မဲစာရင်းစိစစ်တွေ့ရှိချက်များ တပ်မတော် ကိုးကြိမ်မြောက်ထုတ်ပြန်

မဲစာရင်းစိစစ်တွေ့ရှိချက်များ တပ်မတော် ကိုးကြိမ်မြောက်ထုတ်ပြန်

ဘီးလင်း၊ ကျိုက်ထိုအပါအဝင် မြို့နယ်ပေါင်း ၂၅ ခုတွင် မဲစာရင်းစိစစ်တွေ့ရှိချက်များနှင့်ပတ်သက်၍ တပ်မတော်က ကိုးကြိမ်မြောက်ထုတ်ပြန်ချက်ကို ဇန်နဝါရီ ၅ ရက်၌ ထုတ်ပြန်ခဲ့သည်။

 

အဆိုပါထုတ်ပြန်ချက်တွင် ဘီးလင်း၊ ကျိုက်ထို၊မောက်မယ်၊ လဲချား၊ ဖရူဆို၊ မယ်စဲ့၊ ရှားတော၊ သာပေါင်း၊ ဓနုဖြူ၊ ညောင်တုန်း၊ ညောင်ဦး၊ မတ္တရာနဲ့ ကျောက်ဆည်တို့အပြင် စစ်တွေ၊ ဂွ၊ လားရှိုး၊ ဟိုပန်၊ ကျောက်မဲ၊ နမ္မတူ၊ မိုးကောင်း၊ မိုင်းတုံ၊ မံစီ၊ ပူတာအို၊ မှော်ဘီနဲ့ ရန်ကင်းမြို့နယ်များမှ မဲစာရင်းများအပေါ် စိစစ်တွေ့ရှိချက်မျာကို ဖော်ပြထားသည်။

 

ထိုစာရင်းအရ ဘီးလင်းမြို့နယ်မှာ မဲမသမာမှု ပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၂၁၀၉ ခု၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၈၄၅၃ ခု၊ စုစုပေါင်း ၃၀၅၆၂ ခု စိစစ်တွေ့ရကြောင်း၊ ကျိုက်ထိုမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၁၅၁၉၄ ခု၊ မဲမသမာမှု ဖြစ်နိုငသည့် အခြား မဲစာရင်း၂၀၁၀၄ ခု၊ စုစုပေါင်း  ၃၅၂၉၈ ခု စိစစ်တွေ့ရကြောင်း သိရသည်။

 

ထို့နည်းတူ ကျန်မြို့နယ် ၂၃ မြို့နယ်တွင်လည်း မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်းနှင့် မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း စုစုပေါင်း ၄၆၂၇၄၈ ခုရှိကြောင်း တပ်မတော်၏ထုတ်ပြန်ချက်အရ သိရသည်။

 

တပ်မတော်အနေဖြင့် မဲစာရင်းစိစစ်တွေ့ရှိမှုနှင့်ပတ်သက်၍ ယခုထုတ်ပြန်ချက်မတိုင်မီ ကြေညာချက်များထုတ်ပြန်လာသည်မှာ ရှစ်ကြိမ်ရှိခဲ့ပြီဖြစ်ပြီး မြို့နယ်ပေါင်း ၇၄ မြို့နယ်တွင် စိစစ်တွေ့ရှိချက်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

ယင်းသို့ ထုတ်ပြန်မှုများနှင့်ပတ်သက်၍ တပ်မတော်သားများ မဲပေးခဲ့သည့် မြို့နယ်များတွင် မဲစာရင်းစိစစ်တွေ့ရှိချက်များကို ထုတ်ပြန်နေခြင်းဖြစ်ပြီး ယခုတွေ့ရှိချက်များသည် သာမန်အားဖြင့် မသိနိုင်သော ထပ်နေသည့်မဲစာရင်းများနှင့် အထောက်အထားများဖြင့် တိုက်ဆိုင်စိစစ်ရန် လိုအပ်သည့်မဲစာရင်းများဖြစ်ကြောင်း တပ်မတော်မှ တာဝန်ရှိသူများက ပြောကြားထားသည်။

 

ထိုသို့ ထုတ်ပြန်မှုများနှင့်ပတ်သက်၍ ယခုအခါ ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲနေ့တွင် ဖြစ်ပွားခဲ့သော ရဲအရေးပိုင်တဲ့ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများ၊ တရားမဲ့ပြုကျင့်မှုအတွက် တင်သွင်းလာသည့် ကန့်ကွက်လွှာများကို စစ်ဆေးနေဆဲကာလဖြစ်ခြင်းကြောင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ပျက်ပြားစေရန်နှင့် ရွေးကောက်ပွဲရလဒ်ကို လက်မခံသည့်သဘော သက်ရောက်စေသော သဘောထားထုတ်ပြန်ချက်များ မပြုလုပ်ကြရန် နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အသိပေးထားသော်လည်း တပ်မတော်အနေဖြင့် မဲစာရင်းကို စိစစ်တွေ့ရှိချက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တိုင်းတွင် အစဉ်တစိုက် ရေးသားဖော်ပြလျက်ရှိသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...