ရွေးကောက်ခံထားရသော ကရင့်ရေးရာကိုယ်စားလှယ် နော်စူစဲနာလှလှစိုး စစ်ဘေးရှောင်ကရင်ပြည်သူများကို ကူညီထောက်ပံ့မှုများပြုလုပ်ရန် စီစဉ်

ရွေးကောက်ခံထားရသော ကရင့်ရေးရာကိုယ်စားလှယ် နော်စူစဲနာလှလှစိုး စစ်ဘေးရှောင်ကရင်ပြည်သူများကို ကူညီထောက်ပံ့မှုများပြုလုပ်ရန် စီစဉ်
by -
စောထွန်းလင်း (KIC)

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ခံရသော ကရင့်ရေးရာကိုယ်စားလှယ် နော်စူစဲနာလှလှစိုးနှင့် စေတနာရှင်များက ပဲခူးတိုင်းရှိ စစ်ဘေးရှောင်ကရင်ပြည်သူများကို ကူညီထောက်ပံ့မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်နှင့် ပဲခူးတိုင်ဒေသကြီးထဲတွင်ဖြစ်ပွားခဲ့သည့် စစ်ရေးတင်းမာမှုအခြေအနေများကြောင့် တောတောင်ထဲထွက်ပြေးခဲ့ရသော ဒေသခံများအတွက် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ခံရသော ကရင့်ရေးရာကိုယ်စားလှယ်နှင့် စေတနာရှင်များက ကျပ်သိန်းတစ်ရာတန်ဖိုးရှိ ပစ္စည်းများကို ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင်များအတွက် ရေးစွဲထားသော ပန်းချီကားရောင်းရငွေအပါအဝင် စေတနာရှင်များ၊ ဆေးရုံနှင့် ဘုရားကျောင်းများက လှူဒါန်းသော စောင်၊ အနွေးထည်၊ ခေါက်ဆွဲခြောက်၊ ဆေးဝါးများအပြင် ဆန်နှင့်ပဲပါဝင်သည့် အထုပ် ၄၀၀ ကို ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများအတွက် အကူအညီများပေးနိုင်ရေး ပြည်တွင်းရှိ ကရင်လူငယ်များ၊ လူမှုအဖွဲ့အစည်းများ၊ စာပေယာဉ်ကျေးမှုကော်မတီများ၊ ကရင်ရေးရာဝန်ကြီးများက တစ်ယောက်ခြင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ တာဝန်ယူ၍ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများကို လှူဒါန်းနိုင်ရေး တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်နေကြကြောင်း သိရသည်။

KNU အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခြင်းကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကတည်းက ပြုလုပ်ခဲ့သော်လည်း KNU လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် မြန်မာ့တပ်မတော်တို့ မကြသေးခင်က ပြန်လည်ဖြစ်ပေါ်လာသည့် စစ်ရေးတင်းမာမှုများကြောင့် ဒေသခံထောင်ချီ အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...