၂၀၂၀ ရွေးကောက်ပွဲအား အတွေ့အကြုံယူသည့်သဘောဖြင့်သာ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရှမ်းပြည်နယ်ဥက္ကဌပြော

၂၀၂၀ ရွေးကောက်ပွဲအား အတွေ့အကြုံယူသည့်သဘောဖြင့်သာ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရှမ်းပြည်နယ်ဥက္ကဌပြော
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

၂၀၂၀ ရွေးကောက်ပွဲအား အတွေ့အကြုံယူသည့်သဘောဖြင့်သာ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရှမ်းပြည်နယ် ဥက္ကဌ ဦးစိုင်းလွယ်ခမ်းက ပြောသည်။

PPP ပါတီသည် ရှမ်းပြည်နယ်တွင် ကိုယ်စားလှယ် ၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းအရှေ့ကျိုင်းတုံတွင် လေးဦး၊ တာချီလိတ်တွင်နှစ်ဦး ရှမ်းတောင်အနေနှင့် တောင်ကြီးတွင် သုံးဦး၊ ရပ်စောက်တွင် သုံးဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ တစ်ဦးမှ အနိုင်မရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ၂၀၂၀ရွေးကောက်ပွဲတွင် တစ်ဦးမှ အနိုင်မရသော်လည်း ပြည်သူ့လိုအပ်ချက်များ လွှတ်တော်အမတ်များထံ ရောက်ရှိရန် ကြိုးစားပေးမည်ဖြစ်ကြောင်း ပြည်သူများ၏လိုအပ်ချက်ကို လွှတ်တော်ပြင်ပမှ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ဦးစိုင်းလွယ်ခမ်းက ကတိပြုပြောသည်။

“၂၀၂၀ ရွေးကောက်ပွဲမှာက ကျွန်တော်တို့ပါတီအနေနဲ့ နိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ထက် အတွေ့အကြုံပဲယူတဲ့သဘောနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။လွှတ်တော်ပြင်ပအနေနဲ့ ကျွန်တော်တို့လုပ်ဆောင်မှာက အနိုင်ရတဲ့ပါတီဘက်ကိုလေ့လာပြီး ပြည်သူတွေရဲ့ လိုအပ်ချက်ပိုင်းမှာ လွှတ်တော်ထဲရောက်အောင် လွှတ်တော်ထဲရောက်တဲ့ သူတွေဆီ ပြည်သူတွေရဲ့အသံကို လွှတ်တော်ထဲရောက်အောင် ကျွန်တော်တို့ကြိုးစားပေးသွားပါမယ်” ဟု ရှေ့ဆက် ၎င်းတို့ပါတီ၏ ရပ်တည်ချက်များကို ဦးစိုင်းလွယ်ခမ်းက ရှင်းပြသည်။

ထို့ပြင် PPP ပါတီအနေဖြင့် ရှမ်းပြည်နယ်တွင်း လူထုဘ၀မြှင့်တင်ပေးရန် ဦးစားပေးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဆက်လက်၍ ၎င်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့,ဖွဲ့ရာတွင် ဒေသအတွက် အမှန်တကယ်လိုအပ်သော၊ အကောင်းဆုံး လုပ်ဆောင်ပေးနိုင်သောသူမျိုးကို ဝန်ကြီးအဖြစ်ခန့်အပ်ရန် အကြုံပြုလိုကြောင်းနှင့် အနိုင်ရပါတီများနှင့် ပြည်သူများအတွက် ပံ့ပိုးပေးသွားနိုင်ရန်အစီအစဉ်ရှိသည်ဟု ဆိုသည်။

လက်ရှိတွင် PPP  ပါတီအနေနှင့် တောင်ကြီးမြို့တွင် လူငယ်များ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများကို ပါတီမှဦးဆောင်၍ သင်တန်းပို့ချခြင်းများကို ဆောင်၍လျက်ရှိကြောင်းသိရသည်။

ပြည်သူ့ရှေ့ဆောင်ပါတီကို ၂၀၁၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ တရားဝင် နိုင်ငံရေးပါတီမှတ်ပုံတင်ရရှိခဲ့ကာ ၂၀၂၀ ရွေးကောက်ပွဲအား ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်များမှအပ ကျန်တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် ကိုယ်စားလှယ်လောင်း ၂၃၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသော်လည်း တစ်နေရာမှ အနိုင်မရရှိခဲ့ပေ။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...