အဂတိညှိစွန်းတဲ့ဝန်ကြီးတွေကို အထက်ညွန်ကြားချက်တွေကြောင့် အရေးမယူခဲ့ရဟု ဦးအောင်ကြည်ပြောဆိုတဲ့ သတင်းအမှား

အဂတိညှိစွန်းတဲ့ဝန်ကြီးတွေကို အထက်ညွန်ကြားချက်တွေကြောင့် အရေးမယူခဲ့ရဟု ဦးအောင်ကြည်ပြောဆိုတဲ့ သတင်းအမှား
by -
KMG

အစိုးရအဖွဲ့ဝင်ဝန်ကြီးအချို့နဲ့ တိုင်းဝန်ကြီးချုပ်တွေ အဂတိလိုက်စားမှုနှင့် ညှိစွန်းခဲ့သော်လည်း ညွန်ကြားချက်တွေကြောင့် အရေးယူ၍မရခဲ့ဘူးလို့ ရာထူးကနေနှုတ်ထွက်သွားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ ဦးအောင်ကြည်ကပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ်ဟာ လူမှုကွန်ယက်စာမျက်နှာမှာ ပြန့်နှံ့နေပါတယ်။ 

အဲဒီသတင်းအမှားကို မဥ္ဇူသက်ထားဆိုတဲ့အကောင့်ပိုင်ရှင်က ဒီဇင်ဘာလ ၂ ရက်နေ့က တင်ထားခဲ့တာဖြစ်ပြီး “မိမိအနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌအဖြစ် တာဝန်ပေးအပ်ခံရပြီးနောက် ယခင်အစိုးရနှင့်သက်ဆိုင်တာတွေရော အစိုးရအဖွဲ့သစ်ရဲံလုပ်ဆောင်မှုတွေကိုရော စောင့်ကြည့်ခဲ့ရကြောင်း ယခုအစိုးရသစ် ၂၀၁၅/၂၀၂၀ ကာလအကြားမှာ ပြည်ထောင်စုအဆင့်ဝန်ကြီးအချိူ့အပါအဝင် တိုင်းနဲ့ပြည်နယ်ဝန်ကြီးချူပ်တွေအပါ ဝန်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် အစိုးရသစ်နဲ့ဆက်နွယ်သူအချိူ့အဂတိလိုက်စားခဲ့ကြောင့် စစ်ဆေးတွေ့ရှိခဲ့ တွေ့ရှိခဲ့သော်လည်း အထက်ကညွန်ကြားမှုတွေကြောင့် အရေးမယူခဲ့ရတာတွေရှိခဲ့တယ်လို့ ဦးအောင်ကြည်က ပြောကြားခဲ့ကြောင်းသိရသည် ဆိုပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။ 

တကယ်တော့ ဦးအောင်ကြည်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌရာထူးကနေ ဒီဇင်ဘာလ ၁ ရက်နေ့က နှုတ်ထွက်ခဲ့တာမှန်ပေမယ့် အထက်မှာဖော်ပြထားသလိုမျိူး သတင်းမီဒီယာတွေမှာ ပြောဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။

လင့်ကြည့်ရန် https://myanmar.mmtimes.com/news/147709.html, https://www.mizzimaburmese.com/article/76145

ဒါ့အပြင် အဲဒီသတင်းအမှားမှာ ဆက်လက်ဖော်ပြထားတာက “အချို့တိုင်ကြားလာတဲ့အမှုတွေကိုလည်း မြေပြင်အထိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး  အဂတိလိုက်စားခဲ့သည်ဟု တွေ့ရှိခဲ့သော်လည်း အထက်ညွန်ကြားချက်တွေအရ အရေးယူလို့မရခဲ့တာမျိုးတွေရှိခဲ့ကြောင်း အဲ့ဒီလိုအရေးယူလို့မရခဲ့သည့်အထဲမှာ ပြည်ထောင်စုဝန်ကြီး (၃) ဦးခန့်ပါဝင်ခဲ့ပြီး တိုင်းဝန်ကြီးချုပ် (၂) ဦး ပြည်နယ်ဝန်ကြီးချုပ် (၄) ဦးနှင့် ပြည်နယ်/တိုင်းအဆင့် ဝန်ကြီးတွေနဲ့ လွတ်တော်ကိုယ်စားလှယ်တွေပါဝင်ကြောင်း ဦးအောင်ကြည်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် (၄) နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုနုတ်ထွက်ခါနီးချိန်မှာ ပြည်သူအများစုနဲ့ နိုင်ငံရေးပါတီတွေက တိုင်ကြားခဲ့သည့်အမှုကြီးအချို့ကို လက်ခံစစ်ဆေးခွင့်မရရှိခဲ့သည့်အတွက် ပြည်သူတွေအပေါ် တာဝန်မကြေခဲ့သလိုဖြစ်ခဲ့ပါက တောင်းပန်ပါကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်” လို့ ရေးသားဖော်ပြထားတာတွေ့ရပါတယ်။ 

ဒီသတင်းအမှားကို ဒီဇင်ဘာလ ၂ ရက်နေ့မှာပဲ Min Min Tun ဆိုတဲ့အကောင်မှာ ဖော်ပြခဲ့တာကြောင့် သတင်းအမှား/အမှန်စိစစ်တဲ့အဖွဲ့တစ်ခုဖြစ်တဲ့ Fact Crescendo (www.factcrescendo.com) အဖွဲ့က သတင်းအမှားဖြစ်ကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပေမယ့် ထပ်ဆင့်ဖြန့်ဝေမှုတွေရှိနေခဲ့တာဖြစ်ပါတယ်။

လင့်ကြည့်ရန် https://myanmar.factcrescendo.com/the-chairman-of-the-anti-corruption-co...

မဥ္ဇူသက်ထားအကောင့်ကနေ ရေးသားဖော်ပြထားတဲ့ ဒီသတင်းအမှားကို Like & React ပြုလုပ်သူ (293) ရှိပြီး၊ ပြန်လည်မျှဝေသူ (399) ထိရှိကာ သတင်းပြန့်နံ့မှု အရမ်းမြန်ဆန်နေတဲ့အတွက်ကြောင့် ဖတ်ရှုသူများအနေနဲ့ သတင်းရင်းမြစ်တွေကို သေချာလေ့လာဖတ်ရှုကြဖို့လိုအပ်ပါတယ်။

အထက်ပါသတင်းဟာ သတင်းအမှားဖြစ်ကြောင်း ထပ်မံသတိပေးလိုက်ပါတယ်။

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...