စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ အနိုင်ရရှိခဲ့သည့် Sayama Lal Rin Muan နှင့် အင်တာဗျူး
ရွေးကောက်ပွဲတွင် စစ်ကိုင်းဒေသကြီး၌ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအား NLDမှ Sayama Lal Rin Muanက အနိုင်ရရှိခဲ့သည်။ ထိုသို့ ရွေးကောက်ပွဲအနိုင်ရရှိခဲ့မှု၏ နောက်ကွယ်က အခက်အခဲများ၊ ရွေးကောက်ပွဲအနိုင်ရပြီးနောက် အကောင်အထည်ဖော်မည့်ကိစ္စရပ်များ၊ စစ်ကိုင်းတိုင်းရှိ ချင်းပြည်သူများအခက်အခဲဖြေရှင်းရန် ဆောင်ရွက်မည့်အပိုင်းများနှင့်ပတ်သက်၍ Sayama Lal Rin Muan အား ယခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
မေး- ကျွန်တော်တို့ ရွေးကောက်ပွဲမတိုင်ခင်အခြေအနေပေါ့နော်။ ဘယ်လိုအခက်အခဲတွေကြုံခဲ့ရလဲ။
ဖြေ- စစ်ကိုင်းတိုင်းတစ်တိုင်းလုံးနဲ့ဆိုင်တဲ့အခါကျတော့နေရာတစ်အားကျယ်တယ်။ အဲဒီမှာအခက်အခဲ အဲဒါပဲအဓိ ကကတော့။ လကနှစ်လပဲအချိန်ရှိတယ်။ကြားထဲမှာ ကိုဗစ်ကာလပဲဆိုတော့ အစီအစဉ်အတိုင်းကို ကျွန်မတို့မသွားနိုင်ဘူး။ အစီအစဉ်လုပ်လိုက်ပြန်ဖျက်လိုက်၊လုပ်လိုက် ပြန်ဖျက်လိုက်နဲ့ပေါ့ နော်၊အချိန်ကတ အားနည်းတယ်။ နောက်ပြီးချင်ရွာတွေအားလုံးကို သွားချင်ပေမဲ့ မသွားနိုင်ခဲ့တာကို တော်တော်လေးကို ကျွန်မစိတ်မ ကောင်းဖြစ်ခဲ့ရပါတယ်။ ရွေးကောက်ပွဲ သိတဲ့နေ့ပေါ့နော်၊ အဲဒိနေ့မှာတော့ ကျွန်မဝမ်းသာ ပါတယ်။ဘုရားသ ခင်ဂုဏ်တော်ကို ချီးမွမ်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကို လမ်းပြပို့ဆောင်တဲ့ အချက်လေးတွေကျွန် မပြန်စဉ်းစားတယ်။နောက်ပြန်လှည့်ပြီးတော့ ပြန်စဉ်းစားတဲ့အခါမှာ တစ်ချက်ပြီး တစ်ချက် တစ်ရက်ပြီးတစ် ရက်၊ တစ်နေ့ပြီးတစ်နေ့ပေါ့နော် ကျွန်မကို လမ်းပြပို့ဆောင်တဲ့၊ ကျွန်မပြန်ပြီးစဉ်း စားတော့ ဒါဘုရားသခင်ရဲ့ အလိုတော်ပဲဆိုပြီးတော့ ပီတိဖြစ်မိပါတယ်။ စိတ်မကောင်း ဖြစ်တာတွေတော့ ရှိ တာပေါ့။
မေး- မဲဆွယ်ကာလမှာအတိုက်အခံလေးတွေနည်းနည်းရှိခဲ့တယ်လို့သိရတယ်။ စိတ်မကောင်းစရာဖြစ်ခဲ့တယ် ဆိုတာအဲဒါနဲ့များ သက်ဆိုင်နေမလား။ တကယ်လို့ ပြောပြလို့ရရင်ပြောပြပေး နိုင်မလား။
