ရွေးကောက်ပွဲနောက်ပိုင်း တောင်ကုတ်တွင် ပြည်သူများကို ဥပဒေမဲ့ဖမ်းဆီးခေါ်ဆောင်မှု နှစ်မှုအထိရှိလာ

ရွေးကောက်ပွဲနောက်ပိုင်း တောင်ကုတ်တွင် ပြည်သူများကို ဥပဒေမဲ့ဖမ်းဆီးခေါ်ဆောင်မှု နှစ်မှုအထိရှိလာ
by -
ထွန်းခိုင် (နိရဥ္စရာ)

ရွေးကောက်ပွဲနောက်ပိုင်း နှစ်လအတွင်း ရခိုင်ပြည်နယ် တောင်ကုတ်တွင် ပြည်သူများကို ဥပဒေမဲ့ဖမ်းဆီးခေါ်ဆောင်မှု နှစ်မှုအထိရှိလာကြောင်း သိရသည်။

 

အဆိုပါအမှုများသည် ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ် လမူးကျေးရွာနှင့် ပဒါကျေးရွာများတွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လမူးကျေးရွာနေ သစ်အရောင်းအဝယ်လုပ်ကိုင်သူ အသက် ၃၆ နှစ်အရွယ် ဦးချစ်မျိုးဦး ကို ဇန်နဝါရီ ၄ရက်နေ့က အမည်မသိလူတစ်စုက ၎င်း၏နေအိမ်၌ပင်ဖမ်းဆီးခေါ်ဆောင်သွား ခြင်းဖြစ်ကာ ပဒါ ကျေးရွာမှ အသက် ၃၁ နှစ်အရွယ် ဦးအောင်လွင်ကို ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက တောင်ကုတ် မြို့ CB ဘဏ်မှ ပြန်လာစဉ်လမ်းတွင် မျက်နှာဖုံးစွပ်ထားသည့် လူငါးဦးက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

ဦးချစ်မျိုးဦးကို ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့်ပတ်သက်၍ လမူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဌေးက “ညအချိန် လောက်မှာ အရပ်ဝတ်တွေနဲ့ လူ ခြောက်ယောက်လောက်က လာပြီး သူ့ကို လာခေါ်တယ်။ သူက အိမ်ပေါ်ကမ ဆင်းဘူး။ မဆင်းတော့ သူ့အိမ်ကို ဝိုင်းထားကြတယ်ပေါ့။ အဲဒီမှာ အိမ်ပေါ်ကမဆင်းရင် အပေါ် တက်လာမှာလို့ အဲဒီလူတွေက ပြောတော့ ချစ်မျိုးဦးက အိမ်ပေါ်က ဆင်းပြေးတယ်။ အဲဒီမှာ ဆင်းပြေးတော့ အောက်ကဖမ်းသွား တာ။ ဆင်းပြေးတော့ သူ့မိန်းမက လူတွေကိုအော်ခေါ်ပါတယ်။” ဟု ပြောသည်။

 

အဆိုပါ လူခြောက်ဦးသည် အရပ်ဝတ်များဖြင့်လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး  တုတ်ချောင်းများ နှင့် ဓါးများကိုလည်း ကိုင်ဆောင်ထားကြောင်း ဦးမြင့်ဌေးက ပြောသည်။

 

“ချစ်မျိုးဦးတို့က တောနက်ထဲက သစ်တွေကို ခုတ်တယ်၊ ခိုးသစ်တွေကိုပေါ့။ ပြီးရင် သစ်ကို အချောလုပ်တယ်။ အလုပ်သမားနဲ့ လုပ်တာပေါ့။ ပြီးရင် ရောင်းတယ်။ အဖမ်းမခံရခင်က သူနဲ့အတူ သစ်လုပ်တဲ့ တစ်ယောက်နဲ့ စကားများကြတယ်လို့ သိရပါတယ်။ သူတို့မှာ ငွေရေးကြေးရေး အချေအတင်ဖြစ်တာလို့ ထင်ပါတယ်။ သုံးသပ်ရသလောက်ကတော့ အဲဒါနဲ့ ဆက်စပ်တယ်ပေါ့။ ရဲနဲ့ တပ်က လာဖမ်းတာလည်း မဟုတ်ဘူး။ တခြားလက်နက်ကိုင်တွေက လာဖမ်းတာလို့ သုံးသပ်ရအောင်လည်း ချစ်မျိုးဦးက သတင်းတွေဘာတွေ ပေးလို့ ဖမ်းတာမျိုးလည်း မဖြစ်နိုင်ဘူး။ အဖွဲ့အစည်းတွေ ဝင်ထားတာတို့လည်း မရှိဘူးလေ” ဟု ၎င်းက ပြောသည်။

 

လက်ရှိတွင် ဦးချစ်မျိုးဦးအား ခေါ်ဆောင်သွားသူများသည် ကျေးရွာအနီးပတ်ဝန်းကျင်မှ မဟုတ်ပဲ လူစိမ်းများဖြစ် ပြီး ၎င်းအားမည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်းကို မသိရှိရကြောင်း ဦးချစ်မျိုးဦး၏ ဇနီးပြောကြားချက်ကို ကိုးကား၍ ကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်ဌေးက ပြန်လည်ပြောပြသည်။

ဦးချစ်မျိုးဦးဖမ်းဆီးခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ဇနီးဖြစ်သူအားဆက်သွယ်မေးမြန်း ရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

 

ဦးမျိုးချစ်ဦးသည်တောင်ကုတ်မြို့နယ် အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်ပြီး  ယင်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းနှင့်ပတ်သက်၍  မိသားစုဝင်များက လမူးရဲစခန်းတွင် တိုင်ချက်ဖွင့်ထားကြောင်း သိရသည်။

 

ထို့ပြင် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းကဖြစ်ပွားခဲ့သည့် လမူးကျေးရွာအနီးရှိသည့် ပဒါကျေးရွာမှ အသက် ၃၁ နှစ်အရွယ် ဦးအောင်လွင်ကို တောင်ကုတ်မြို့ CB ဘဏ်မှ လာစဉ် လမ်းတွင် မျက်နှာဖုံး စွပ်ထားသည့် လူငါးဦးက ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့်ပတ်သက်၍လည်း ယနေ့အထိ သတင်းတစ်စုံတစ်ရာမကြားရသေးကြောင်း ‌ဒေသခံများထံမှသိရသည်...

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...