ရှမ်းပြည်နယ်တွင် ပညာရေးကဏ္ဍပိုမိုတိုးတက်စေရေး အဓိကထားရန် SNDP တိုက်တွန်း

ရှမ်းပြည်နယ်တွင် ပညာရေးကဏ္ဍပိုမိုတိုးတက်စေရေး အဓိကထားရန် SNDP တိုက်တွန်း
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ငြိမ်းချမ်းမှုမရှိသေးသည့် ရှမ်းပြည်နယ်တွင် ပညာရေးကဏ္ဍပိုမိုတိုးတက်စေရေး ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) တိုက်တွန်းထားကြောင်း သိရသည်။

 

ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းတွင် (NLD) ပါတီမှ ဒေါက်တာအောင်မိုးညိုဦးဆောင်သော သုံးဦး ကိုယ်စားလှယ်အဖွဲ့နှင့် ကျားဖြူပါတီဟု လူသိများသော ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) မှ ကိုယ်စားလှယ်နှစ်ဦးတို့ ပြည်နယ်ဒီချုပ်ရုံးတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

 

“အသေးစိပ်ဆွေးနွေးချက်အနေနဲ့ ကျွန်တော်ရှမ်းပြည်နယ်မှာ ပညာရေးနဲ့ပတ်သက်တာ ကလိုအပ်ချက်တွေ အများအပြားရှိတဲ့  အလျောက် ငြိမ်းချမ်းမှုမရရှိတဲ့ ကျွန်တော်တို့ရှမ်း ပြည်နယ်ရဲ့ပညာရေး အတွက် အခုလက်ရှိအစိုးရကနေ ပိုမိုပြီး ဆောင်ရွက်ပေးဖို့ ထိုနည်း တူစွာပဲ စီးပွားရေး လမ်းပမ်းဆက်သွယ်ရေး အနေဲ့ နဲ့ ကျွန်တော်တို့ရှမ်း ပြည်နယ်အတွက် ဦးစားပေး ဆောင်ရွက်ပေးနိုင်ဖို့ ဆွေးနွေး ခဲ့ပါတယ် ” အဆိုပါတွေ့ဆုံပွဲတက်ရောက်ခဲ့သည့် SNDP ၏ ဗဟိုကော်မတီအဖွဲ့ဝင် ကိုစိုင်းနောင့် ကပြောသည်။

အဆိုပါ တွေ့ဆုံပွဲနှင့်ပတ်သက်၍ SNDP ပါတီ၏ အလုပ်အမှုဆောင်အဖွဲ့ဆုံးဖြတ်ချက်နှင့် လာရောက်တွေ့ဆုံခြင်းဖြစ်ပြီး အနာဂတ်နိုင်ငံရေးတွင် NLD နှင့် SNDP ပါတီ၏ ပူးပေါင်းဆောင်ရွက်နိုင်မည့် လမ်းစဉ်များ၊ ပြည်သူလူထု၏ ဘ၀မြှင့်တင်ရေးအတွက် လိုအပ်နေသည့် ပညာရေး၊ ကျန်းမရေး၊ စီးပွားရေး စသည့် အကြောင်းအရာများနှင့် ပြည်သူလူထုဘ၀လုံခြုံဖို့ရေးတွက် လိုအပ်နေသည့် ရှမ်းပြည်နယ်၏ တရားဥပဒေစိုးမိုးရေး အပိုင်းများ ဆွေးနွေးခဲ့ကြကြောင်း ကိုစိုင်းနောင့် ကပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...