တပ်မတော်နှင့် ပြည်ခိုင်ဖြိုးတို့က ရွေးကောက်ပွဲရလဒ်အားကန့်ကွက်နေသော်လည်း နိုင်ငံရေးအရ ဘောင်မ၀င်နိုင်သော ရွေးကောက်ပွဲရလဒ်အဖြစ် ယူဆမရကြောင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခဲ့သော Myanmar Network Organization for Free and Fair Elections (မြန်ဖရယ်) အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ မဇင်မာက ပြောသည်။
“ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကလဲ ကိုဗစ်ကာလမှာ စီမံခန့်ခွဲရတယ်။ ကျွန်မတို့ အရပ်ဖတ် အဖွဲ့ အစည်းတွေကလဲ ပညာပေးတွေ ၂၀၁၅ ရွေးကောက်ပွဲလောက်မလုပ်နိုင်တာဆိုတော့ အကြောင်းအရင်း ကအမျိုးမျိုးတော့စုံသွားတယ်ပေါ့ရှင်။ စီမံခန့်ခွဲမှုမှာတော့ ပိုကောင်းအောင်လုပ်ရဖို့ရှိတယ်။ ဒါပေမယ့် သမာသမတ်မကျပါဘူးလို့ ပြောရလောက်အောင်ကြီး ဒီမသမာမှုပေါ့လေ။ နိုင်ငံရေးအရ ဘောင်မ၀င်နိုင် တဲ့ ရွေးကောက်ပွဲမျိုးတော့ ယူဆလို့မရဘူး ပြောချင်တာပါရှင့်” ဟု၎င်းက ပြောသည်။
ထို့ပြင် တပ်မတော်နှင့်ပြည်ခိုင်ဖြိုးတို့ကပြောကြားနေသကဲ့သို့ မဲလိမ်မဲခိုးသည့် ပုံစံမရှိဘဲ စီမံခန့်ခွဲမှုအား နည်းချက်သာရှိကြောင်း မဇင်မာက ဆက်လက်ပြောသည်။
“တပ်နဲ့ ပြည်ထောင်စုကြံခိုင် ရေးနဲ့ဖွံ့ဖြိုးရေးပါတီက စွပ်စွဲသလို အဲလောက်အထိ ရည်ရွယ်ချက်ရှိရှိ မဲလိမ်မဲခိုးပုံစံ မရှိဘူးဆိုတဲ့ဟာမျိုး ကိုတော့ပြောချင်တယ်။ သိုသော်စီမံခန့်ခွဲမှု အားနည်းချက်တွေ တော့ရှိတယ်ပေါ့နော်”ဟု ၎င်းက ပြောသည်။
တပ်နှင့်ပြည်ခိုင်ဖြိုးက ဝေဖန်လျက်ရှိသည့်ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ Myanmar Network Organization for Free and Fair Elections (မြန်ဖရယ်) အဖွဲ့အပါဝင်ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ ၁၁ဖွဲ့က ပူးတွဲကြေညာချက်တစ်စောင်ကို ဇန်နဝါရီ ၂၉ ရက်တွင်ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲရလဒ်များသည် မဲဆန္ဒရှင်အများစု၏ သဘောထားနှင့်အညီ ရရှိလာသော ရွေးကောက်ပွဲရလဒ်များဖြစ်သည်ဟု ဆိုသည်။
အဆိုပါပူးတွဲထုတ်ပြန်ချက်သည် ပုံမှန်ရွေးကောက်ပွဲဆောင့်ကြည့်သည့် အရပ်ဖက်အဖွဲ့အစည်းများက ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း လက်ရှိ နိုင်ငံရေးအခြေအနေအများအရ ထပ်မံထုတ်ပြန်သင့်သည့်အနေအထားဖြစ်နေသောကြောင့် ယခုကဲ့သို့ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရခြင်းဖြစ် ကြောင်း မဇင်မာက ပြောသည်။
ယင်းထုတ်ပြန်ချက်ကို Bago Observer Group (ပဲခူးဒေသလေ့လာစောင့်ကြည့်ရေးအဖွဲ့)၊ CAN Myanmar (လူထုရပိုင်ခွင့် ညှိနှိုင်းဖော်ဆောင်ရေးအဖွဲ့)၊ Hornbill Organization (အောက်ချင်း အရပ်ဘက် လူမှုအဖွဲ့အစည်း)၊ Kadu Youth Development Association (ကဒူးလူငယ်ဖွံ့ဖြိုးရေး အသင်း)၊ Myanmar Election Observation Network -MEON (မြန်မာနိုင်ငံရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူ များ ကွန် ရက်)Myanmar Independent Living Initiative (မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့)၊ Myanmar Network Organization for Free and Fair Elections (မြန်ဖရယ်)၊ New Myanmar Foundation (နယူးမြန်မာဖောင်ဒေးရှင်း)People’s Alliance for Credible Elections (ရွေးကောက်ပွဲဆိုင်ရာပြည်သူ့ လှုပ်ရှားမှုအဖွဲ့)၊ Peace and Justice Myanmar (ငြိမ်းချမ်းမျှတလူမှုအဖွဲ့အစည်း) ၊ Phan Tee Eain (ဖန်တီးအိမ်)၊ Rainmaker တို့မှ ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။