“ဒီတစ်ခေါက်ကတော့ ကျွန်တော်တို့ကို တာဝန်ပေးအပ်လာခဲ့မယ်ဆိုရင်တော့လဲ ဆောင်ရွက်သွားဖို့ အဆင်သင့်ရှိပါတယ်”

“ဒီတစ်ခေါက်ကတော့ ကျွန်တော်တို့ကို တာဝန်ပေးအပ်လာခဲ့မယ်ဆိုရင်တော့လဲ ဆောင်ရွက်သွားဖို့ အဆင်သင့်ရှိပါတယ်”
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

NLDနှင့်တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ SNLD မှ အတွင်းရေးမှူး - ၁ (ဦး) စိုင်းကျော်ညွန့်နှင့်အင်တာဗျူး

ဒေါက်တာအောင်မိုးညိုဦးဆောင်သည့် NLD ကိုယ်စားလှယ်အဖွဲ့နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့သည် တောင်ကြီးမြို့ရှိ NLD ၏ ပြည်နယ်ရုံးခွဲတွင် ဇန်နဝါရီ ၁၅ ရက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းနှစ်ဖွဲ့သည် တွေ့ဆုံဆွေးနွေးရန် ခက်ခဲခဲ့ပြီး ဆွေးနွေးပွဲဖြစ်ပေါ်ရန် နှစ်ဖက်လုံးက သုံးကြိမ်ခန့် ကြိုးပမ်းခဲ့ပြီးနောက် ယခုလို တွေ့ဆုံးဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ယင်းဆွေးနွေးပွဲတွင် မည်သည့်အကြောင်းအရာများဆွေးနွေးခဲ့ပြီး မည်သည်တို့ကို သဘောတူညီမှုများ ရခဲ့ယူခဲ့ကြောင်းနှင့်ပတ်သက်၍ SNLD မှ အတွင်းရေးမှူး ၁ (ဦး)စိုင်းကျော်ညွန့်အား မေးမြန်းဖြစ်ခဲ့ပါသည်။

မေး - ဒီနေ့တွေ့ဆုံပွဲရဲ့ရလဒ်က ဘယ်လိုပြောနိုင်မလဲ။

စိုင်းကျော်ညွန့်- တွေ့ဆုံပွဲရဲ့ ရလဒ်ကို ခြုံပြီးပြောရရင် အင်မတန်ကောင်းမွန်တယ်လို့ပြောလို့ ရတယ် ။ ဒီနေ့တွေ့ဆုံမှု ဆိုတာကလည်း သုံးကြိမ်မြောက်လို့တောင်ပြောလို့ရတယ် ။ ပြီးခဲ့တဲ့ ၇ ရက်နေ့မှာတုန်းက ကျွန်တော်တို့ဗဟိုဌာနချုပ်ပို NLD ဖက် ကနေ အဆင့်မြင့် ပုဂ္ဂိုလ် ဗဟိုဌာနချုပ်ကိုလာတွေ့တယ် ။ မနေ့မှာဆို ရင်လည်း ဆရာအောင်မိုးညိုတို့ကလည်း ဒီမှာနေတဲ့ ဒုဥက္ကဌကို အလွတ်သဘော တွေ့ဆုံခဲ့တာတွေရှိတယ် ဆိုတော့ ဒီနေ့ကျွန်တော်တို့နဲ့တရားဝင်တွေ့တာပေါ့ ။ ဒီတရားဝင်မတွေ့ခင်တော့ အလွတ်သဘော တွေ့ဆုံခဲ့တာ တွေရှိတယ် ။ လွမ်းခြုံပြီးပြောရရင် အင်မတန်မှ ကောင်းမွန်တဲ့ တွေ့ဆုံမှုလို့ပြောလို့ရတယ်ဗျ ။