ဖြေ- ဒါဟာဘာလည်းဆိုတော့ ကျွန်မမှာပြိုင်ဘက်ကိုးယောက်ရှိတယ်။ ကျွန်မနဲ့ဆို ဆယ်ယောက်ပေါ့နော်။ ကျွန်မရဲ့ပြိုင်ဘက်တွေက ကျွန်မရဲ့ သူငယ်ချင်းတွေ။ ကျွန်မကို ဘယ်သူမှမုန်းတဲ့သူမရှိဘူးလို့ ကျွန်မယူဆပါ တယ်။ ဒါပေမဲ့လည်း ကိုယ်ရဲ့ မဲအနိုင်ရရှိရေးဆိုပြီးတော့ ကျွန်မကိုတအားပုတ်ခတ်ကြတယ်။ အဲဒါသွားတဲ့နေရာ တိုင်းမှာ ပုဂ္ဂိုလ် ရေး ပုတ်ခတ်တဲ့ဟာလေးတွေ၊ကိုယ်က အပြစ်ရှိလို့ အပြစ်ကိုဖော်ထုတ် တယ်ဆိုရင် တစ်ကဏ္ဍ ပေါ့နော်။ ဒါတွေမဟုတ်ပဲနဲ့ ပုတ်ခတ်တာတွေအများကြီး ရှိတဲ့အခါကြတော့ ပြည်သူ တွေအနေနဲ့ ကျွန်မကိုပြန်ပြန်ပြော ကြပါတယ်။ တကယ်လို့ ကျွန်မမသွားခဲ့ဘူး မဖြေရှင်းခဲ့ဘူးဆိုရင် သူတို့က ယုံကြည်တယ်ဆိုတယ်အကြောင်းတွေပြန်ပြန်ပြီးတော့ သတင်းရတယ်ပေါ့နော်။ အဲဒါလေးတွေက ကျွန်မ နည်း နည်းစိတ်မကောင်းဖြစ်မိပါ တယ်။
မေး- နောက်တစ်ခုက ချင်းတိုင်းရင်းသားရေးရာဝန်ကြီးအနေနဲ့စပြီး တာဝန်ထမ်းဆောင်တဲ့ အချိန်ကြရင် ဘာတွေအရင်ဆုံးအကောင်အထည် ဖော်သွားမလဲ။ ဘာအရာတွေစပြီးလုပ်မလဲပေါ့နော်။
ဖြေ- ကိုယ်တာဝန်စပြီးတော့ ထမ်းဆောင်တော့မယ်ဆိုရင် ကျွန်မ အနေနဲ့ပထမဦးဆုံးရည်ရွယ်ထားတာက ပထမ နဲ့ဒုတိယသက်တမ်းမှာ မရှိဘူးတဲ့ တိုင်းရင်းသားလူမျိုးရေးရာအထောက်အကူပြုကော်မတီဖွဲ့ဖို့ ဒါကအဓိက ထားတယ်ပေါ့နော်။ အဲဒိနေရာမှာ ကျွန်မတို့ဘယ်လိုမျိုးနဲ့ ရွေးချယ်ရမယ်ဆိုတာကို ပြန်ပြီးတော့ ဆွေး နွေးကြတာပေါ့နော်။ နောက်ပြီးတော့ ကျွန်မတို့ ချင်းတိုင်းရင်းသားတွေက လူမျိုးနွယ်စုများတဲ့အခါ ကြတော့ အယူအဆချင်းလည်း မတူဘူး။ ဓလေ့ထုံးတမ်းတွေလည်းမတူဘူးဆိုတော့ အဲနေရာမှာ တော်တော် လေးကို အခက်အခဲတွေ့မယ်ဆို တာကျွန်မသိပါတယ်။ အခက်အခဲဆုံးက ဒီဟာပဲဖြစ် မယ်ထင်ပါတယ်။ ဖြစ် နိုင်ရင်တော့ ချင်းတိုင်းရင်းအား လုံးရဲ့ကောင်းရာကောင်းကျိုးပေါ့နော်။လုပ်ချင်တာပေါ့။ ဒါပေမဲ့လည်း အဲဒီ နေရာလေးမှာ ကိုယ်ကမသိလို့မှား လုပ်မိတာဖြစ်နိုင်မလားဆိုပြီး စိုးရိမ်တာတော့ နည်းနည်းတော့ ရှိတာပေါ့ နော်။ ဒါပေမဲ့ ကြိုးစားမယ်။ လေ့ လာမယ်။ ဖြစ်လာမှာပါလို့ ကျွန်မယုံကြည်ပါတယ်။
