ပြည်ထောင်စုလွှတ်တော် အထူးအစည်းဝေး ခေါ်ယူကျင်းပပေးရေးတောင်းဆိုချက် ပြည်ထောင်စုလွှတ်တော်နာယက ပယ်ချ

ပြည်ထောင်စုလွှတ်တော် အထူးအစည်းဝေး ခေါ်ယူကျင်းပပေးရေးတောင်းဆိုချက် ပြည်ထောင်စုလွှတ်တော်နာယက ပယ်ချ
by -
ကောင်းကျော်နိုင်

ပြည်ထောင်စုလွှတ်တော် အထူးအစည်းဝေး ခေါ်ယူကျင်းပပေးရန် တပ်မတော်သားကိုယ်စားလှယ်အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးက တောင်းဆိုထားသည့်ကိစ္စ ပြည်ထောင်စုလွှတ်တော်ရုံး ပယ်ချလိုက်ကြောင်း သိရသည်။

အဆိုပါ အထူးအစည်းအဝေးခေါ်ယူရန် မလိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက၏ ပြန်ကြားချက်ကိုတောင်းဆိုသူ ဦးသောင်းအေးနှင့် အဖွဲ့အား သတင်းထုတ်ပြန်ချက်အမှတ် ၁/၂၀၂၁ ဖြင့် ပြန်ကြားထားပြီးဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု လွှတ်တော်ရုံးက ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော် အထူးအစည်းဝေး ခေါ်ယူကျင်းပပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၃၆ ဦး၊ရခိုင်အမျိုးသားကိုယ်စားလှယ် လေးဦး၊ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၁၆၀ ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦး (ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံကျော်) က တောင်းဆိုထားခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးက ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းသို့ ပြည်ထောင်စုလွှတ်တော်အထူးအစည်းဝေး ခေါ်ယူကျင်းပပေးရေးနှင့်ပတ်သက်၍ ဖွဲ့စည်ပုံအခြေခံဥပဒေ ပုဒ်မ ၈၁ (က) တွင် ပြည်ထောင်စုလွှတ်တာ်အစည်းအဝေး ကျင်းပဆဲကာလဖြစ်လျှင် ယင်းအစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ရမည်၊ (ခ) တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပဆဲကာလမဟုတ်လျှင် အနီးကပ်ဆုံးအစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ရမည်၊ (ဂ) တွင် အများပြည်သူအကျိုးငှာ အလျှင်အမြန် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အထူးအစည်းအဝေး သို့မဟုတ် အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပ၍ ဆွေးနွေးဆုံးဖြတ်ရမည်ဟုလည်းကောင်း၊ ပုဒ်မ(၈၂) တွင် ပြည်ထောင်စုအစည်းအဝေးကိုဖြစ်စေ၊ အရေးပေါ်အစည်းအဝေးကိုဖစ်စေ ကျင်ပရန်လိုအပ်လျှင် ပြည်ထောင်စုလွှတ်တော်နာယကက ခေါ်ယူကျင်းပနိုင်သည်ဟူ၍လည်းကောင်း၊ ပုဒ်မ (၈၃) တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ခေါ်ယူကျင်းပ ပေးရန် နိုင်ငံတော်သမ္မတက အကြောင်းကြားလျှင် ပြည်ထောင်စုလွှတ်တော်နာယကသည် ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးကိုဖြစ်စေ၊ အရေးပေါ်အစည်းအဝေးကိုဖြစ်စေ အမြန်ဆုံး ခေါ်ယူကျင်းပရမည်ဟူ၍လည်းကောင်း၊ ပုဒ်မ (၈၄) တွင်  ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပပေးရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံတစ်ပုံက တောင်းဆိုလျှင် ပြည်ထောင်စုလွှတ်တော်နာယက အထူးအစည်းအဝေး အမြန်ဆုံးခေါ်ယူကျင်းပရမည်ဟူ၍လည်းကောင်း ဖော်ပြထားသည်ဟု ပြည်ထောင်စုလွှတ်တော်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၃ နှင့် ၈၄ ပါ ပြဌာန်းချက်များအရ အထူး၊ အရေးပေါ် အစည်းအဝေးခေါ်ယူကျင်းပပေးရန် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး လေးပုံတစ်ပုံက တောင်းဆိုရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၁ ပါ ပြဌာန်းချက်များနှင့် ညီညွတ်ရန်မှာ အဓိကလိုအပ်ချက်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တင်ပြစာပါ အထူးအစည်းအဝေးအတွက် အဓိကအကြောင်းပြချက်ကို စိစစ်ရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားကန့်ကွက်မှုများအတွက် ပြည်သူ့ကိုယ်စားလှယ်များနှင့် စုးပေါင်းတိုင်ပင်အဖြေရှာ ဆုံးဖြတ်နိုင်ရန်ဟု တွေ့ရှိရပြီး လက်ရှိလွှတ်တော်သက်တမ်းကို မှန်ကန်စွာ အဆုံးသတ်ပိန်သိမ်း၍ သက်တမ်းအသစ်တစ်ခုကို ဥပဒေနှင့်အညီ ညင်သာချောမွေ့စွာ ကူးပြောင်းနိုင်ရန်လည်း တင်ပြထားသည်ဟု ဆိုသည်။

ထို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၂ တွင် ရွေးကောက်ပွဲတင်မြောက်ခြင်းလုပ်ငန်းများ၊ ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့်စပ်လျဉ်းသည့် အယူခံအမှုများနှင့် ပြင်ဆင်မှုများ၊ နိုင်ငံရေးဆိုင်ရာ ဥပဒေအရဆောင်ရွက်သော ကိစ္စရပ်များက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် အတည်ဖြစ်စေရမည်ဟူ၍လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၁ တွင်လည်း ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများ၊ ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ချက်များ အမိန့်များနှင့်စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရဆောင်ရွက်သော ကိစ္စရပ်များက ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ်ဖြစ်စေရမည်ဟူ၍လည်းကောင်း ပြဌာန်းထားသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလို ကိုဗစ်ဖြစ်ပွားနေသည့်ကာလတွင် ဒုတိယလွှတ်တော်သက်တမ်းကာလ ရက် ၂၀ ခန့်သာ ကျန်ရှိနေချိန် အထူးအစည်းအဝေးခေါ်ယူမည်ဆိုပါက လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ အနည်းဆုံး ၁၅ ရက် ကြိုတင်ဖိတ်ကြားရမည်ဖြစ်၍ အစည်းအဝေးပြုလုပ်ရန် သုံးရက်ခန့်သာရှိနိုင်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တတိယအကြိမ်လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးများကို မဖြစ်မနေ ကျင်းပရန်လိုအပ်သည်ဟုဆိုသည်။

ထိုကြောင့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပရန် မလိုအပ်သဖြင့် အထူးအစည်းအဝေးခေါ်ယူကျင်းပရန်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...