မေး - ဒီနေ့တွေ့ဆုံ ပွဲမှာ ဘာတွေ ဆွေးနွေးဖြစ်ခဲ့လဲ ။

စိုင်းကျော်ညွန့် - အဓိက အားဖြင့် အမျိုးသား ညီညွတ်ရေးကိစ္စ  ပေါ့ ။ အားလုံးသိတဲ့ အတိုင်း မွန်တို့ ၊ ကယားတို့ မှာ သိပ်အဆင်မပြေခဲ့တာလဲရှိ တယ်။ ကျွန်တော်တို့ ရှမ်းပြည်လာတဲ့ ခါအဲ့လိုလဲမဖြစ်ချင်ဘူး ။ NLD ဆိုတာလဲ ကျွန်တော်တို့ SNLD နဲ့လွန် ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကတည်းက အတူတူ အလုပ်လုပ်ခဲ့တဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်တယ် ။ ပြီးခဲ့တဲ့ ၂၀၁၅ လောက်တုန်းကတော့ အကြောင်း အမျိုးမျိုးကြောင့် ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့တာတွေ မရှိခဲ့ဘူးပေါ့လေ ။ ဒီတစ်ခေါက်တော့ ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေး ကိစ္စတွေ ငြိမ်းချမ်းရေး လုပ်ဆောင် တဲ့ ကိစ္စတွေ မှာ ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်နိုင်မယ်လို့လဲ မြင်တယ် ။ ကျွန်တော်တို့ SNLD ရဲ့ပါတီမူဝါဒက ဒီပြည်ထောင်စုကြီးကို ဘယ်လို တည်ဆောင်မယ်ဆိုတဲ့ မျှော်မှန်းချက်မျိုး ဖြစ်စေချင်တာမျိုး။ စံတန်ဖိုးတွေ အမျိုးသားတန်းတူရေး ၊ ဒီမိုကရေစီတို့ ၊ လူ့အခွင့် အရေးတို့ စုံလင်ကွဲပြားမှုတွေ စုပေါင်းခေါင်းဆောင်မှုတွေ လူနည်းစုကို ကာကွယ်ခြင်းဆိုတဲ့ ကျွန်တော်တို့ SNLD ရဲ့ စံတန်ဖိုးတွေကို ဒါဆွေးနွေးကြတယ်တင်ပြတယ် ။ ကျွန်တော် တို့ပါတီရဲ့မူဝါဒ အကျဉ်းချုပ်တော့ ရှင်းပြတယ် ။

မေး - SNLD ဖက်က နိုင်ငံရေး အရတောင်းဆိုချက်တွေရှိခဲ့လား ။ ဘာတွေတောင်းဆိုခဲ့လဲ။

စိုင်းကျော်ညွန့် - ဒါကတော့ ကျွန်တော်တို့ မူဝါဒအကြောင်းပြောတယ်။ ဒီပြည်ထောင်စုကြီးကို ဘယ်လိုတည ်ဆောက်ချင်လဲဆိုတဲ့အကြောင်းပြောတယ်  ။ ဒါတွေကိုလုပ်ဆောင်တဲ့နေရာမှာ ဘယ်လို ပူးပေါင်း လုပ်ဆောင်ကြ မလဲ။ လွှတ်တော်မှာ ဥပဒေပြုရေးရော အုပ်ချုပ်ရေးရော အခြားပိုင်းတွေမှာရော ဘယ်လိုပူးပေါင်း ဆောင်ရွက်နိုင် မလဲ။ အဲ့လိုမျိုးတော့ အပြန်အလှန်ဆွေး နွေးတာမျိုးတော့ ရှိပါတယ် ။

မေး - SNLD ရဲ့ ဒီနေ့တင်ပြချက်တွေမှာ လာမယ့်အစိုးရသစ်လက်ထက်မှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်သလဲ။

စိုင်းကျော်ညွန့် - အများကြီးတော့ အကျိုးသက်ရောက်မှုရှိလိမ့်မယ်လို့မြင်တယ်။ပြီးခဲ့တဲ့ ၂၀၁၅ သက်တမ်းမှာ NLD ကိုယ်တိုင်က ကျွန်တော်တို့ကို ကမ်းလှမ်းခဲ့တာတွေ ရှိတယ် ။ ကျွန်တော်တို့က ပါတီ တည်ဆောက်ရေးကို လုပ်နေရတဲ့အတွက်ကြောင့်မို့လို့ အဲ့ဒီ အချိန်မှာ NLD ကို ထဲထဲဝင်ဝင်မကူညီခဲ့နိုင်သေးဘူးပေါ့ဗျာ။ ဒီတစ် ခေါက်ကတော့ ကျွန်တော်တို့ကို တာဝန်ပေးအပ်လာခဲ့မယ်ဆိုရင်တော့လဲ ဆောင်ရွက်သွားဖို့ အဆင်သင့် ရှိပါတယ် ။

မေး - ပြည်ထောင်စုအဆင့်မှာရော တိုင်းရင်းသားပါတီတွေကို နေရာပေးဖို့တင်ပြခဲ့တာရောရှိလား။