မေး- အရင်ချင်းတိုင်းရင်းသားရေးရာဝန်ကြီးအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။ သူတို့နဲ့ မတူတဲ့ အပိုင်းတွေ လုပ်ဆောင်သွားဖို့ ပြင်ဆင်ထားတာရှိလား။ ရှိရင် ဘာတွေလဲသိချင်ပါတယ်။
ဖြေ- ပထမရေးရာဝန်ကြီးဦးဦးလာလ်ထောင်ထန်းတုန်းကပေါ့နော်။တကယ်အလုပ်လုပ်ပါတယ်။သူလည်း လုပ်ပါတယ်။ အဓိကရွာတိုင်းကို ကျွန်မတို့ သွားတဲ့နေရာမှာ ရွာတိုင်းက ပြောကြတာဘာလဲဆိုတော့။ သားသတ် လိုင်စင်နဲ့ ပတ်သက်ပြီးတော့ သူတို့ဝမ်းသာတဲ့အကြောင်း ပြောကြတယ်ပေါ့နော်။ လွတ်ငြိမ်းခွင့်ရခဲ့ တယ်ပေါ့နော်။ ဒါပေ မဲ့လည်းဥပဒေပြုခွင့်မရှိတဲ့အခါကြတော့ အခုဒုတိယသက်တမ်းမှာကြတော့ အဲဒါတွေအခွန် ပြန်ပြီးတော့ ဆောင်ရတယ်ဆိုပြီးတော့ ကွန်ပလိမ်းလုပ်တဲ့သူတွေများတယ်။ အဲဒါကိုလည်းကျွန်မအနေ နဲ့ဆက် လက်ပြီး တော့ကြိုးစားချင်တယ်။ ကျွန်မတို့ရဲ့နေ့ထူးနေ့မြတ်တွေမှာ ဒါဟာလုံးလုံးကင်းလွတ်ဖို့ သိပ်အရေးကြီးတယ် လို့ကျွန်မယူဆပါတယ်။ အဲသက်တမ်းနှစ်ကြိမ်ထက် တခြားနေရာ၊ လိုအပ်တဲ့နေရာတိုင်းမှာ ဘတ်ဂျက်တွေ ပေါ့နော် များများရနိုင်အောင်ကြိုးစားမယ်။နောက်ပြီး သူတို့လုပ်တဲ့အထဲက ကောင်းတဲ့ဟာတွေကို ကျွန်မ ဆက်လက်ပြီးတော့ လုပ်မယ်ပေါ့။
မေး- စစ်ကိုင်းတိုင်းက ပြည်သူတွေအတွက် ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
ဖြေ- နောက်ပြီးတော့ အားမလိုအားမရတဲ့အပိုင်းလေးတွေ။အဲဒါတွေကို ကျွန်မအနေနဲ့ သင်ခန်းစားယူပြီးတော့ ဖြည့်ပေးနိုင်ဖို့ကြိုးစားပါ့မယ်။ကျွန်မအနေနဲ့ပြည်သူများနဲ့ အမြဲတမ်းအဆက်အသွယ်လုပ်လို့ရအောင် ကျွန်မအမြဲတမ်း ဖွင့်ထားမယ်ခေါ်ရမ လား။ အမြဲတမ်း အဆင့်သင့်နေရမှာဖြစ်ပါတယ်။ ဖုန်းနဲ့ဖြစ်ဖြစ်၊ ဖက်စ်နဲ့ဖြစ်ဖြစ် ဘယ်လိုပဲဆက်သွယ်ဆက်သွယ် ပြည်သူနဲ့ဆက်သွယ်မှုလွယ်အောင် ကျွန်မကြိုးစားမယ်။ နောက်ပြီးတော့ တစ်နှစ်မှာတစ်ခါ အနည်းဆုံး Seminar လုပ်မယ်။