သံတောင်ကြီး ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၁ တွင် KPP အနိုင်ရ

သံတောင်ကြီး ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၁ တွင် KPP အနိုင်ရ
by -
စောထွန်းလင်း (KIC)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် -၁ တွင် ကရင်ပြည်သူ့ ပါတီ (KPP) ကိုယ်စားလှယ်လောင်း စောခရစ္စတိုဖာက အနိုင်ရရှိသွားကြောင်း သိရသည်။

“သံတောင်ကြီး၊ ပြည်နယ် အမှတ် -၁ မှာတော့ စောခရစ္စတိုဖာနိုင်သွားတယ်။ အတည်ပြုချက်တော့မရသေးပေမဲ့ ကနဦးရလဒ်တွေအရ သေချာသလောက်ဖြစ်သွားပြီး။ အခုမဲတွေတော့ ရေတွက်နေတုန်းဘဲလို့ သိရတယ်” ဟု ကရင်ပြည်သူ့ပါတီ ဒုတိယဥက္ကဌ စောစေးဝါးက ပြောသည်။

အလားတူ ကရင်ပြည်နယ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကလည်း သံတောင်ကြီး၊ ပြည်နယ် အမှတ်-၁ တွင် စောခရစ္စစတိုဖာ အနိုင်ရရန် သေချာသလောက်ဖြစ်သွားပြီဟု အတည်ပြုပြောကြားခဲ့သည်။

လက်ရှိ သံတောင်ကြီးတွင် မဲရေတွက်နေဆဲဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အမှတ်-၁ တို့တွင် NLD က အနိုင်ရရန် အလားလာကောင်းနေကြောင်း သံတောင်ကြီး သတင်းရင်းမြစ်များထံမှ သိရသည်။

ထို့အပြင် အမျိုးသားလွှတ်တော်တွင်မူ NLD နှင့် KPP အပြိုင်ဖြစ်နေပြီး မဲရေတွက်နေဆဲ ဖြစ်ကြောင်း သတင်းရရှိ သည်။

သံတောင်ကြီးတွင် ၂၀၁၀ ရွေးကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီကလေးနေရာစလုံး အနိုင်ရခဲ့ဖူးပြီး ထိုစဉ်က စောခရစ္စတိုဖာသည် ပြည်နယ်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရကာ ၂၀၁၅ တွင်မူ သံတောင်ကြီးတွင် ကရင်ပြည်သူ့ပါတီက ပြည်နယ်အမှတ်-၁ တွင်သာ အနိုင်ရခဲ့ပြီး ကျန်သုံးနေရာလုံး ရှုံးနိမ့်ခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...