နာဂအမျိုးသားပါတီ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ

နာဂအမျိုးသားပါတီ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ
by -
ခေါင်ညွယ် (KNG)

နာဂအမျိုးသားပါတီ (NNP) သည် နာဂလူမျိုးများဖြင့်ဖွဲ့စည်းခဲ့သည့် ပထမဆုံးပါတီဖြစ်ပြီး နာဂလူမျိုးများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးများအပြင် ငြိမ်းချမ်းရေးနှင့် တိုင်းပြည်အား ပင်လုံကဝတ်အတိုင်း ဖော်ဆော်သည့် လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍တည်ထောင်ထားသည့် ပါတီတစ်ခုဖြစ်သည်။

 

နာဂအမျိုးသားပါတီကို ၂၀၁၆ ခုနှစ်တွင် စတင်တည်ခဲ့ပြီး လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မဲဆန္ဒနယ် ၁ဝ နေရာ၊ ကချင်ပြည်နယ် တနိုင်း၊ ရှင်ဗွေယန်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး၊ ဟုမ္မလင်း စသည့်ဒေသများတွင် ငါးနေရာ စုစုပေါင်းမဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း ၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

 

ပါတီ ကိုယ်စားလှယ်လောင်း ၁၅ ဦးတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း တစ်ဦးပါဝင်ပြီး လက်ရှိ ကိုယ်စားလှယ်လောင်းများကို ရွေးကောက်ပွဲသတ်မှတ်ချက်နှင့် ကိုက်ညီသူ၊ အများပြည်သူများက လေးစားထိုက်သူ စသဖြင့် စံသတ်မှတ်ချက်အတိုင်း ရွေးထားခြင်းဖြစ်ပြီး ပညာအရည်အချင်း သတ်မှတ်ထားခြင်းမရှိကြောင်း သိရသည်။

 

ယင်းပါတီသည် ရွေးကောက်ပွဲဆောင်းပုဒ်အား ”ပြန်လည်တည်ဆောက်ကြပါစို့” ဟူ၍ ပေးထားပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်လျှင် ဒေသဖွံ့ဖြိုးရေး၊ အခြေခံ ဥပဒေဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပင်လုံကတိကဝတ်အတိုင်း တိုင်းပြည်ပုံဖော်သည့်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး နာဂအမျိုးသားပါတီမှ ဥက္ကဌဦးရူမောင်ကပြောသည်။

 

“အနိုင်ရသွားပြီဆိုရင် တိုင်းရင်းသားပါတီတွေဖြစ်တဲ့တွက် နှစ်ပိုင်းရှိမယ် လို့ထင်တယ်။ တစ်ပိုင်းကတော့ ကိုယ့်ရဲ့မဲဆန္ဒနယ်ရဲ့ နယ်မြေဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရှိမယ်။ အခြားတစ်ဖက်မှာလည်း တိုင်းရင်းသားပါတီတွေဖြစ်တဲ့တွက်ကြောင့်မို့ ပိုအရေးကြီးတဲ့ အပိုင်းတစ်ခု မြန်မာနိုင်ငံရဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်တစ်ခုမှာ အခြေခံဥပဒေရေးဆွဲတဲ့ခါမှာ အဖွဲ့စည်းတစ်ခုဘဲ ရေးဆွဲတာမျိုးမဟုတ်ဘဲ တိုင်းပြည်တစ်ခုလုံးရဲ့ အနာဂတ် ကံကြမ္မာကို လွှမ်းမိုးအကျိုးသက်ရောက်စေမယ့် အခြေခံဥပဒေပြင်ဆင်ရေးဆွဲတဲ့နေရာမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ (နိုင်ငံရေးပါတီကို်ယ်စားပြုမူပေါင်းစုံ) အတူတူရေးဆွဲမယ်။ ဒါကကျနော်တို့ရဲ့ မူဝါပိုင်းတွေ ပြောရရင်တော့ ဒီထက်ပိုရှည်ပါတယ် အချုပ်ဘဲပြောတာဖြစ်တယ်” ဟု နာဂအမျိုးသားပါတီ ဥက္ကဌ ဦးရူမောင်ကပြောသည်။

 

လက်ရှိချိန်ထိ နာဂအမျိုးသားပါတီသည် ပါတီအင်အား နှစ်သောင်းခန့်ရှိနေပြီဖြစ်ပြီး နာဂအမျိုးသားပါတီ၏ အားသာချက်သည် မျိုးနွယ်စုများအား အခြေခံကာ တည်ထောင်ထားသည့်ပါတီဖြစ်သည့်တွက် နာဂလူမျိုးများ၏ ထောက်ခံမူအပြည့်အဝ ရရှိထားသော်လည်း ၎င်းယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေများကို သွားရောက်မဲဆွယ်ရန်လမ်း ပန်းဆက်သွယ်ရေးခက်ခဲမှု၊ ဖုန်း၊ အင်တာနက်လိုင်း မရမှုတို့အပြင် ပြည်မနိုင်ငံရေးစီးဆင်းမှုပုံစံအား ထဲထဲဝင်ဝင်မသိသည့်အတွက် ၎င်းပါတီကို လူသိနည်းနေကာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အားနည်းမှု ဖြစ်နေသော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် အောင်နိုင်ရေးအတွက် ရာခိုင်နူန်းပြည့်မျှော်မှန်းထားပြီး ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဦးရူမောင်ကပြောသည်။

 

နာဂလူမျိုးများသည်ယခင်က နိုင်ငံရေးပါတီကို သီးခြားထူထောင်လေ့မရှိသော်လည်း NLD၊ USDP စသည့်ပါတီကြီးများအပြင် တခြားနိုင်ငံရေးပါတီများတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး လွှတ်တော်ထဲတွင်လည်း နာဂလူမျိုးကိုယ်စားလှယ်များရှိနေကြောင်းနှင့် ယခုအခါ အဆိုပါနာဂလူမျိုးတစ်ချို့သည် နာဂအမျိုးသားပါတီသို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...