၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံတွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသား သုံးသောင်းကျော်ရှိသည့်အနက် ကချင်ပြည်နယ်မှ သုံးရာလေးဆယ်ပါဝင်ကြောင်း သိရသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၁ ရက်မှ စတင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ပြည်ပနိုင်ငံပေါင်း ၃၅ နိုင်ငံတွင် ကြိုတင်မဲပေးခြင်းကို ယခုလအတွင်း သတ်မှတ်ရက်အလိုက်ပြုလုပ်ရန် ပြင်ဆင်ထားကာ စင်ကာပူနိုင်ငံတွင် အစောဆုံးမဲရုံဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စင်ကာပူရောက် မြန်မာနိုင်ငံသားများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းကို စင်ကာပူဆိုင်ရာမြန်မာသံရုံးတွင် နံနက် ၉ နာရီမှစ၍ ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၁ ရက်၌ ကြိုတင်မဲပေးခွင့်ရှိသူဦးရေ ၈၀၀ ဦးခန့်ရှိရာ ရာနှုန်းပြည့်နီးပါး လာရောက်မဲပေးခဲ့ကြကြောင်းနှင့် ကိုဗစ်ရောဂါထိန်းချုပ်ရေးကာလဖြစ်သည့်အတွက် လူစုလူဝေးမဖြစ်စေရန်နှင့် ရောဂါကူးစက်မှုမရှိစေရန်အတွက် ကြိုတင်မဲပေးခြင်းကို အောက်တိုဘာ ၁၈ ရက်အထိ ခွင့်ပြုပေးထားကြောင်း သိရသည်။
ကြိုတင်ရက်ချိန်းထားတဲ့သူများအနေနဲ့ အကြောင်းကြောင်းကြောင့် ကိုယ်တိုင်သွားရောက်မဲပေးရန်ု ပျက်ကွက်ခဲ့သူများအနေဖြင့် မဲရုံဖွင့်သည့် တခြားရက်များတွင် ပြန်လည်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
စင်ကာပူနိုင်ငံတွင် ကြိုတင်မဲပေးရန်အတွက် လျောက်ထားခဲ့သူဦးရေ ၃၄၀၀၀ ဦးခန့်ရှိပြီး ၃၂၀၀၀ ဦးခန့် မဲပေးခွင့်ရရှိထားကြောင်း စင်ကာပူဆိုင်ရာမြန်မာသံရုံးက ထုတ်ပြန်ထားသည်။