လာမည့်အစိုးရသစ်အနေဖြင့် စစ်ကိုင်းအတွင်းရှိ အသေးစားနှင့်အလတ်စား သတ္ထုတူးဖော်နေကြသည့် ဒေသခံတိုင်းရင်းသားများအတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်သားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ကိုစိုင်းသန့်စင်ဦးကပြောသည်။
“စစ်ကိုင်းတိုင်းမှာ တရာ၀င်လုပ်နေတဲ့ အရေအတွက်နဲ့ တရားမ၀င်လုပ်နေတဲ့ အရေအတွက်မှာ တရာမ၀င်လုပ်နေတဲ့ အရေအတွက်က နှစ်ဆ မကဘူးဖြစ်နေတယ်။ အဲတော့ ဘာဖြစ်လို့တရားမ၀င် တာလဲဆိုတော့ တစ်ချို့က လျောက်ထားတဲ့ ငွေးကြေးအမောက်တွေ မတက်နိုင်လို့ လျှောက်ထားမယ်ဆိုရင် ပိုက်ဆံတွေတအားကုန်တယ်။ လက်လုပ်လက်စားမရှိလို့ လုပ်စားတဲ့လူက အနည်းဆုံး လက်လုပ်လက်စား တစ်ကွက်ကို ဆယ်သိန်းလောက်ကုန်မှာဆိုတော့ သူတို့မှ ဆယ်သိန်းမှ မရှိတာ။ မရှိတဲ့အခါကျတော့ အဲဟာအပေါ်မှာ ပြန်ပြီးတော့ အပြင်မှာငွေတိုးချေး။ သူတို့မှာ ဒီလို ဒုက္ခတွေနဲ့လေ။ အခုဆိုရင် ကိုဗစ်ကာလဆို ရင်အဆင်ပြေရင်ကောင်းတယ်။ အဆင်မပြေဘူးဆိုရင် ကိုယ်ကိုယ်ကို ပြန်ဒုက္ခရောက်အောင်လုပ်နေတဲ့ လုပ်ငန်းဖြစ်နေတယ်။ အဲတော့ လက်လုပ်လက်စားတွေကို အစိုးရသစ်တစ်ရပ်အနေနဲ့ တိတိကျကျ ပြန်စဉ်းစားပြီးတော့ ပြုပြင်ပြောင်းလဲပေးသင့်တယ်လို့မြင်တယ်။ ဆယ်သိန်းဆိုတဲ့ ငွေပမာဏကများပါတယ်။ မရှိလို့လုပ်စားတာပဲဆိုတဲ့ အမြင်နဲ့ သဘာ၀ကျကျတွေးပေးသင့်တယ်လို့ထင်တယ်” ဟု ၄င်းကပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ဟုမ္မလင်း၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ခန္တီး၊ ဖောင်ပြင် စသောမြို့များတွင် တရားမ၀င်လက်လုပ်လက်စားများအနေဖြင့် တရာမ၀င် တူးဖော်နေမှုများ အများဆုံးဖြစ်နေပြီး အစိုးရ၏ အသေးစားနှင့်အလတ်စား ချထားပေးရေးလုပ်ငန်းများအနေဖြင့် အောင်မြင်သည့်လုပ်ငန်းတစ်ရပ်မဖြစ်နိုင်ကြောင်း ပေါ်လွင်နေသည်ဟု ကိုစိုင်းသန့်စင်ဦးကပြောသည်။
“အစိုးရက ဖမ်းလည်းမဖမ်းနိုင်ဘူး။ ဖမ်းရမယ်ဆိုပြီး စာတစ်ခါထွက်ရင် ကောက်ရိုးမီးလိုပဲ ခဏနဲ့ပြီးသွားရော။ အဲတော့ ဒေသခံလက်လုပ်လက်စားတွေရဲ့စိတ်ထဲမှာ တရားမ၀င်လုပ်လည်းရနေတာပဲ။ ပိုက်ဆံလာတောင်းပေးလိုက်ရင်ရနေတာပဲလို့ စိတ်ထဲ၀င်သွားတယ်။ အဲတော့ အစိုးရစီမံခန့်ခွဲမှုက ကောင်းမွန်သလား။ အောင်မြင်သလား။ လက်ရှိ အသေးစားနဲ လက်လုပ်လက်စားချထားပေးရေအပေါ်မှာ အောင်မြင်တဲ့လုပ်ငန်းစဉ်ဖြစ်သလားပြောရင် အောင်မြင်တဲ့ လုပ်ငန်းစင်တစ်ရပ်မဟုတ်ဘူးဆိုတဲ့ စီမံခန့်ခွဲမှုညံတယ်လို့ ဖြေကထွက်နေပြီ။ အဲတာကို အခုလာမယ့် နောက်အစိုးရလက်ထပ်မှာ ဘယ်လို ပြန်ပြီးကုစားမလဲဆိုတဲ့ ပြန်ပြီးတော့ သယံဇာတကို ကောင်းမွန်တဲ့ ကောင်းမွန်တဲ့စီမံခန့်ခွဲမှုမျိုးဖြစ်အောင်လုပ်ပေးသင့် တယ်လို့ ကျွန်တော်မြင်တယ်” ဟု ၄င်းကဆိုသည်။
သဘာ၀ပတ်ကျင်ကျင်ပျက်စီးမှုများသည် တစ်ပိုင်တစ်နိုင်တူးဖော်မှုများ ပြုလုပ်နေသော ဒေသခံလက် လုပ်လက်စားများကြောင့်ဟု စွပ်စွဲခံနေကြောင်း၊ အစိုးရစီမံချက်တစ်ချို့တွင် ကျေးလက်နေတိုင်းရင်းသားဒေသများကို ဖွံ့ဖြိုးတိုးတက်မှုများလုပ်ဆောင်ပေးရန် အစိုးရအနေဖြင့် အားနည်းသဖြင့် မိမိတို့က ၎င်းအသေးစားလုပ်ငန်းများဖြင့် ဖားထေးနေရကြောင်း ဗန်းမောက်မြို့နယ်မှ ရွေလုပ်ငန်း တစ်ပိုင်တစ်နိုင်တူးဖော်နေသည့် လုပ်ငန်းရှင်တစ်ဦးကဆိုသည်။
“အစိုးရတွေက စီမံချက်တွေထဲမှာ မြို့နယ်ခြင်းဆက်လမ်းတွေ ပြည်နယ်ခြင်းဆက်လမ်းတွေပဲ အများဆုံးလုပ်တယ်။ ကျွန်တော်တို့လို ဗန်းမောက် နယ်စွန်နယ်ဖြားက တိုင်းရင်းသားဒေသတွေမှာ ဖွံဖြိုးရေလုပ်ပေးဖို့အားနည်းတယ်။ ကျွန်တော်တို့ အဲလုပ်ငန်းကနေပြီးတော့ ဒေသဖွံ့ဖြိုးရေးတွေလုပ်နေတယ်။ ဒေသခံတွေ လုပ်တာပေါ့နော်။ တခြားကလူတွေလာပြီး တူဖော်ရင်လဲ ဒေသအတွက် ဘယ်ဟာတော့လုပ်ပေးဆိုပြီး ပြောဆိုညှိနှိုင်းလို့ရတယ်လေ။ ကျွန်တော်တို့လဲ တရား၀င်လုပ်ဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် မြို့နယ်အဆင်နဲ့ မပြီးပြတ်ဘူး။ တိုင်းအဆင့်ပြည်နယ်အဆင်တက်မှပြီးတယ်။ တစ်ချို့လုပ်ကွက်တွေဆိုရင် တူးဖော်ပြီးလို့ အခြားနေရာရောက်နေပြီး တူးဖော်ဖို့တရား ၀င်လျှောက်ထားထားတာက မကျသေးဘူး။ အဲတော့ အစိုးရအသစ်အနေနဲ့ ဒေသခံတွေရဲ့ သယံဇာတ တစ်ပိုင်တစ်နိုင်တူးဖော်ရေးတွေကို လွယ်ကူတဲ့စီမံချက်တွေ စည်းကမ်းတွေနဲ့ဖြစ်အောင် စီမံပေးဖို့လိုမယ်လို့ထင်တယ်ဗျ” ဟု ၄င်းကဆိုသည်။
ပြီးခဲ့သည့်အစိုးရလက်ထက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသေးစားနှင့် လက်လုပ်လက်စားများ သတ္တုလုပ်ကွက်များ လျှောက်ထားခြင်းနှင့် တရားမ၀င်တူးဖော်မှုများကို ဖမ်းစီးခြင်းများမှရရှိသည့် နိုင်ငံတော်အခွန်ငွေမှာ သိန်းပေါင်းကိုးသောင်းကျော်ခန့်ရှိကြောင်း သိရသည်။