အမည်ပျက်စာရင်းသွင်းခံရသူ ကိုယ်စားလှယ်လောင်း ဦးဇော်ထွန်း ပါတီကိုပါအဆက်အသွယ်ဖြတ်သွားခဲ့ဟု ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ ပြော

အမည်ပျက်စာရင်းသွင်းခံရသူ ကိုယ်စားလှယ်လောင်း ဦးဇော်ထွန်း ပါတီကိုပါအဆက်အသွယ်ဖြတ်သွားခဲ့ဟု ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ ပြော

ရွေးကောက်ပွဲအသုံးရိတ်တင်ရင် ပျက်ကွက်ခဲ့သဖြင့် အမည်စာရင်းသွင်းခံရသူ မိုးမောက်မြို့နယ် မဲဆန္ဒနယ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးဇော်ထွန်းသည် ပါတီကိုပါ အဆက်အသွယ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ကချင်ပြည်နယ်တာ၀န်ခံ ဦးစံတေက ပြောသည်။

"သူကရွေမှော်မှာပဲသွားနေတယ်ကြားတယ်။ ပါတီနဲ့လဲအဆက်အသွယ်ပြတ်သွားတယ်ဗျ။ လုံး၀ အဆက်အသွယ်မရဘူးဖြစ်နေတယ်ဗျ။ ပါတီအနေနဲ့ဆက်သွယ်လို့လဲမရဘူး။ သူအိမ်ကိုမေးတာလဲ သူမိသားစုလဲ ပါသွားတယ်။ ရွှေတွင်းကတော့ နမ့်စံယမ်ဘက်ဆိုလား သိပ်တော့မသိဘူးဗျ” ဟု ၄င်းကပြောသည်။

ဦးဇော်ထွန်းသည် ၂၀၁၀ ခုနှစ်တွင် မိုးမောက်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်မဖြစ် ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်နှင့် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲများတွင် ရှုံးနိမ့်ခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်တွင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲအသုံးစရိတ်မတင်သဖြင့် အရည်အချင်ပျက်ယွင်းသူအဖြစ် ကြေညာခံရ နှစ်ဦးရှိပြီး ၎င်းတို့သည် မိုးမောက်မြို့နယ် မဲဆန္ဒနယ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ဦးဇော်ထွန်းနှင့် ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်မဲဆန္ဒနယ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဦးဒွဲလာတို့ဖြစ်ကြောင်း သိရသည်။

ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ထုတ်ပြန်ပြီး ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲအသုံးစရိတ်ကို တင်သွင်းရမည်ဖြစ်ပြီး မတင်သွင်းနိုင်ပါက အရည်အချင်းပျက်ယွင်းသူဖြစ် ကြေညာခံရမည်ဖြစ်ပြီး ယင်းသို့ ကြေညာခံရသူများအနေဖြင့် လာမည့်အစိုးရသက်တမ်း ငါးနှစ်တာအတွင်းကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ပါဝင်ခွင့်ရရှိမည်မဟုတ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...