“တပ်နဲ့ပတ်သတ်တဲ့ကိစ္စတွေ မေးတာတွေရှိတယ်။ ကျွန်မတို့နဲ့ ဆက်စပ်မှုရှိသလားပေါ့။ ကျွန်မတို့နဲ့ ဘယ်လိုလုပ်ပြီး ဆက်စပ်မှာတုန်း”

“တပ်နဲ့ပတ်သတ်တဲ့ကိစ္စတွေ မေးတာတွေရှိတယ်။ ကျွန်မတို့နဲ့ ဆက်စပ်မှုရှိသလားပေါ့။ ကျွန်မတို့နဲ့ ဘယ်လိုလုပ်ပြီး ဆက်စပ်မှာတုန်း”

ရွေးကောက်ပွဲမဲဆွယ်ကာလတွင် AA ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသည့် NLD မှ လက်ရှိလွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နှင့် အင်တာဗျူး

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) မှ ဖမ်းဆီးထိန်းသိမ်းခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ကို ဇန်နဝါရီ ၁ ရက်တွင် ပြန်လွတ်မြောက်လာခဲ့သည်။

အဆိုပါ သုံးဦးသည် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာသို့ ရွေးကောက်ပွဲစည်းရုံးရေးခရီး သွားရောက်စဉ် (AA) ၏ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နှစ်လကျော် ထိန်းသိမ်းစစ်ဆေးခံပြီးနောက် ပြန်လည်လွှတ်မြောက်လာခြင်းဖြစ်သည်။

ထို့ကြောင့် AA က ဖမ်းဆီးထိန်းသိမ်းစဉ် တွေ့ကြုံခဲ့ရသည့်အခြေအနေများနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်အား  ဆက်သွယ်မေးမြန်းထားသည်များမှ တချို့ကို ကောနုတ်ဖော်ပြလိုက်ရပါသည်။

မေး - နှစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းတာကိုခံခဲ့ရတယ်ဆိုတော့ AA လက်ထဲမှာ ဘယ်လိုပုံစံမျိုးနဲ့ နေထိုင်ခဲ့ရလဲ။

ဒေါ်နီနီမေမြင့် - ကျွန်မတို့ကို ကောင်းကောင်းမွန်မွန်ထားပါတယ်။ ဘာမှ ထွေထွေထူးထူးသိပ်မရှိပါဘူး။ သူတို့ (AA) က မေးမြန်းစရာရှိတာ မေးမြန်းတယ်၊ အေးအေးဆေးဆေးပါ။

မေး - AA က ဘာတွေကိုမေးမြန်းခဲ့တာလဲ။

ဒေါ်နီနီမေမြင့် - မေးမြန်းတယ်ဆိုတာက သူတို့( AA) သိချင်တဲ့အချက်အလက်တွေ။ တပ်နဲ့ပတ်သတ်တဲ့ကိစ္စတွေ မေးတာတွေရှိတယ်။ နောက်ပြီးတော့ ကျွန်မတို့ရဲ့ Personal (ပုဂ္ဂိုလ်ရေး) တွေများပါတယ်။ ကျန်တဲ့အရာတွေ သိပ်မရှိဘူး။

မေး - တပ်နဲ့ပတ်သတ်ပြီး ဘာတွေကိုမေးမြန်းလဲ။

ဒေါ်နီနီမေမြင့် - ကျွန်မတို့နဲ့ ဆက်စပ်မှုရှိသလားပေါ့။ ကျွန်မတို့နဲ့ ဘယ်လိုလုပ်ပြီး ဆက်စပ်မှာတုန်း။

မေး - AA က ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးတဲ့အပေါ်မှာ ဘယ်လိုမြင်လဲ။ ဘာများပြောချင်လဲ။

ဒေါ်နီနီမေမြင့် - ကျွန်မတို့ကို လိုအပ်ချက်အရ ခေါ်ရတယ်လို့ ပြောတယ်ပေါ့နော်။ နိုင်ငံရေးလိုအပ်ချက်အရ ခေါ်ရတာလို့ အဲလိုမျိုးပြောတယ်။ ကျန်တဲ့ဟာတွေက ဘာမှ အထူးတလည်မပြောချင်ပါဘူး။ ဒါပေမယ့် တစ်ခုကတော့ အဲလိုမျိုး အခုလိုဖြစ်သွားတဲ့ဖြစ်စဉ်အပေါ်မှာ ကျွန်မတို့နိုင်ငံရေးနယ်ပယ်မှာ ဆက်လက်ပြီးတော့ လုပ်ဆောင်မယ့် လူငယ်တွေဟာ ဒီလိုဖြစ်စဉ်ပေါ်မှာကြည့်ပြီး နိုင်ငံရေးကို နောက်ဆုတ်သွားပြီးတော့ နိုင်ငံရေး အပေါ်မှာ တွန့်ဆုတ်သွားမှာကိုတော့ စိတ်ပူတယ်။ အဲတာလေးတစ်ခုလေးကိုတော့ စိတ်ပူမိတယ်ပေါ့၊ ဒီလို ကိုယ်စားလှယ်လောင်းတွေဖြစ်သွားတဲ့အပေါ်မှာ။

မေး - ရွေးကောက်ပွဲ ဝင်ရောက်မယှဉ်ပြိုင်ခဲ့ရတဲ့အပေါ်မှာ ဘယ်များပြောချင်ပါသလဲ။

ဒေါ်နီနီမေမြင့် - ဒါနဲ့ပတ်သတ်ပြီး ရွေးကောက်ပွဲဖြစ်သွားတာကလည်း ဖြစ်ပြီးပြီပေါ့နော်။ ဒါနဲ့ပတ်သတ်ပြီး သိပ်ပြီးတော့မပြောချင်ပါဘူး။ နိုင်သွားတဲ့လူတွေအတွက်လည်း ဝမ်းသာပါတယ်။

မေး -  ဖြည့်စွက်ပြီး ဘာများပြောချင်ပါလဲ။

ဒေါ်နီနီမေမြင့် - အထူးတလည်ပြောချင်စရာတော့မရှိဘူး။ အဲဒီရဲ့ဖြစ်စဉ်အပေါ်မှာ တချို့အဖွဲ့တွေ၊ နီပေါ်ဖောင်ဒေးရှင်းတို့ ဘာတို့ ဝိုင်းဝန်းပြီးတော့ ဆွေးနွေးကြတယ်၊ ညှိနှိုင်းကြတယ်ဆိုတာကို ကျွန်မတို့ အပြင်ထွက်လာတဲ့အခါ သိရတယ်။ ကျမတို့လွှတ်ဖို့အတွက် ဝိုင်းဝန်ပြီးတော့ ဆုတောင်းပေးခဲ့ကြတဲ့အတွက် ပြည်သူတွေအပေါ်မှာ အားလုံး ကျေးဇူးတင်ပါတယ်။

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...