ဝန်ကြီးချုပ်တာဝန်ပေးအပ်ပါက ချင်းပြည်နယ်အား ဖွံ့ဖြိုးတိုးတက်သောပြည်နယ်ဖြစ်စေရန် ကြိုးပမ်းမည်ဟု စည်ပင်ဝန်ကြီးဦးစိုးထက်ပြော

ဝန်ကြီးချုပ်တာဝန်ပေးအပ်ပါက ချင်းပြည်နယ်အား ဖွံ့ဖြိုးတိုးတက်သောပြည်နယ်ဖြစ်စေရန် ကြိုးပမ်းမည်ဟု စည်ပင်ဝန်ကြီးဦးစိုးထက်ပြော

ဝန်ကြီးအဖြစ်တာဝန်ပေးအပ်ခံရပါက ချင်းပြည်နယ်ကို တစ်ခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များကဲ့သို့ဖွံ့ဖြိုးတိုးတက်သောပြည်နယ်ဖြစ်စေရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ယခုနှစ် ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် စည်ပင်ဝန်ကြီး ဦးစိုးထက် (ခ) ဆလိုင်းမဲက ပြောသည်။

ဦးစိုးထက်သည် အစိုးရပြန်လည်ဖွဲ့စည်းပါက ချင်းပြည်နယ်ဝန်ချုပ်အဖြစ် ရေပန်းစားနေသူတစ်ဦးဖြစ်ပြီး ၎င်းအနေဖြင့်လည်း ထိုတာဝန်အတွက် အသင့်ရှိကြောင်း ပြောကြားထား သည်။

“ဝန်ကြီးချုပ်တာဝန်ပေးခဲ့မယ်ဆိုရင် တစ်ခြားတိုင်းဒေသကြီး၊ပြည်နယ်တွေလို ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်နယ်ဖြစ် အောင်ကြိုးစားနိုင်ဖို့ အဲလိုတော့စဉ်းစားထားတယ်ပေါ့နော်။တာဝန်ပေး ရင်ပေါ့၊ချင်းပြည်နယ်ကိုဒီ ထက်မကပိုဖွံ့ ဖြိုးအောင်လုပ်ဆောင်ပေးချင်တယ်”ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်မှု အားနည်းသောပြည်နယ်တစ်ခုဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းများ ကြောင့် ပလက်ဝကဲ့သို့ မြို့နယ်များသည် ဥပဒေစိုးမိုးမှုအတွက် စိန်ခေါ်မှုများကြုံတွေ့နေရသည်။

“ငြိမ်းချမ်းရေးကို ဦးတည်ပြီးတော့ ကြိုးစားချင်တဲ့စိတ်ရှိတယ်။ကျွန်တော်ကိုယ်တိုင် တပ်မတော်သားဘဝမှာနေခဲ့ တယ်။ စစ်သားတွေ အားလုံးလည်း ငြိမ်းချမ်းရေးလိုချင်တာ အမှန်ပဲ”ဟု ဦးစိုးထက်က ပြောသည်။

ဝန်ကြီးဦးစိုးထက်သည် တက္ကသိုလ်ကျောင်းသားဘဝတွင် ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ-တက္ကသိုလ်များ ရန်ကုန် တွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပြီး ၁၉၈၀-၈၁ ခုနှစ်စာသင်နှစ်မှာလည်း ယင်းကော် မတီတွင် တွဲဖက်အတွင်းရေးမှူးအဖြစ်ဆက်လက်လုပ်ကိုင်ခဲ့ကာ ၁၉၈၂ ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်မှပင် B.Sc (Zoology) ဘွဲ့ရရှိခဲ့သည်။

ထို့နောက် ချင်းပြည်နယ် ပလက်ဝတွင် ကျောင်းဆရာအဖြစ် ခေတ္တဖြတ်သန်းခဲ့ပြီးနောက် ဘွဲ့ရဗိုလ်လောင်းသင် တန်း အပတ်စဉ် ၆၈ကို တက်ရောက်ခွင့်ရခဲ့ကာ ၁၉၈၅ ခုနှစ်တွင် ဗိုလ်သင်တန်း ဆင်း၍ မိုးဟိန်း၁၂စစ်ဆင်ရေး များတွင်ပါဝင်ခဲ့ပြီးသူရဲ ကောင်းမှတ်တမ်းဝင်လက်မှတ်ချီးမြှင့်ခြင်းခံခဲ့ရသူတစ်ဦးဖြစ်သည်။

ထို့နောက် ၁၉၈၉ ခုနှစတွင် ဗိုလ်ကြီးရာထူးအဖြစ်တိုးမြှင့်ခြင်း ခံခဲ့ရ ပြီး မဒုဗိုလ်မူးကြီးအဆင့်ဖြင့် အငြိမ်းစားယူ ခဲ့ကာ အမျိုး သား လွှတ်တော်ရဲ့ဒုညွှန်ကြားရေးမှူးချုပ် တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်းနှင့် ယခုအခါ ချင်းပြည်နယ်စည်ပင်ဝန်ကြီးအဖြစ် ဆောင်ရွက်လျက်ရှိသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...