တိုင်းရင်းသားဒေသားများတွင် မြန်မာတပ်မတော်က တပ်စွဲထားခြင်းများကို အမြန်ဆုံးရုပ်သိမ်းပေးရန်နှင့် စစ်ပွဲများရပ်တန့်ပေးရန်အပါအဝင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့၌ အင်တာနက် 4G ပိတ်ထားခြင်းများကို အမြန်ဆုံးပြန်ဖွင့်ပေးရန် မဟာမိတ်ညီနောင်သုံးဖွဲ့က ဆန္ဒပြတောင်းဆိုမှု ဂျပန်နိုင်ငံတိုကျိုမြို့ရှိ UN ရုံးရှေ့တွင် ဇန်နဝါရီ ၂၇ ရက် နေ့လယ် ၂ နာရီခန့်က ပြလုပ်ခဲ့ကြောင်း သိရသည်။
အင်တာနက်ဖြတ်ထောက်ထားခြင်းသည် အစိုးရအနေဖြင့် အခြေခံလူ့အခွင့်အရေးများကို ချိုးဖောက်ရာရောက်ပြီး အင်တာနက်အပြည့်အဝမရရှိသည့်အတွက် ကျန်းမာရေးဆိုင်ရာဗဟုသုတများ မရရှိခြင်း၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများ မပြည့်စုံခြင်းများအပါအဝင် ဒီမိုကရေစီစံချိန်စံညွန်းများကို ချိုးဖောက်နေခြင်းများဖ ြစ်သည့်အတွက် ရှုံချကြောင်းနှင့် လက်ရှိအစိုးရအနေဖြင့် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကိုအ မှန်တကယ်ဖော်ေဆာင်လိုသည်ဆိုပါက ရက္ခိုင့်တပ်တော် (AA) အား အကြမ်းဖက်အဖွဲ့အစည်းမှ ရပ်စဲကြောင်း ကြော်ငြာပေးစေလိုကြောင်း ANDP-Japan ၏ အထွေထွေအတွင်းရေးမှူး ဦးသက်ထွန်းအောင်က ပြောသည်။
“အင်တာနက်တွေဖွင့်ပေးစေချင်တယ်။ နောက်ပြီးတော့ ရခိုင်ပြည်သူတွေချစ်ခင်လေးစားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေအောင်တို့ကို ဖမ်းဆီးထားခြင်းဟာ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေရုံသာမက တိုင်းရင်းသားလူမျိုးများအကြား နားလည်မှုယုံကြည်မှုများကို များစွာထိခိုက်စေပါတယ်။ ဒါကြောင့် အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကိုရှေ့ရှုပြီး အဲဒီပုဂ္ဂုလ်တွေနဲ့ ဖမ်းဆီးခံကျောင်းသားခေါင်းဆောင်းတွေကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်” ဟု ANDP-Japan ၏ အထွေထွေအတွင်းရေးမှူး ဦးသက်ထွန်းအောင်က ပြောသည်။
ယင်းသို့ ဆန္ဒပြတောင်းဆိုခဲ့သော မဟာမိတ်ညီနောင်သုံးဖွဲ့တွင် ဂျပန်ရောက်မြန်မာနိုင်ငံတိုင်းရင်းသားများနှင့် ဖွဲ့စည်းထားသည့် ANDP-Japan၊ KNO-Japan၊ နှင့် OKO-Japan၊ တို့ဖြစ်ကြောင်း သိရသည်။