တပ်မတော်သည် အတိုက်အခံမဟုတ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ဆို

တပ်မတော်သည် အတိုက်အခံမဟုတ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ဆို

လွှတ်တော်အတွင်းတွင် တပ်မတော်သည် နိုင်ငံရေးပါတီများကဲ့သို့ အတိုက်အခံမဟုတ်ကြောင်း  ဗိုလ်ချုပ်ဇော်မင်း ထွန်းက ပြောသည်။

 “တစ်ခုအလေးအနက် ထားပြောချင်တာကတော့ တပ်မတော်အနေနဲ့ နိုင်ငံရေးပါတီ မဟုတ်ပါဘူး။ တပ်မတော်အနေနဲ့ နိုင်ငံရေးပါတီ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ အတိုက်အခံပါတီလို မျိုးလုပ်စရာ အကြောင်းမရှိပါဘူး” ဟု ၎င်းက ပြောသည်။

ပြုလုပ်သည့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ နိုဝင်ဘာလ ၂၇ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် လွှတ်တော်ထဲ၌ တပ်မတော်အနေဖြင့် အတိုက်အခံအဖြင့် တည်ရှိနေမည်လား ဆိုသည့် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြာခဲ့ခြင်းဖြစ်သည်။

လွှတ်တော်အတွင်း တပ်မတော်တည်ရှိနေခြင်း၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ အခြေခံဥပဒေကပေးသည့်အတိုင်းသာ ဆောင်ရွက်နေသည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆက်လက်ပြောသည်။

“တပ်မတော်အနေနဲ့ကတော့ ကျနော်တို့ လွှတ်တော်အတွင်းမှာတော့ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် အခြေခံဥပဒေကပေးတဲ့ တာဝန်တွေကိုပဲ ထမ်းဆောင်နေပါတယ်။ တပ်မတော်ရဲ့ တာဝန်တွေနဲ့ ပတ်သက်ပြီး အခြေခံဥပဒေရဲ့ အခန်း ၁ နိုင်ငံတော် အခြေခံမူများ အခန်း အခန်း ၄ ဥပဒေပြုရေးအခန်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အပိုင်း အခန်း ၇ တပ်မတော်အခန်းတွေမှာ ကျွန်တော်တို့ လေ့လာတွေ့ရှိနိုင်ပါတယ်။ အခြေခံဥပဒေ င နှင့် ၂၀ (စ) တို့အရတော့ တပ်မတော်အနေနဲ့ ဒို့တာဝန်အရေး သုံးပါးနဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်”ဟု ၎င်းကပြောသည်။

တပ်မတော်အနေဖြင့် အခြေခံဥပဒေပါ ပြဌာန်းချက်များအတိုင်း လွှတ်တော်ထဲတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီးလိုအပ်ပါက အပြုသဘောဆောင်ဝေဖန်ထောက်ပြမှုများကို လုပ်ဆောင်သွားမည်ဟု ဆိုသည်။

 “ခုနပြောခဲ့တဲ့ ပြဌာန်းချက်တွေရှိတယ်။ သို့သော်ကျွန်တော်တို့ အနေနဲ့ကလိုအပ်ချက် ရှိလာရင်တော့ အပြုသဘောနဲ့ ဝေဖန်ထောက်ပြတာတွေ ဥပဒေအရ အဆုံးအဖြတ်ပေးနိုင်အောင် ဆောင်ရွက်တာတွေကိုတော့ပြုလုပ်မှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲဝင်စရာမလိုပဲ လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့်ရရှိထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...