ရန်ကုန်တိုင်းလွှတ်တော် ပါတီအသံ လွှတ်တော်အသံ ဖြစ်လာမည်ဟု ဦးကျော်ဇေယျ ဝေဖန်

ရန်ကုန်တိုင်းလွှတ်တော် ပါတီအသံ လွှတ်တော်အသံ ဖြစ်လာမည်ဟု ဦးကျော်ဇေယျ ဝေဖန်

လာမယ့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သည် ပါတီအသံ လွှတ်တော်အသံ ဖြစ်လာမည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဌ ဦးကျော်ဇေယျက ဝေဖနပြောကြားခဲ့သည်။

 

“အခုလာမယ့် လွှတ်တော်က ပြည်သူအသံ လွှတ်တော်အသံ မဟုတ်တော့ဘူး။ ပါတီ အသံလွှတ်တော်အသံပဲ ဖြစ် တော့မယ်။ ဒါပေမဲ့ ဖြစ်ပါစေ။ ပါတီအသံ လွှတ်တော်အသံက အရေးမကြီးဘူး ဆုံးဖြတ်ချက်တွေ မှန်ကန်ဖို့လိုတယ်။  ပါတီအသံ လွှတ်တော် အသံဖြစ်တဲ့အတွှက် ပါတီ ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်၊ ပါတီလုပ်ဆောင်ချက်တွေ အားလုံး ပါတီခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲလုပ်ရတော့မှာ။ ဆွေးနွေးမှု ဘက်ဂျက်ခွဲဝေမှု အဆို မေးခွန်းတွေ အဖြေတွေက ပြည်သူ့အသံ သိပ်ပြီးမပေါ်လွင်တော့ဘူးပေါ့။ ဒါကြောင့် ပါတီခေါင်းဆောင်က မှန်ကန်သောလမ်းညွှန်မှုတွေ မှန်ကန်သောဆုံးဖြတ်ချက်တွေ မှန်ကန်သောစီမံချက်တွေ ပေးဖို့လိုပါတယ်။ နိုင်ငံတိုးတက်ဖို့ပါ“ ဟု ၎င်းကပြောသည်။

 

ယခင်က သက်တမ်းကျန်နေသေးသဖြင့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကို နောက်ဆုံးခေါ်ယူသွားမည်ဖြစ်ကြောင်း ကြားသိရသော်လည်း နောက်ပိုင်းတွင် ကိုဗစ်ရောဂါအကြောင်းပြချက်ဖြင့် လွှတ်တော်မခေါ်ခဲ့ခြင်းဖြစ်သည်ဟု ပြန်လည်ကြားသိရကြောင်း ၎င်းကဆက်လက်ပြောသည်။။

 

ထိုသို့ လွှတ်တော်မခေါ်ယူခဲ့သော်လည်း ကိုယ်စားလှယ်များမေးမြန်းထားသည့် ကြယ်ပွင့်ပြမေးခွန်းများကို စာရွက်နှင့်ပြနိလည်ဖြေကြားပေးခြင်းများရှိနေသကဲ့သို့၊ မဖြေကြားရသေးသည်များလည်း ရှိနေသေးကြောင်း သိရသည်။

 

ဦးကျော်ဇေယျသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် NLD မှ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး NLD မှထွက်၍ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) သို့ ဝင်ရောက်ကာ ၂၀၂၀ ရွေးကောက်ပွဲအား ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁၁ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ပြိုင်ဘက် NLD ပါတီမှ ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

 

တတိအကြိမ် ရန်ကုန်ုတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...