တောင်ကြီးမြို့ရပ်ကွက်တစ်ခုတွင် မဲရုံပိတ်ရန်တစ်နာရီအလိုထိ မဲဆန္ဒရှင်တစ်ထောင်ကျော် လာပေးရန်ကျန်နေ

တောင်ကြီးမြို့ရပ်ကွက်တစ်ခုတွင် မဲရုံပိတ်ရန်တစ်နာရီအလိုထိ မဲဆန္ဒရှင်တစ်ထောင်ကျော် လာပေးရန်ကျန်နေ
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ရှမ်းပြည်နယ် တောင်ကြီးမြို့ သစ်တောရပ်ကွက်တွင် မဲရုံပိတ်ရန်တစ်နာရီအလိုထိ မဲဆန္ဒရှင်တစ်ထောင်ကျော် လာပေးရန်ကျန်နေသေးသဖြင့် ရပ်ကွက်အတွင်း ကားများဖြင့် လှည့်လည်ဆော်ဪနေရကြောင်းသိရသည်။

“မနက် ငါးနာရီကတည်းက ပြည်သူလူထုတွေက စိတ်ဝင်တစားနဲ့မဲပေးဖို့ မဲရုံမှာ လာစောင့်နေကြပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိ တစ်ထောင်ကျော်ကျန်နေတယ်” ဟု  ရပ်ကျေးကော်မရှင်အဖွဲ့ခွဲ မှ အ.ထ.က (၁) မဲရုံအတွင်းတာဝန်ရှိသူ ဦးနှင်းထွေးအောင် ကပြောသည်။

သစ်တောရပ်ကွက်မဲဆန္ဒရှင်စာရင်းအရ မဲပေးခွင့်ရှိသူလူဦးရေ ငါးထောင်ကျော်ရှိပြီး ကြိုတင်မဲနှစ်ထောင်ကျော်ပေးပြီးကာ ယနေ့မနက်ပိုင်းတွင် နှစ်ထောင်ကျော် မဲပေးပြီးဖြစ်ကြောင်းသိရသည်။

ညနေ ၄ နာရီမတိုင်ခင် ကျန်ရှိနေသည့် လူဦးရေ အရ ဆက်လက်မဲပေးနိုင်ရန် အချိန်လုံ လောက်ကြောင်းနှင့် ၄ နာရီထိုးပါက ဝန်းတံခါးကိုသာ ပိတ်ထားမည်ဖြစ်ပြီး မဲရုံထဲရှိ ပြည်သူများအနေနှင့် ဆက်လက် ဆန္ဒမဲပေးနိုင်မည်ဖြစ်ကြောင်း ဦးနှင်းထွေးအောင်က ကပြောသည်။

သစ်တောရပ်ကွက်အတွင်းရှိပြည်သူများအနေနှင့် အ.ထ.က (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် မဲရုံသုံးရုံထားရှိ၍ ဆန္ဒမဲပေးလျက်ရှိသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...