ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲရန် ကြိုးပမ်းနေမှုများအား နိုင်ငံတကာသံရုံးများ ကန့်ကွက်

ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲရန် ကြိုးပမ်းနေမှုများအား နိုင်ငံတကာသံရုံးများ ကန့်ကွက်

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် အရေးကြီး ကဏ္ဍတစ်ခုဖြစ်သည့် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန်ကြိုးပမ်းနေမှုများနှင့် မြန့်မာနိုင်ငံဒီမိုကရေစီကူးပြောင်းမှုကို ကြန့်ကြာစေရန် ကြိုးပမ်းအားထုတ်မှုများဆန့်ကျင်ကြောင်း အမေရိကန်အပါအဝင် နိုင်ငံတကာသံရုံးများက  ယနေ့(ဇန်နဝါရီ ၂၉ရက်)တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

 “ မကြာသေးမီက ကျင်းပခဲ့သော နိုင်ငံတစ်ဝန်းရွေးကောက်ပွဲတွင် ၎င်းတို့၏သမိုင်းဝင်ပါဝင်ခဲ့ကြမှုအတွက် မြန်မာနိုင်ငံသားများကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ထပ်မံပြောကြားပါကြောင်း၊ တပ်မတော်နှင့် နိုင်ငံအတွင်းရှိအခြားသော လူပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံးအနေဖြင့် ဒီမိုကရေစီစံနှုန်းများကို လိုက်နာစောင့်ထိန်းကြပါရန် တိုက်တွန်းပါကြောင်း၊ ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲရန် သို့မဟုတ် မြန်မာ့ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေရန်အလို့ငှာ မည်သို့သော ကြိုးပမ်းအားထုတ်မှုမျိုးကို မဆို မိမိတို့ ဆန့်ကျင် ကန့်ကွက်ပါကြောင်းနှင့် မြန်မာနိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သော ဒီမိုကရက်တစ်လွတ်လပ်မှု၊ အဓွန့်ရှည်တည်တံ့သောငြိမ်းချမ်းမှု နှင့် အားလုံးပါဝင်သော သာယာဝပြောမှုအတွက် ရှေ့ရှုလုပ်ဆောင်နေကြသူအားလုံးကို မိမိတို့ အားပေးထောက်ခံ ပါသည် ” ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

 

အဆိုပါပူးတွဲကြေညာချက်ကို အမေရိကန်အပါအဝင် သြစတြေးလျ၊ ကနေဒါ၊မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံ ရုံးနှင့်ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏သံရုံးများ - ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင် - ဆွစ်ဇာလန်၊ ယူကေ၊ အမေရိကန်၊ နော်ဝေနှင့် နယူးဇီလန်နိုင်ငံ ဆိုင်ရာသံရုံးများက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲရလဒ်အပေါ် တပ်မတော်၏ လုပ်ဆောင်မှုများနှင့်ပတ်သက်၍ VOA သတင်းဌာနကအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကို မေးမြန်းရာတွင်လည်း “ နိုဝင်ဘာ ၈ ရက်က မြန်မာ နိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲပစ်ဖို့အတွက် မြန်မာစစ်တပ်ကအင်အားသုံး ခြိမ်းခြောက်ဖို့ ကြိုးစားတာ မှန်သမျှ အမေရိကန်ပြည်ထောင်စုက လက်ခံမှာ မဟုတ်ပါဘူး ” ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

 

လက်ရှိ အချိန်အထိ တပ်မတော်၏ ထုတ်ပြန်ချက်တွင် မဲမသမာမှုဖြစ်နိုင်သည့်စာရင်းမှာ ၁၀ သန်းကျော်ရှိကြောင်း ထုတ်ပြန်ထားသော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကမူ ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ ကျင်း ပ ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...