ရှမ်းနီပါတီနှင့် ရှမ်းနီလက်နက်ကိုင် ခွဲမမြင်သောကြောင့် မဲရလဒ်ပြောင်းလဲခဲ့ခြင်းဖြစ်ဟု TNDP ကိုယ်စားလှယ်လောင်းပြော

ရှမ်းနီပါတီနှင့် ရှမ်းနီလက်နက်ကိုင် ခွဲမမြင်သောကြောင့် မဲရလဒ်ပြောင်းလဲခဲ့ခြင်းဖြစ်ဟု TNDP ကိုယ်စားလှယ်လောင်းပြော

ပါတီတွင်း အားနည်းချက်တစ်ချို့အပြင် ရှမ်းနီပါတီနှင့် ရှမ်းနီလက်နက်ကိုင်ကို ခွဲမမြင်သောကြောင့် မဲရလဒ်ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့လွှတ်တော်လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရှမ်းနီ (တိုင်းလိုင်) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းသန့်စင်ဦး ကပြောသည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကိုယ်စားလှယ်လောင်းများသည် အောက်တိုဘာ ၁ ရက်အထိ ရေပန်းစားနေသော ကိုယ်စားလှယ်လောင်းများအဖြစ် ရပ်တည်ခဲ့သော်လည်း အောက်တိုဘာ ၂ရက်တွင် ရှမ်းနီလက်နက်ကိုင်အဖွဲ့ကဟု ယူဆရသူတစ်ချို့ဖမ်းမိကြောင်း သတင်းထွက်ခဲ့ရာ အကျိုးဆက်အဖြစ် မဲရလဒ်ပါပြောင်းလဲသွားသည်ဟု ဆိုသည်။

“ကိုယ်ပါတီရဲ့အားနည်းချက်တစ်ခုက ကိုယ်ပါတီကနေ ဒီမှာ ကျွန်တော်တို့ အမာခံပေါ့လေ။ လူအင်အားတွေ တည်ဆောက်ရမယ့်အင်အားတွေကျန်ခဲ့တယ်။ ဆိုတော့ ကျွန်တော်တို့ဘက်ကကလဲ အားနည်းချက်ရှိတယ်။ နောက်ပြီးတော့ တစ်ခုရှိတာက ရှမ်းနီလို့မြင်လိုက်တာနဲ့ လက်နတ်ကိုင်အဖွဲ့အစည်းတွေနဲ့ ရောထွေးပြီးမြင်ကြတယ်။ ပြီးတော့ ထိပ်လန့်နေတဲ့ဟာတွေလည်းရှိတာပေါ့။ တချို့ဆိုရင် အဲကြားထဲမှာမှ ရွေးကောက်ပွဲကာလကြားထဲမှာမှ သူတို့လက်နတ်ကိုင်တွေဖမ်းမိတယ်ဆိုတဲ့ဟာမျိုး သတင်းထုတ်ပြန်လိုက်တဲ့အခါကျတော့ ကျွန်တော်တို့က ဒီနိုင်ငံရေးပြရုပ်မှာကျတော့ အားနည်းသွားတာ ပေါ့။အားနည်းသွားတဲ့အခါကျတော့ ဒီဟာက ကျွန်တော်တို့ပါတီမှာ အရမ်းထိခိုက်တာပေါ့နော်” ဟုဦးစိုင်းသန့်စင်ဦးကပြောသည်။

ရွေးကောက်ပွဲမတိုင်ခင် ခြောက်ရက်အလိုခန့်တွင် ဗန်းမောက်မြို့နယ်၌ ရှမ်းနီလက်နက်ကိုင်အဖွဲ့က ဟုယူဆရသူတစ်ချို့ဖမ်းမိကြောင်း သတင်းထွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသတင်းကို အသုံးပြုပြီး ပြိုင်ဘက်ပါတီများမှ ရှမ်းနီကိုမဲပေးလျှင်လက်နက်ကိုင်ရမည်ဖြစ်ကြောင်း ရှမ်းနီတပ်မတော်မှ ဗန်းမောက်မြို့တွင် ဗုံးခွဲရန်စီစဉ်နေကြောင်း ဟောပြောစည်းရုံးမှုတွေပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“ရှမ်းနီဆိုတဲ့နာမည်ကတူနေကြတာကိုး နိုင်ငံရေးပါတီက နိုင်ငံရေးပါတီဖြစ်တယ်။ လက်နတ်ကိုင်အဖွဲ့အစည်းကလက်နတ်ကိုင်အဖွဲ့အစည်းသက်သက်ဖြစ်တယ်ဆိုတာကို ပြည်သူလူထုတွေရဲ့ အမြင်မှာ ထင်ထင်ရှားရှားကြီး မမြင်ဘူးပေါ့နော်။ ကိုယ်ဘက်ကလည်းပဲ ပြောဆိုမှုကနည်းနည်းအားနည်းကောင်း အားနည်းနိုင်တာပေါ့လေနော် ရှမ်းနီပါတီလို့ပြောလိုက်ရင် ရှမ်းနီကုမ္ပဏီကလဲအတူတူပဲ ရှမ်းနီတပ်မတော်လဲအတူတူပဲအဲလိုမျိုးမြင်ထားကြတာ တကယ်ဆိုရင်တော့ သူ့လိုင်းနဲ့သူသွားနေကြတယ်ဆိုတဲ့ဟာကို အသိအပေါ်မှာပဲမှုတည်တာပေါ့လေ။ အခုလဲ ဒီဗန်းမောက်ကိစ္စမှာလဲ အဲလိုပဲ ဖြစ်မှာပါ ရှမ်းနီပါတီနဲ့ SNA နဲ့ ပတ်သက်မှုတွေရှိနေတယ်ဆိုတဲ့အမြင်တွေရှိနေကြတာပေါ့လေ။ ဒီဟာကို ကျွန်တော်တို့က ပျက်ပျက်သားသားမြင်နိုင်ဖို့ ရှမ်းနီတွေရဲ့ နိုင်ငံရေးပါတီတွေရဲ့သွားနေတဲ့လမ်းကြောင်း က စာပွဲဝိုင်းမှာအဖြေရှာတဲ့လမ်းကြောင်းဖြစ်တယ်။ လက်နတ်ကိုင်အဖွဲ့အစည်းရဲ့ မျော်လင့်ချက်ပန်းတိုင်က လတ်နတ်နဲ့တိုက်ယူမှ ရမယ်ဆိုတဲ့အမြင်မျိုးပေါ့နော်။ ပန်းတိုင်တော့တူကောင်းတူနိုင်တယ်။ ဒါပေမယ့်သွားနေတဲ့ လမ်းကြောင်းမတူကြဘူးလေ” ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ဗဟိုအလုပ်အမှု ဆောင် ဦးစိုင်းကျော်ဌေးကပြောသည်။

ယင်းပါတီအနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းဒေသကြီး လွှတ်တော်စားလှယ်တစ်ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာတို့တွင် အနိုင်ရှှိခဲ့သော်လည်း ယခု ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း ၄၁ ဦး ၀င်ရောက်ယဉ်ပြိုင်ခဲ့ပြီး တစ်ဦးမှ ရွေးကောက်တင်မြှောက်ခြင်းမခံရကြောင်းနှင့် ဗန်းမောက်မြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တစ်ဦး အမျိုးသားလွတ်တော်မဲဆန္ဒနယ်နှစ်ဦးနှင့် ရှမ်းတိုင်းရင်းသားရေရာမဲဆန္ဒနယ်တို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...