ကချင်ပြည်နယ်တစ်ခုလုံးတွင် ဖားကန့်မြို့နယ်သည် မဲမသာမှုဖြစ်နိုင်သောမဲစာရင်း အများဆုံးဖြစ်

ကချင်ပြည်နယ်တစ်ခုလုံးတွင် ဖားကန့်မြို့နယ်သည် မဲမသာမှုဖြစ်နိုင်သောမဲစာရင်း အများဆုံးဖြစ်
by -
ခေါင်ညွယ် (KNG)

တပ်မတော်အနေဖြင့် မဲစာရင်းစိစစ်တွေ့ရှိချက်များကို ထုတ်ပြန်လျက်ရှိရာ ကချင်ပြည်နယ်တစ်ခုလုံးတွင် ဖားကန့်မြို့နယ်သည် မဲမသာမှုဖြစ်နိုင်သောမဲစာရင်း အများဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ မဲစာရင်းများနှင့်ပတ်သက်ပြီး တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့်ထုတ်ပြန်ခဲ့ရာ ကချင်ပြည်နယ်တွင်း မြို့နယ်ပေါင်း ခုနစ်ခု မြို့နယ်ပါဝင်လျက်ရှိပြီး ယင်းမြို့နယ်များအနက် ဖားကန့်မြို့နယ်တွင် တိုက်ဆိုင်စီစစ်ရန် ထုတ်ပြန်သည့် မဲစာရင်းသည် မဲမသမာမှုပြုနိုင်သော ထပ်နေသောမဲစာရင်း ၇၂၄၁ ခု၊ မဲမသာမှုဖြစ်နိုင်သော မဲစာရင်း ၁၇၀၄၅ ခု စုစုပေါင်း ၂၄၂၈၆ ခုဖြစ်သည်။

ဖားကန့်မြိ့နယ်သည် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိမဲဆန္ဒရှင်ပေါင်း ပြည်ထောင်စုရွေးကော်ပွဲ၏ ထုတ်ပြန်ချက်အရ ၁၈၄၀၆၂ ရှိရာတွင် မဲမသာမှုစာရင်း၊ထပ်နေသာမဲစာရင်းများ၊ တစ်ကြိမ်ထက်မနည်းမဲပေးခွင့်ရှိသူများစာ ရင်းထုတ်ပြန်ချက်တွင် ပါဝင်သည့်မြို့နယ်များသည် တနိုင်းမြို့နယ်၌ ၅၉၇၃ခု ၊မြစ်ကြီးနားမြို့နယ် ၌ ၁၁၃၇၆ ခု၊ ဗန်းမော်မြို့နယ်၌ ၁၄၉၃၃ ခု၊ ဆော့လော်မြို့နယ်၌ ၇၁၂ ခု၊ မိုးမောက်မြို့နယ်၌ ၆၀၆၃ ခု၊ ဆွမ်ပရာဘွမ်မြို့နယ် ၈၃ ခုရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲအလွန်ကာလ တပ်မတော်သားများ မဲပေးခဲ့သည့်မြို့နယ်များတွင် မဲစာရင်းမသမာမှုများ၊ တစ်ကြိမ်ထက်မဲပေးခွင့်ရှိသူများ၊ မဲစာရင်းထပ်နေမှုများအား တပ်မတော်အနေဖြင့် ဒီဇင်ဘာ ၂၃ ရက်မှ ဇန်နဝါရီ ၁၀ ရက်အထိ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်၏ ဒီဇင်ဘာမှ ဇန်နဝါရီအထိ တစ်နိုင်ငံလုံးတွင် မဲမသမာမှုပြုနိုင်သော ထုတ်ပြန်ထားသည့် မဲစာရင်းသည် တစ်ကြိမ်ထက်ပိုပြီး မဲပေးခွင့်ရစေနိုင်သော မဲမသာမာမူပြုနိုင်သည့် ထပ်နေသောမဲစာရင်း (၁၃၃၃၄၅၅၀) မဲမသာမာမူဖြစ်နိုင်သည့် အခြားမဲစာရင်း (၂၇၂၅၂၈) စုစုပေါင်း မဲမသာမာမမှုဖြစ်နိုင်သည့် မဲစာရင်း ၄၅၅၈၈၃၁ ခု ရှိပြီဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်း ၁၁ သိန်းနီးပါးခန့်ရှိခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...