လွင် ‌ဝေဖန်

တိုင်းရင်းသားရေးရာဝန်ကြီးဌာနက တိုင်းရင်းသားများ၏ဆန္ဒထက် အစိုးရပေါ်လစီကို အကောင်အထည်ဖော်သောအဆင့်သာရှိဟု SNLD ဒု-ဥက္ကဋ္ဌ- ၁ စိုင်းညွန့်လွင် ‌ဝေဖန်

NLD အစိုးရလက်ထက်ပေါ်ပေါက်လာသော တိုင်းရင်းသားဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ ဆန္ဒထက်အစိုးရပေါ်လစီကို အကောင်အထည်ဖော်သောအဆင့်သာရှိကြောင်း ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ဒု-ဥက္ကဋ္ဌ- ၁ စိုင်းညွန့်လွင်က ဝေဖန်ပြောကြားလိုက်သည်။

“၂၀၁၅ ကနေစပြီးတော့ ဖွဲ့တဲ့အစိုးရသစ်မှာ တိုင်းရင်းသားရေးရာ၀န်ကြီးဌာနဆိုပြီးတော့ ပြည်ထောင်စုအဆင့်၀န်ကြီးဌာနတစ်ခုကို စတင်ဖွဲ့စည်းပြီးလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီမှာက အစိုးရရဲ့ ပေါ်လစီတွေကို အကောင်အထည်ဖော်တဲ့ အဆင့်ပဲရှိပါတယ်။ တိုင်းရင်းသားတွေရဲ့အသံ၊ တိုင်းရင်းသားတွေဖြစ်ချင်တာကိုပြောတဲ့ အဖွဲ့အစည်းတွေမဟုတ်ပါဘူး။ ဆိုတော့ တကယ့်တကယ်ပြောမယ်ဆိုရင် တိုင်းရင်းသားသီးသန့် ယနေ့အထိ တော့ပေါ်ပေါ်ထင်ထင်မရှိပါဘူး" ဟု ၄င်းကပြောသည်။

တိုင်းရင်းသားများအတွက် ခွင့်ပြုထားသည့် လူဦးရေ ၀.၀၁ ရာခိုင်နှုန်းရှိပါက တိုင်းရင်းသားရေးရာ၀န်ကြီးတစ်ဦး ရွေးကောက်ပွဲတွင် ၀င်ယောက်ယှဉ်ပြိုင်ခွင့်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပေးထားသော်လည်း ယင်းရွေးချယ်ခံထားရသည့် တိုင်းရင်းသားရေးရာ၀န်ကြီးအနေဖြင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ပါ၀င်ခွင့်မရှိကြောင်း ဦးစိုင်းညွန့်လွင်က ဆိုသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားတာရှိပါတယ်။ လူဦးရေ ၀.၀၁ ရာခိုင် နှုန်းရှိရင် တိုင်းရင်းသားရေးရာ၀န်ကြီးဆိုပြီး ရွေးကောက်ပွဲတွေမှာ ထည့်ရွေးပါတယ်။ အဲမှာ လောလောဆယ်မှာတော့ ၂၀၁၀ တုန်းကရွေးထားတာ ၂၉ ယောက်ရှိပါတယ်။ ဒီနေ့အထိ ထပ်တိုးချဲ့ခွင့်ပြုတာ မရှိသေးပါဘူး။ ၂၀၁၅ မှာလည်း တိုးချဲ့တာမရှိခဲ့ဘူး။ ၂၀၂၀ မှာလဲ မရှိခဲ့ပါဘူး။ အဲဒီ ၂၉ ဦးရဲ့ လုပ်ရည်ကိုင်ရည်ပေါ်မှာပဲမှုတည်ပါတယ်။ သို့သော် သူတို့အနေနဲ့ ကျွန်တော်သိသလောက်တော့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါ၀င်ခွင့်မရှိပါဘူး။ ပါ၀င်တဲ့ အနေအထားမျိုးမရှိပါဘူး" ဟု ၄င်းက ပြောသည်။

လက်ရှိအချိန်တွင် တိုင်းရင်းသားရေးရာ၀န်ကြီးများအနေဖြင့် မိမိတို့၏ တိုင်းရင်းသားရိုးရာ ပွဲလမ်းသဘင်များ အခန်းအနားများနှင့် တိုင်းရင်းသားစာပေဆိုင်ရာ ကိစ္စများကိုသာလုပ်ဆောင်နေကြပြီး တိုင်းရင်းသားအခွင့်အရေးဆိုင်ရာကိစ္စများတွင် ၀င်ရောက်ဆွေးနွေးခွင့်မရရှိကြကြောင်းနှင့် အသက်ဝင်မှုအားနည်းသည်ဟုဆိုသည့်အပြင် ဥပဒေကိုကိုင်စွဲအသုံးပြုမှုလည်း သိပ်မရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လက်ရှိရှမ်းရေးရာဝန်ကြီးဖြစ်သည့် ဒေါ်နန်းမွှေးမွှေးခင်က ပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...