ဆန္ဒမဲပေးရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရဟု မိုးညှင်းမြို့နယ် မသန်စွမ်းရှေ့ဆောင်အဖွဲ့ ဥက္ကဌ ဦးထွန်းခင် ဝေဖန်

ဆန္ဒမဲပေးရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရဟု မိုးညှင်းမြို့နယ် မသန်စွမ်းရှေ့ဆောင်အဖွဲ့ ဥက္ကဌ ဦးထွန်းခင် ဝေဖန်

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မသန်စွမ်းအများအတွက် မဲပေးနိုင်ရန်စီစဉ်ထားသည့်ဟုဆိုသော်လည်း အမှန်တကယ်မဲပေးရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရကြောင်း မိုးညှင်းမြို့နယ် မသန်စွမ်းရှေ့ဆောင်အဖွဲ့ ဥက္ကဌ ဦးထွန်းခင်က ပြောသည်။

“အသက် ၆၀ ဆယ်အထက် ဆိုရင် ကြိုတင်မဲထည့်လို့ရတယ်။ ဒီလိုကိုးဗျ အဲတော့ ကျွန်တော်တို့ ညောင် ကုန်အုပ်စု၊ မြိုင်ရွာမှာပေါ့ အသက် ၆၀ အထက်ဆိုတဲ့ထဲမှ ကျွန်တော်က ပါသွားတာလေ။ ကျွန်တော်ပါတော့ ဘယ်လိုလုပ်သလဲဆိုတော့ ကျွန်တော်နဲ့ အသက် ၈၀ နီးပါရှိတဲ့ အဖွားကြီးတစ်ဦး အမြင်အာရုံချို့တဲ့တာပေါ့လေ ကြိုတင်မဲပေးရတယ်။ အဲပေးတဲ့အချိန်မှာ ကျွန်တော်ထင်တယ်။ ရပ်ကျေးရွေး/ကော်က ကျွန်တော်တို့ နည်းဥပဒေကို နားမလည်တာလား၊ မသိတာလား ကျွန်တော်မပြောတက်ဘူး။ ကျွန်တော်တို့မသန်စွမ်းတွေ ဦးစားပေးအဆင့်နဲ့မဲထည့်ဖို့ စီစဉ်ပေးရမယ်လို့ဆိုထားတာကိုး။ အခုက ကျွန်တော်တို့ရွာမှာ အိမ်ခြေတစ်ရာ လောက်ရှိတယ်။ အဲတော့  ကျွန်တော်တို့ မသန်စွမ်းတွေက စောင့်ပြီးမဲထည့်ခဲ့ရတယ်။ ကျွန်တော်ကတော့ထားလိုက်တော့ အဲဒီ အသက် ၈၀ နီပါးရှိတဲ့ အမြင်အာရုံချို့တဲ့တစ်ယောက်ဆိုရင် တစ်နေကုန်ထိုင်စောင့်ပြီး မဲပေးခဲ့ရတယ်” ဟု ၎င်းကပြောသည်။

မသန်စွမ်းများအတွက် အဆင်ပြေစေရန် မဲရုံများတွင် စီစဉ်ထားကြောင်း ကြေညာမှုများပြုလုပ် ခဲ့သော်လည်း မဲပေးချိန်တွင် အစဉ်မပြေမှုများကြုံတွေခဲ့ရ မသန်စွမ်းများအတွက် အဆင်ပြေချော မွေ့စွာ ဆန္ဒမဲပေးနိုင်စေရန် စီစဉ်ထားပေးခြင်းမရှိခဲ့ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ဒီမဲတွေမထည့်ခင်မှာ ပြည်ပနိုင်ငံ သုံးနိုင်ငံကနေ စပွန်ဆာပေးပြီး မသန်စွမ်းတွေကြို တင်မဲထည့်ပုံနည်းစနစ်တွေ ဒီမှာ ဟောပြောပွဲတွေ သင်တန်းတွေလုပ်သေးတယ်ဗျ။ သင်တန်းတွေပေးတဲ့ အချိန် မှာလည်း အာဏာပိုင်အဖွဲ့အစည်းတွေက မသန်စွမ်းတွေရဲ့ သွားရေးလာရေးလွယ်ကူအောင်စီမံထားတယ်လို့တော့ ပြောတာပဲ။ ကျွန်တော့ အုပ်စုမှာဆိုရင် မဲရုံက ခါးသာသာ ရင်ဘက်လောက်မြင်တဲ့ နေရာကို တက်ပြီးတော့ မဲပေးရတဲ့အချိန်ကျတော့ ကျွန်တော်တို့ မသန်စွမ်းတွေအဆင်မပြေဘူးဖြစ်သွားတယ်” ဟု ဦးထွန်းခင်က ပြောသည်။

ယခုအချိန်ထိ လုပ်ဆောင်ခဲ့သည့် ရွေးကောက်ပွဲတိုင်းတွင် ၎င်းတို့ဒေသ၌ မသန်စွမ်းများအတွက် သီခြားစီစဉ်ထားပေးခြင်းများမရှိခဲ့သောကြောင့် လာမည့်ရွေးကောက်ပွဲများတွင် မသန်စွမ်းများနှင့်ပတ်သက်သည့် အစီစဉ်များ ကိုအလေးထားလုပ်ဆောင်ပေးသင့်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...