ရှမ်းပြည်နယ်လွှတ်တော်တွင် သတင်းယူခွင့်နှင့်ပတ်သက်၍ ကန့်သတ်ထားသောစည်းကမ်းချက်များ ဖြေလျော့ပေးရန် သတင်းမီဒီယာသမားက တောင်းဆိုထား

ရှမ်းပြည်နယ်လွှတ်တော်တွင် သတင်းယူခွင့်နှင့်ပတ်သက်၍ ကန့်သတ်ထားသောစည်းကမ်းချက်များ ဖြေလျော့ပေးရန် သတင်းမီဒီယာသမားက တောင်းဆိုထား
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

လာမည့်လွှတ်တော်သက်တမ်းတွင် ရှမ်းပြည်နယ်လွှတ်တော်၌ သတင်းယူခွင့်နှင့်ပတ်သက်၍ ကန့်သတ်ထားသော စည်းကမ်းချက်များ ဖြေလျော့ပေးရန် သတင်းမီဒီယာသမားက တောင်းဆိုထားကြောင်းသိရသည်။

ရှမ်းပြည်နယ်လွှတ်တော်သည် လွှတ်တော်သက်တမ်းနှစ်ခုစလုံးတွင် သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့်နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာ မှုအားနည်းခဲ့ပြီး မီဒီယာများအားခွဲခြားဆက်ဆံမှုများရှိနေခြင်းဖြစ်သည်။

ထို့ကြောင့် လာမည့်လွှတ်တော်သက်တမ်းတွင် ရှမ်းပြည်နယ်လွှတ်တော်အနေဖြင့် မီဒီယာများအားလုံးခွဲခြားမှုမရှိဘဲ သတင်းယူခွင့်ပြုရန်၊ လွှတ်တော်ဝင်ခွင့်ကဒ်များအား သက်တမ်းတစ်ခုသတ်မှတ်၍ စမတ်ကဒ်များထုတ် ပေးရန်၊ ယခင်လွှတ်တော်သက်တမ်းများမှ မီဒီယာများ အပေါ်ကန့်သတ်ထားသောစည်းကမ်းချက်များအား ပယ်ဖျက်၍ အသစ်ပြန်လည်ရေးဆွဲပေးရန် ရှမ်းပြည်နယ်အခြေစိုက် သတင်းမီဒီယာများကတောင်းဆိုထားခြင်းဖြစ် ကြောင်း သိရသည်။

“ရှမ်းလွှတ်တော်က ပွင့်လင်းမြင်သာမှုမရှိဘူးလို့မြင်ပါတယ်။ လွှတ်တော် ဥပဒေကို ကျွန်မတို့က လိုက်နာပေမဲ့ ကျွန်မတို့ရဲ့ မီဒီယာတွေကို လွှတ်တော်က လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်မပေးဘူး” ဟု  ရှမ်းမြောက်အခြေစိုက် Myanmar Now ရုပ်သံသတင်းထောက် မြတ်မိုးသူကပြောသည်။

အဆိုပါ ပြည်နယ်လွှတ်တော်တွင် အစည်းအဝေးကျင်းပတိုင်းသတင်းယူခွင့်ပြုရန် သတင်းမီဒီယာများအနေဖြင့် လျှောက်လွှာပြန်လည်တင်ပြနေရပြီး အွန်လိုင်းကလည်း လျှောက်ထားခြင်းခွင့်မပြုသဖြင့် ရှမ်းပြည်နယ်မြောက် ပိုင်း အခြေ စိုက်တဲ့သတင်း သမားများအတွက် သွားရေးလာရေး အခက်အခဲကြုတွေ့နေရသည်ဟု မြတ်မိုးသူက ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝးကျင်းပနေစဉ် သတင်းယူခွင့်နှင့် ပတ်သက်၍ လက်ရှိတွင် အစိုးရမီဒီယာနှင့် နာမည်ကြီး မီဒီယာ အချို့ကိုသာ အစည်းအဝေးခန်းမအတွင်း ဝင်ရောက်ရိုက်ကူးပြုနေသော်လည်း တခြားမီဒီယာ များကို မီဒီယာအခန်းမှနေ၍ သတင်းဓါတ်ပုံ ရယူစေခြင်းများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“လွှတ်တော်ထဲမှာ သတင်းရယူဖို့က ဓါတ်ပုံတို့၊ ဗီဒီယိုတို့ရိုက်ဖို့ အရမ်းခက်ခဲတယ်။ အဟန့်အတား ဖြစ်တယ်။ သူတို့သတ်မှတ်ထားတဲ့ မီဒီယာ အခန်းမှာ ပဲထိုင်ပြီးတော့မှတီဗီကနေကြည့်ပြီးတော့မှ သတင်းအချက် အလက်တွေယူရတာဆိုတော့ ရုပ်သံ သတင်းသမားတွေအတွက် အကြီးမားဆုံးအခက်အခဲပဲ။ ရုပ်ထွက်က မှုန်ဝါးဝါးနဲ့ အသံတွေကလဲ မကြည်ဘူး။ အချက်အလက် ကိန်းဂဏာန်း အမှားအယွင်းတွေ ရှိနိုင်တယ်” ဟု တောင်ကြီး အခြေစိုက် The People’s Voice မှ အယ်ဒီတာ ခွန်ရာဇာကပြောသည်။

ရှမ်းပြည်နယ်လွှတ်တော်သည် ပထမအကြိမ်လွှတ်တော်သက်တမ်းတွင်လည်း ယခုလိုခွဲခြားမှုများ၊ ကန့်သတ် မှုများရှိခဲ့ပြီးလူထုအစိုးရတက်လာပြီးနောက် ဒုတိယအကြိန်လွှတ်တော်သက်တမ်းတွင်လည်း ပြောင်းလဲနိုင်ခဲ့ခြင်း မရှိကာ သတင်းယူခွင့်နှင့်ပတ်သက်၍ တခြားတိုင်းနှင့်ပြည်နယ်များ လွှတ်တော်များထက် ဆိုးရွားသည်ဟု တောင် ကြီး မြို့အခြေစိုက် သတင်းသမား စည်သာဟိန်းကပြောသည်။

“လွှတ်တော်ပထမအကြိမ်တုန်းကလိုပဲ ဒုတိယအကြိမ်မှာလဲ သိပ်ပြီးပြောင်းလဲမှုမရှိဘူး။ အဖြေလွှာတွေတောင်း တာလည်းမရဘူး။ အင်တာဗျူးလုပ်ရတာလည်းခက်ခဲတာပေါ့။ တစ်ခြားပြည်နယ်နဲ့တိုင်းတွေထက်စာရင် တအားဆိုးတယ်လို့ မြင်ပါတယ်” ဟု ၎င်းကပြောသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...