အာဏာပိုင်များ ဖိအားပေးမှုကြောင့် ဖြုတ်ချလိုက်ရသည့် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးရုပ်ထု ပြန်လည်တင်မြောက်နိုင်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်းရန်စီစဉ်

အာဏာပိုင်များ ဖိအားပေးမှုကြောင့် ဖြုတ်ချလိုက်ရသည့် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးရုပ်ထု ပြန်လည်တင်မြောက်နိုင်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်းရန်စီစဉ်
by -
စောထွန်းလင်း(ကေအိုင်စီ)

ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းက ဖြုတ်ချလိုက်ရသည့် ဘဲဂရက်ကျေးရွာရှိ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးရုပ်ထု ပြန်လည်တင်မြောက်နိုင်ရေးအတွက် ကရင်အဖွဲ့အစည်းအသီးသီးနှင့်အလွှာအသီးသီး ပါဝင်သည့် ကော်မတီတစ်ရပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

ရုပ်ထုပြန်လည်တင်မြောက်နိုင်ရေးနှင့်ပတ်သက်သည့် အစည်းအဝေးတစ်ရပ်ကို ဇန်နဝါရီ ၂၆ ရက် က ကန်ကြီးဒေါင့်မြို့နယ် ကွင်းယားကြီးကျေးရွာ၊ ပေါ်တော်မူကျောင်းရှိ ဖားစည်ပြတိုက်တွင် ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ကော်မတီတစ်ခုဖွဲ့စည်းရန် သဘောတူဆုံးဖြတ်ခဲ့ကြခြင်းလည်းဖြစ်သည်။

အစည်းအဝေးတက်ရောက်ခဲ့သူ ကရင်အမျိုးသားသဟာယအဖွဲ့နာယကဖြစ်သူမန်းသက်နိုင်ဦးက “ရုပ်ထုပြန် လည်ဖြစ်မြောက်ရေးအတွက် ဥပမာ နိုင်ငံရေးပါတီတွေ၊ လူငယ်တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ စာယဉ်တွေအား လုံးပေါ့။ ဒီအရေးအရာမှာ ပါဝင်နိုင်တဲ့သူတွေအားလုံးပါဝင်လာဖို့ ဖိတ်ခေါ်သွားမယ်” ဟု ပြော သည်။

ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ ဇာတိဘဲဂရက်ရွာတွင် စိုက်ထူထားသည့် စောဘဦးကြီးကိုယ်တပိုင်း ကြေးရုပ်ထုကို ဒေသအာဏာပိုင်များ၏ ဖိအားပေးမှုများကြောင့် ပြီးခဲ့သည့် ဇန်နဝါရီ ၃ရက် ညနေပိုင်းက ဖြုတ်ချထားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယနေ့ကျင်းပသည့် အစည်းအဝေးတွင် ကရင်နိုင်ငံရေးပါတီများ၊ အခြားနိုင်ငံရေးပါတီဝင်ကရင်အမျိုးသားများ၊ ဧရာဝတီကရင်လူငယ်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေယဉ်ကျေးမှုကော်မတီဝင်များ၊ ကရင်ဥပဒေ ပညာရှင်များ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ထိုသို့ဆွေးနွေးကြရာတွင် ရုပ်ထုပြန်လည်တင်မြောက်နိုင်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်းလုပ်ဆောင်မည့် ဆုံးဖြတ် ချက်များအပြင် စောဘဦးကြီးရုပ်ထုနှင့်ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေမည့်နည်းလမ်းများဖြင့် ကြိုးပမ်းလုပ်ဆောင်သွားမည်ဆိုသည့် ဆုံးဖြတ်များကိုပါ ချမှတ်နိုင်ခဲ့ကြသည်ဟု အစည်းအဝေးတက် ရောက်သူများထံမှသိရသည်။

စောဘဦးကြီးရုပ်ထုပြန်လည်တင်မြောက်နိုင်ရေးအတွက် ယနေ့ပဏာမအစည်းအဝေးခေါ်ယူဆွေးနွေးခြင်းသာဖြစ်ပြီး နောက်ထပ်အစည်းအဝေးများခေါ်ယူညှိနှိုင်းပြီးမှသာ အဆိုပါကော်မတီဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်မည်လုပ်ငန်းစဉ်များ၊ လုပ်ငန်းတာဝန်များကို ချမှတ်ဖွဲ့စည်းလုပ်ဆောင်သွားမည်ဟု သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...