လာမည့်ရွေးကောက်ပွဲများတွင် ရလဒ်ပိုမိုကောင်းမွန်ရေး ရှမ်းနီပါတီများ ပေါင်းစည်းသွားဖွယ်ရှိ

လာမည့်ရွေးကောက်ပွဲများတွင် ရလဒ်ပိုမိုကောင်းမွန်ရေး ရှမ်းနီပါတီများ ပေါင်းစည်းသွားဖွယ်ရှိ

လာမည့်ရွေးကောက်ပွဲများတွင် ရလဒ်ပိုမိုကောင်းမွန်ရေး ရှမ်းနီပါတီများပူးပေါင်း၍ တစ်ပါတီတည်းဖွဲ့စည်းသွားရန်ရှိကြောင်း သိရသည်။

ရှမ်းနီတိုင်းရင်းသားများအား ကိုယ်စားပြုဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီနှစ်ခုရှိပြီး ၎င်းတို့မှာ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီတို့ဖြစ်ကာ ၎င်းတို့သည် တစ်ပါတီတည်း ပေါင်းစည်းနိုင်ရန် ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။

“စေ့စပ်ညှိနှိုင်းမှုတွေတော့ ရှိလာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုပါတီမှာ စေ့စပ်ညှိနှိုင်းရေး အဖွဲ့တွေဖွဲ့ထားတာပဲ။ ပူးပေါင်ဖို့ ညှိနှိုင်းရမှာပေါ့လေနော်။ ဒီပါတီမူဝါဒ ကျောထောက်နောက်ခံပေါ့‌လေနော်။ အဲလိုအများကြီးညှိနှိုင်းရမှာပဲ။ ပါတီမူဝါဒတွေ ‌ရှေ့လုပ်ငန်းစဉ် တွေရော။ နောက်ပြီးတော့ ရှေ့လုပ်ငန်းစဉ်ဆိုတာက နှစ်ပါတီပေါင်းပြီး တစ်ပါတီထဲအဖြစ်ထောင်မှာလား။ အဲကိစ္စတွေရှိလာ မှာလေနော်” ဟု တိုင်းလိုင်ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးစိုင်းကျော်ထွေးကပြောသည်။

အဆိုပါ ပါတီများအနေဖြင့် ပူးပေါင်းရေးအတွက် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်ကပင် စေ့စပ်ညှိနှိုင်းမှုများရှိခဲ့သော်လည်း ရွေးကောက်ပွဲနီးလာပြီး ပါတီတည်ထောင်ခွင့် ပိတ်သိမ်းသွားသောကြောင့် ညှိနှိုင်းမှုများ ရပ်နားခဲ့ရခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

ထို့သို့ ရှမ်းနီပါတီများကွဲနေသဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲကွဲကာ ရွေးကောက်ပွဲရလဒ်ဆိုးရွားမှု ကြုံတွေ့ခဲ့ကြောင်းနှင့် ရွေးကောက်ပွဲမတိုင်မီ ပေါင်းစည်းနိုင်ခဲ့ပါက ရလဒ်ကောင်းများရှိရန်မျှော်လင့်နိုင်သည်ဟု ဆိုသည်။  

“ကျွန်တော်တို့ ဟုမ္မလင်းမှာရော နေရာတိုင်းမှာပါ။ ပါတီကွဲနေတဲ့အနေအထားမျိုးကျတော့ မဲကွဲသွားတယ်ဆိုတာ အနေအထားမျိုးတွေရှိပါတယ် ဒီ ၂၀၂၀ နောက်ပိုင်းမှာတော့ ပေါင်းစည်းနိုင်ခဲ့ကြ မယ်ဆိုရင်တော့ ပိုပြီးမှ ရလဒ်ကောင်းတွေရလာနိုင်မယ်လို့ မျှော်လင့်ပါတယ် လောလောဆယ်မှာတော့ ပါတီနှစ်ခုကခေါင်းဆောင်ပိုင်းတွေက ညှိနှိုင်းပြီး ပါတီတစ်ခါတည်းဖြစ်အောင် ကြိုးစားခဲ့ကြမယ်ဆိုရင်တော့ ပိုပြီးတော့ကောင်းပါတယ် ဒါမှမဟုတ်ရင်လဲ နယ်မြေပိုင်းခြားပြီးတော့ ၀◌င်ပြိုင်ကြမယ်ဆိုရင်လဲပဲ ကိုယ်နယ်သူနယ်ရဲ့ရလဒ်ဟာ ၂၀၂၀ ရလဒ်ထက်ပိုပြီး ကောင်းလာနိုင်တယ်လို့မျှော်လင့်ပါတယ်” ရှမ်းနီ (တိုင်းလျှန်) သွေးစည်းညီညွတ်ရေးပါတီမှ လူငယ်တာ၀န်ခံ ဦးစိုင်းလှိုင်ငြိမ်းကပြောသည်။

၂၀၂၀ရွေးကောက်ပွဲတွင် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် ကချင်ပြည် နယ်တွင် ၂၈ နေရာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုးနေရာ၊ ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ၊ ကချင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာ၊ စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသား ရေးရာဝန်ကြီးနေရာ စုစုပေါင်း နေရာ၄၀တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ် ရေးပါတီအနေဖြင့် ကချင်ပြည်နယ်တွင်ငါးနေရာ၊ စစ်ကိုင်းတိုင်းဒေသကြီး တွင် ကိုးနေရာနှင့် စစ်ကိုင်းတိုင်းဒေ သကြီး ရှမ်းတိုင်းရင်းသားရင်းသားဝန်ကြီးနေရာ  စုစုပေါင်းကိုယ်စားလှယ် ၁၅ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြောင်းနှင့် နှစ်ပါတီလုံး တစ်နေရာမှ အနိုင်မရရှိခဲ့ကြောင်း သိရသည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီကို ၂၀၁၂ခုနှစ်  မေ ၁၀ ရက်တွင် ထူထောင်ခဲ့ခြင်းဖြစ်ပြီး ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီကို ၂၀၁၅ ခုနှစ် မေ ၂၀ ရက်တွင် ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...