ပြည်ထောင်စုလွှတ်တော်တက်ရောက်မည့် ကယားပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ အသံများ

ပြည်ထောင်စုလွှတ်တော်တက်ရောက်မည့် ကယားပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ အသံများ
by -
နော်ဒွေးအယ်ခူ/ KT

လာမည့် ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်ကို စတင်ကျင်းပမည်ဖြစ်ပြီး ကယားပြည်နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် ၁၁ ဦး၊ ကယားပြည်နယ်ဒီမိုက ရက်တစ် ပါတီမှ ကိုယ်စားလှယ် ငါးဦး၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သုံးဦးတို့ နေပြည်တော်ကို ရောက်ရှိ နေပြီဖြစ်ရာ ပြည်ထောင်စုလွှတ်တော်သို့တက်ရောက်မည့် ထိုကိုယ်စားလှယ်များအနေဖြင့် ပြင်ဆင်ထားမှုအခြေ အနေများနှင့်ပတ်သက်၍ ယခုလို ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါသည်။

ဒေါ်ခင်စန်းဝင်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ NLD)

“ကျွန်မက လွိုင်ကော်မြို့နယ်ကဆိုတော့ လွိုင်ကော်မြို့နယ်ရဲ့လိုအပ်ချက်တွေကို ပြည်ထောင်စုအဆင့်ထိ တောင်းရမယ့်ဟာတွေဆိုရင်လည်း ပြင်ဆင်ထားတယ်ပေါ့။ အဓိကကတော့ ငြိမ်းချမ်းရေးပေါ့နော်။ ကော်မတတွေ လည်းဖွဲ့အုံးမှာလေ။ ကျွန်မက ဘယ်ကော်မတီမှာပါမလဲတော့မသိသေးဘူးပေါ့နော်။ ဒါတွေလုပ်ရမှာတွေရှိတယ်။ လောလောဆယ်တော့ ဒီလောက်ပဲပြောနိုင်သေးတယ်။ ထိပ်တိုက်တွေ့နိုင်တဲ့ပြဿနာတွေေပေါ့။ အဲဒီအတွက်လည်း ဥပဒေကြောင်းအရ ပြင်ဆင်ထားတယ်ပေါ့”

ဦးဒီးဒီ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ KySDP)

“ပထမတစ်လလောက်ကတော့ ထွေထွေထူးထူး အဆိုတို့ မေးခွန်းတို့က ရှိအုံးမှာမဟုတ်ဘူးပေါ့နော်။ ကျွန်တော့်အ နေနဲ့တော့ ကျွန်တော်တို့ပါတီကလည်း ပြည်ထောင်စုမှာအနိုင်ရတဲ့အရေအတွက်လည်း နည်းတယ်။ အဆိုတစ်ခု ဖြစ်ဖို့ ဆိုတာလည်း လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့။ ပထမ လေးငါးခြောက်လလောက်မှာ မေးခွန်းတွေပဲဦးစား ပေးပြီးတော့မှ မေးဖို့ရှိပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်တော့မပြောတော့ဘူးပေါ့နော်။ စဉ်းစားထားတာက ကျွန်တော်မေးဖြစ်ရင်တော့ မေးလို့ရခဲ့ရင် ကျောင်းဖွင့်မယ့်ကိစ္စပေါ့နော်။ လာမယ့် ခြောက်လပိုင်း ကျောင်းပြန်ဖွင့် ဟာ ဘယ်လိုစီစဉ်ထားလဲ။ ကိုဗစ်လည်းရှိတော့ ကျောင်းပညာရေးကလည်း ပျက်ကွက်လို့မဖြစ်ဘူးပေါ့နော်။ အဲဒါကို မေးဖို့ရှိမယ်။ နောက်တစ်ခုက ရေကိစ္စပေါ့ လူထုနဲ့ဆက်စပ်မယ်လို့ထင်တယ်။ တစ်နိုင်ငံလုံးကလည်း ရေပြဿနာဖြစ်နေတော့ ကျွန်တော်တို့ပြည်နယ်လည်းပါတယ်ပေါ့။  အဆိုးဆုံးကြုံရတဲ့ ရေကိစ္စကိုတော့ ဦးစား ပေးပြီးတော့ မေးဖို့ရှိပါတယ်”

ဦးကျော်သန်း (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ USDP)

“လောလောဆယ်တော့ ဒေသဖွံ့ဖြိုးရေးပေါ့။ ကျွန်တော့်မြို့နယ်မှာ လိုအပ်တာလေးကိုတော့ ခေါင်းထဲမှာရှိပြီး သားဖြစ်ပါတယ်။ လုပ်ရမယ့်လုပ်ငန်းတစ်ခုချင်းစီအတွက် စဉ်းစားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခြေအနေအရပေါ့ လေ။ လွှတ်တော်စပြီဆိုရင်လည်း ပထမဆုံးအစည်းအဝေးဆိုရင်လည်း ဆုံရပ်ဖွဲ့ဖို့တွေ ဘာတွေ လုပ်မယ်ဆိုရင် တော့ လောလောဆယ်တော့ အချိန်တော့ နည်းနည်းလိုအုံးမှာပေါ့လေ။ ဒုတိယအကြိမ်လောက်ဆိုရင်တော့ မေးခွန်းတွေဘာတွေတင်ဖို့တော့ အစီအစဉ်ရှိပါတယ်။ ကတိတွေပေးထားပြီးတော့ လက်တွေ့မှာအကောင် အထည်မဖော် နိုင်တဲ့လုပ်ငန်းတွေရှိတယ် အဲဒါကိုအရင်ဆုံးတော့ မေးပါမယ်”

ဒေါ်နန်းထွေးသူ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ NLD)

“ကိုယ်စားလှယ်တစ်ယောက်ရဲ့တာဝန် ဝတ္တရားတွေကကျွန်တော်တို့ကအရင် ငါးနှစ်သက်တမ်းကတည်းက သိ ထားပြီးသားဆိုတော့ ကြိုတင်ပြင်ဆင်ချက်တွေ ကျွန်မတို့က သိပ်ပြီးမရှိတော့ဘူးလေ။ တတိယအကြိမ် အစည်း အဝေးအပေါ်မှာပဲ ကိုယ့်ရဲ့တာဝန်ဝတ္တရားတွေသိထားတယ်ဆိုတော့လည်း အသစ်တွေနဲ့တော့မတူဘူးပေါ့နော်။ ကြိုတင်ပြင်ဆင်မှုတွေကတော့ လွှတ်တော်ကိုယ်စားလှယ်အသစ်တွေဆိုတော့ သူတို့မှာတော့ရှိမှာပေါ့။ ကျွန်မတို့ ကတော့ အရင်သက်တမ်း ငါးနှစ်တုန်းကလည်း ဆောင်ရွက်ထားပြီးပြီဆိုတော့ နောက်ထပ် ကိုယ့်ရဲ့မဲဆန္ဒနယ် မှာလိုအပ်ချက်လေးတွေကို ထပ်ဖြည့်စည်းမယ်ပေါ့နော်။ ဒါလေးတွေရှိမယ်”

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...