စိုင်းကျော်ညွန့် - အဲ့လိုမျိုးကတော့ ယေဘုယျဆန်ဆန်ပူးပေါင်းဆောင်ရွက်တယ် ဆိုရင်တော့ ဒီတိုင်းတော့ ပူးပေါင်းဆောင်ရွက်လို့လည်းရမှာ မဟုတ်ဘူးလေ။ တာဝန်တစ်ချို့တစ်ချို့ကို ခွဲဝေပေးတာတို့  အဲ့လိုမျိုးဆို ရင်တော့၊ ဒါမှလည်း ပူးပေါင်းဆောင်ရွက်မှုက ပီပြင်မှာဖြစ်တယ် ။ ပိုပြီးတော့အလုပ်လုပ်တဲ့ အချိန်မှာ လုပ်နိုင်တဲ့ တာဝန်ပေးမှာလည်းရမှာကို ။

မေး - ဒီတွေ့ဆုံပွဲတွေအပြီး ထင်သလောက်အဆင်မပြေခဲ့ရင် SNLD ပါတီ အနေနဲ့ ဘာဆက်လုပ် သွားဖို့ရှိမလဲ။

စိုင်းကျော်ညွန့် - ကျွန်တော်တို့က ဒီမိုကရေစီ အကျင့်ခံတွေ ခိုင်မာအား ကောင်းအောင်လုပ် ဆောင်နေနဲ့ အဖွဲ့အ စည်း တစ်ခုဖြစ်တယ် ။ ဒီမိုကရေစီကို သွားနေတယ် ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့လုပ်နေသ၍တော့ မည်သည့် အဖွဲ့အစည်းနဲ့ မဆို လက်တွဲသွားဖို့ရှိတယ် ။ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်တဲ့ အတိုင်းအတာ အခြေအနေ ပေါ်မူတည်ပြီးတော့ အနည်းငယ်ပဲ ကွဲပြားကောင်းကွဲပြားလိမ့်မယ် ။ ၁၉၈၈ နောက်ပိုင်း ပါတီစထူထောင်လာကတည်းက အဲ့ ဒီခေတ်တုန်းက CRPP ခေါ်မှာ ပေါ့ ကျွန်တော်တို့ ဥက္ကဌ ကြီးနဲ့ NLD ဥက္ကဌ နဲ့ ပြောဆိုခဲ့တာတွေလဲရှိပါတယ် ။ ဒီမိုကရေစီနဲ့ဖယ် ဒရယ် ဆို တာ ဒင်္ဂါးပြားရဲ့ ကျော်ချင်းကပ်လိုပဲဖယ်ဒရယ် အရင်လား။ ဒီမိုကရေစီအရင်လားဆိုတာ မျိုး မရှိဘူး။ပြိုင်တူလုပ်ရမယ့် သဘောတရားမျိုးဖြစ်တယ် လို့ကျွန်တော်တို့လူကြီးတွေ ဟိုးခေတ်ကတည်းကပြောခဲ့ကြတယ် ဆွေးနွေးခဲ့ကြတယ်။ အဲ့ဒီမူ အတိုင်းပဲ ကျွန်တော်တို့ဆက်သွားမှာဖြစ်တယ်။

မေး - NLD ကဖော်ဆောင်မယ့် အမျိုးသားညီညွှတ်ရေး အစိုးရ အပေါ် ဘယ်လောက်ထိ ယုံကြည်ထားလဲ။

စိုင်းကျော်ညွန့် - လောလောဆယ်ကတော့ ဘယ်လိုပြောမလဲ  နှစ်ပေါင်းမြောက်များစွာ အတူတကွ ပူးပေါင်းပြီး တော့ လုပ်ခဲ့တဲ့ အဖွဲ့အစည်းတွေပေါ့လေ ပြီးခဲ့တဲ့ငါးနှစ်တာ ကသာ ခဏတာလေး ခပ်ခွာခွာလေးနေသလို ဖြစ်တော့ ဖြစ်ခဲ့တယ်ပေါ့ ။ဒါပေမဲ့ ကျွန်တော် တို့ နှစ်ဖက်ပါတီရဲ့ ရည်ရွယ်ချက်တွေ ကျွန်တော်မြင်တာကတော့ အရမ်းကြီးကွဲပြားမှာ မဟုတ်ပါဘူး ။

Most read this week

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...