ရခိုင်က မြို့နယ်ခုနစ်မြို့နယ်အား အင်တာနက်အမြန်နှုန်း 4G အဖြစ်သို့ အဆင့်မြင့်ပေးရန်အဆို ပြည်နယ်လွတ်တော်အတည်ပြု

ရခိုင်က မြို့နယ်ခုနစ်မြို့နယ်အား အင်တာနက်အမြန်နှုန်း 4G အဖြစ်သို့ အဆင့်မြင့်ပေးရန်အဆို ပြည်နယ်လွတ်တော်အတည်ပြု
by -
ကောင်းကျော်နိုင်

ရခိုင်ပြည်နယ်မှ မြို့နယ်ခုနစ်မြို့နယ်အပါအဝင် ချင်းပြည်နယ် ပလက်ဝတို့တွင် အင်တာနက် 2G အမြန်နှုန်းမှ 4G အမြန်နှုန်းသို့ အဆင့်မြင့်ပေးရန် တောင်းဆိုသည့်အဆိုးအား ယနေ့ (ဇန်နဝါရီ ၁၉ ရက်) တွင်ကျင်းပသည့် ရခိုင်ပြည်နယ် လွတ်တော်အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သိရသည်။

ယင်းအဆိုအား ကျောက်တော်မြို့နယ်၊ မဲဆန္ဒအမှတ် ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ဇန်နဝါရီ ၁၄ ရက်က ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ တိကျမှန်ဆန် မြန်ဆန်မှုရှိစေရန်၊ ပြည်သူများအကြား လွတ်လပ်မှုနှင့် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ရည်ရွယ်၍ 4G အင်တာနက်အဆင့်တိုးမြှင့်ပေးရန် အဆိုတင်သွင်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်သုံးဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှ မြို့နယ်ခုနစ်မြို့နယ်အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့အား အင်တာနက် 4G ပိတ်ထားခြင်းမှာ (၂) နှစ်နီးပါးခန့်ရှိနေပြီဖြစ်ပြီး ရခိုင်လက်နက်ကိုင်အဖွဲ့နှင့် မြန်မာတပ်မတော်တို့အကြား ပစ်ခတ်မှုမဖြစ်ပွားသည်မှာ သုံးလနီးပါးဖြစ်နေပြီဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း အင်တာနက် 4G ပိတ်ထားသည့်အတွက် ဒေသတွင်း သတင်းအချက်အလက်များ အမှောင်ချခံနေရသည်များလည်းရှိကြောင်းနှင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့အခန်းကဏ္ဍများမှာ ထိခိုက်နစ်နာမှုရှိကြောင်း အင်တာနက် 4G အပိတ်ခံထားရသည့် မြောက်ဦးမြို့၊ အောင်တပ်ရပ်ကွက်မှ ဦးချစ်ကောင်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့သည် အင်တာနက် 4G အပိတ်ခံထားရခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...