အမ်းမြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ပြည်ခိုင်ဖြိုးပါတီ မဲအပြတ်သတ်ဖြင့်အနိုင်ရ

အမ်းမြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ပြည်ခိုင်ဖြိုးပါတီ မဲအပြတ်သတ်ဖြင့်အနိုင်ရ
by -
မင်းထွန်း (DMG)

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က အဓိကပြိုင်ဘက်ပါတီများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို မဲ၁၀၀၀ ကျော်၊ ရခိုင်အမျိုးသား ပါတီ (ANP) ကို မဲ ၄၀၀၀ ကျော်အသာဖြင့် အပြတ်သတ်အနိုင်ရရှိသွားကြောင့် အမ်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့မှ သိရသည်။

ပြည်သူ့လွှတ်တော်နေရာတွင် USDP မှ  ၆၅၂၇ မဲ၊အမျိုးသား လွှတ်တော်တွင် ၆၆၂၂ မဲ၊ ပြည်နယ်လွှတ်တော်မြဆန္ဒနယ် အမှတ်၁ တွင် ၆၀၅၄ မဲရရှိပြီး ပြိုင်ဘက်ပါတီများကို အပြတ်သတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်နေရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက  ၅၀၄၇မဲ၊  ANP  ၁၉၀၅ မဲ၊ ရခိုင့်ဦးဆောင် ပါတီ AFPက ၉၄၂ မဲ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD က ၇၅၉  မဲ အသီးသီးရရှိခဲ့ကြသည်။

အမျိုးသားလွှတ်တော်တွင်လည်း NLD ပါတီက  ၅၂၇၁မဲ ၊ ANP ပါတီက ၁၄၀၆) မဲ၊ AFP ပါတီက  ၁၁၀၄ မဲ၊ ALD ပါတီက ၉၉၃ မဲ အသီးသီးရရှိခဲ့သည်။

အလားတူ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁) တွင် NLD ပါတီက ၃၄၈၇ မဲ၊ ANP ပါတီက၁၀၇၀ မဲ၊ AFP ပါတီ က ၇၂၆ မဲ၊ ALD ပါတီက၁၀၄၇မဲ ၊တသီးပုဂ္ဂလနှစ်ဦးဖြစ်သည့် ဦးမြသန်းက ၂၂၄၄မဲ၊ ဦးမောင်မောင်လွင်က၈၆၄ မဲ ရရှိခဲ့ကြသည်။

“ ကျင်းပတဲ့နေရာတွေက ပြည်ခိုင်ဖြိုးကို ယုံကြည်တဲ့ရွာတွေဖြစ်နေတယ်။အရင် ရွေးကောက်ပွဲတွေမှာလည်း အဲဒီနေရာတွေ နိုင်ခဲ့တယ်။ပြည်ခိုင်ဖြိုးနဲ့ အဆက်အသွယ်အမြဲမပြတ်ရှိနေတဲ့ ရွာတွေဖြစ်လို့ ယုံကြည်ပြီး မဲ ပေးကြတာထင်တယ် ” ဟု ရခိုင်ပြည်နယ် (USDP) ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက သုံးသပ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အမ်းမြို့နယ်၌ ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော်တစ်နေရာနှင့် ပြည်နယ်လွှတ်တော်အမှတ်၁ တို့တွင် အနိုင်ရရှိခဲ့ပြီး ရခိုင်အမျိုးသားပါတီ(ANP) မှ အမျိုးသားလွှတ်တော် နေရာနှင့် ပြည်နယ်လွှတ်တော်အမှတ်၂ တို့ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ယခုဖော်ပြပါ ရွေးကောက်ပွဲရလဒ်များသည် သက်ဆိုင်ရာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့၏စာရင်းများဖြစ်ပြီး မဲရလဒ်အတိအကျကိုမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မထုတ်ပြန်သေးပေ။

အမ်းမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်သည့် ရပ်ကွက် လေးခုနှင့် ကျေးရွာအုပ်စု ရှစ်ခုတို့ရှိပြီး မဲရုံ စုစုပေါင်း ၂၆ ရုံနှင့် မဲဆန္ဒရှင်ဦးရေ ၂၂၉၄၅ ဦးရှိသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...