ဒီမိုကရေစီကျသည့်ရွေးကောက်ပွဲမဟုတ်သဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ဟု လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့ဆို

ဒီမိုကရေစီကျသည့်ရွေးကောက်ပွဲမဟုတ်သဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ဟု လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့ဆို
by -
ကောင်းကျော်နိုင်

နိုဝင်ဘာ ၈ ရက်က ကျင့်ပခဲ့သည့် ၂၀၂၀ အထွေထွေရွေကောက်ပွဲသည် ဒီမိုကရေစီကျသည့် ရွေးကောက်ပွဲမဟုတ်သဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်၏ ချင်းတိုင်းရင်းသားရေးဝန်ကြီးနေရာက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအချို့က ပြောသည်။

“ကျွန်မတို့ ပါတီငယ်တွေ၊ တစ်သီးပုဂ္ဂလတွေကိုကျတော့ မဲဆွယ်စည်းရုံးခွင့်ကို ရွာမှာ အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင်က လူမစုရ၊ မလုပ်ရဆိုပြီးတော့ NLD ပါတီက လူတွေကျတော့ ဗွီနိုင်းတွေဆိုင်းဘုတ်တင်လို့ရတယ်။ စည်းရုံးခွင့်ရတယ်။ ဟောပြောခွင့်ရတယ်။ သူတို့ကိုယ်တိုင်က ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်တယ်။ တကယ့်တကယ် ဒီမိုကရေစီရဲ့အခြေခံဖြစ်တဲ့ ရွေးကောက်ပွဲမဖြစ်တာကို ကျွန်မတို့မြင်နေရတယ်ပေါ့နော်” ဟု ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအား တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ မိုင်စုစုလှိုင်က ပြောသည်။

အဆိုပါရွေးကောက်ပွဲတွင် ချင်းတိုင်းရင်းများပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ်ယှဉ်ပြိုင်ခဲ့သူ ဦးထွန်းအောင်ကျော်ကလည်း ရွေးကောက်ပွဲတွင် ဗွီနိုင်း၊ ဆိုင်းဘုတ်များဖြင့် မဲဆွယ်စည်းရုံးခွင့်မရရှိခဲ့သလို ၎င်းတို့အားထားသည့်မြို့နယ်များ ရွေးကောက်ပွဲကျင်းပခွင့်မရခဲ့သဖြင့် ရှုံးနိမ့်ခဲ့ရသည်ဟုဆိုသည်။

“ကျွန်တော်တို့ပါတီအနေနဲ့ ခွဲခြားဆက်ဆံတာမျိုးမခံရပေမယ့် ကျွန်တော်က မင်းပြားဇာတိဆိုတာ့ ကျွန်တော်အားထားတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်တွေမှာ ရွေးကောက်ပွဲမကျင်းပခဲ့ဘူး။ ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့အတွက် ဟောပြောစည်းရုံးခွင့်တွေတော့ မလုပ်ခဲ့ရဘူးပေါ့။ ချင်းတွေမှာ ချင်းမျိုးနွယ်စုမတူတာရှိတယ်။ အရှိုချင်းတွေများတယ် တောင်ပိုင်းမှာက။ ကျွန်တော်တို့နဲ့ မျိုးနွယ်စုမတူဘူး။ အဲဒီဖက်က ပြိုင်တဲ့ ကိုယ်စားလှယ်တွေလည်း ရှိတယ်လေ။ အဲဒါကြောင့်တောင်ပိုင်းမှာ ကျွန်တော် မနိုင်တာပေါ့” ဟု ဦးထွန်းအောင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် ချင်းတိုင်းရင်းသား မဲဆန္ဒရှင် ၇၄ဝဝဝ ဦးခန့်ရှိသော်လည်း ရွေးကောက်ပွဲမကျင်း ပသည့်မြို့နယ်များကြောင်း မဲဆန္ဒရှင်် ၂ဝဝဝဝ နီးပါးသာ မဲပေးခွင့်ရခဲ့သည်ဟု ဆိုသည်။

အဆိုပါရွေကောက်ပွဲကြီးတွင် ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအား လက်ရှိ ချင်းတိုင်းရင်းသားရေးရာဝန် \ကြီးနေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ လက်ရှိ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးပုန်ဘွေက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအား တသီးပုဂ္ဂလအဖြစ် မိုင်စုစုလှိုင်၊ ဦးကိုကိုနိုင်၊ ဦးစောမြတို့အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှတစ်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တစ်ဦး၊ ချင်းအမျိုးသားပါတီမှ တစ်ဦး၊ အရှိုချင်းအမျိုးသားပါတီမှတစ်ဦးနှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တစ်ဦး၊ စုစုပေါင်း ရှစ်ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...